အိပ်ခန်းထဲကိုပဲ ပြန်လာခဲ့ဖို့ပြောထားတာမို့ အထဲကိုဝင်ခဲ့လိုက်တော့

"ဟင်...ဘုန်းထက်က အရင်လို အနီရောင်မဝတ်ဘူးလား။ ဘာလို့အနက်ရောင်ကြီး ဝတ်ထားရတာလဲ။ ကိုကို က ဒီမှာ ဆင်တူဝတ်ဖို့တောင်ထုတ်ထားတာ။"

"အနက်ရောင်က မဝတ်ဖြစ်တာကြာနေပြီထင်လို့"

အခြေအနေကိုထိန်းဖို့ မရေမရာ စကားတစ်ခုကိုပဲပြောလိုက်မိသည်။

"ဟုတ်တယ်။ ဘုန်းထက်အရင်က အဲ့ဒီအရောင်သိပ်မဝတ်ဘူးလေ။ ရတယ် ကိုကိုလဲ အဲ့ဒီအရောင်လဲလိုက်မယ်။"

ကျွန်တော် အခုထိသူ့ကိုသေချာမကြည့်ဖြစ်သေးဘဲ ခုံမှာအရင်ဝင်ထိုင်လိုက်သည်။ ခုံမှာထိုင်ပြီး ရေကိုခွက်ထဲထည့်ဖို့လုပ်နေရင်းနဲ့ သူ့ဘက်ကိုကြည့်လိုက်တော့ ကျွန်တော်ရှိတဲ့ဘက်ကိုကျောပေးကာ ဗီရိုထဲက ဝတ်စုံကိုထုတ်နေသော သူ့ကိုတွေ့လိုက်ရလေသည်။

ကျွန်တော်ဝတ်တဲ့အောက်ခံအင်္ကျ ီတွေက မပါးပဲနဲ့ သူ့အင်္ကျ ီတွေက ဘာလို့အဲ့လောက်အထိပါးနေရတာလဲ ဆိုတာ စဉ်းစားလို့မရပေ။ ပါးလွှာနေသော အဖြူရောင် ပိတ်စနုနုရဲ့ အောက်က သူ့ရဲ့ ကိုယ်ခန္ဓာကို အတိုင်းသားမြင်နေရသည်။ ကျောဘက်မှာ နက်မှောင်နေသောဆံနွယ်တွေက ကပိုကရိုပြန်ကျနေကာ ဖြူဖွေးနေသော လက်မောင်းလေးတွေကိုလဲ မြင်နေရလေသည်။ အောက်ဖက်ကို ဆက်မကြည့်မိအောင် ကိုယ့်မျက်စိကိုယ်ထိန်းဖို့ကြိုးစားကြည့်ပေမဲ့ မလွန်ဆန်နိုင်စွာပဲ မျက်လုံးတွေက အောက်ကို ဆက်ရွေ့သွားကြလေသည်။

ဖောင်းဖောင်းလုံးလုံးလေးဖြစ်နေတဲ့ သူ့မက်မွန်သီးလေးကိုတွေ့တော့ ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ပဲ တံတွေးမျိုချလိုက်မိသည်။ ဆံနွယ်အဖျားလေးတွေက မက်မွန်သီးလေးပေါ်ဖေးတင်နေပုံက တကယ်ကိုပဲ လှပလွန်းနေလေသည်။ နောက်တော့ ပေါင်တံသွယ်သွယ်လေးတွေနဲ့ ခြေသလုံးသွယ်သွယ်လေးတွေ... နောက်ဆုံးမှာတော့ ပန်းရောင်သန်းနေသော ခြေဖနောင့်လေးတွေ။

'ဒါက ၃၅ နှစ်အရွယ် ယောကျာ်းလေးတဲ့လား။ တော်ပါပြီ။ မကြည့်ဘူး။ မင်းကြီးဆိုတဲ့တစ်ယောက်က သူ့အကိုနဲ့ အတင်းသဘောတူချင်နေတာ။ ငါ လွယ်လွယ်နဲ့တော့ အရှုံးပေးလို့မဖြစ်ဘူး။ ချောတာလှတာလေးမြင်တာနဲ့ ငါက ကြိုက်မိသွားမယ်ဆို သိက္ခာကျတာပေါ့။ မကြည့်တော့ဘူး။ မင်းအကို ကို ငါ ကြိုက်မှာမဟုတ်ဘူး။ စိတ်ချ။'

RestartWhere stories live. Discover now