PART 9(uni) ကြွေလွှင့်ခဲ့သောပွင့်ချပ်တစ်ချပ်

6.4K 693 3
                                    


"ဟန်ရိပ်...ဟန်ရိပ်ည မလား! "

မိန်းကလေးတစ်ယောက် အနာဂတ်ကဖြစ်သွားပြီဖြစ်တဲ့ ကျွန်တော့်နာမည်ကိုခေါ်နေတယ်။

သူမကိုကျွန်တော်မသိပါ။
သူမကတော့ ဟန်ရိပ်ညလို့ ခေါ်နေတယ်။
အတက်အကျလှည့်စားနေတဲ့ ကံကြမ္မာက မြန်ဆန်လွန်းလှတယ်။

"မင်း ငါ့ကိုဘယ်လိုလုပ်သိတာလဲ!!"

"အိုး...တကယ်နင်ပဲ! နင်အသက်ရှင်နေသေးတာပဲ ပြီးတော့... ပြီးတော့ ငါ့ရှေ့မှာငါနဲ့အတူရှိနေတယ်...အမလေး!! "

"မင်းဘယ်သူလဲ..."

"နင်...နင်ငါ့ကိုမမှတ်မိဘူးလား"

"ဘယ်သူ......"

"သေချာစဥ်းစားပါအုံး..."

"အာ...မှတ်မိပြီ! busကားပေါ်မှာတုန်းက ငါ့ဘေးမှာထိုင်တဲ့သူ ပြီးတော့ အသံကျယ်ကြီးနဲ့ ကားဆရာကို အော်လိုက်တဲ့တယောက် ဟုတ်တယ်မလား!"

ထပ်တွေ့ခွင့်ရဖို့ ကံကြမ္မာကဖန်တီးပေးလိုက်ပေမယ့် အမှန်တရားကတော့ သူ့အတွက် ကျွန်မက မမြင်နိုင်တဲ့သူတယောက်ပဲ...

"နင်ငါ့ကိုအဲ့ဒီလောက်ပဲသိတာလား ငါကနင်နဲ့နှစ်နှစ်လုံးအခန်းတူတူပဲလေ... ပြီးတော့ ငါတို့သူငယ်ချင်းတွေနဲ့ မုန့်သွားစားဖူးတယ်လေ"

"ဆောရီးပါ"

မမှတ်မိလို့ဆောရီးလို့ပြောခဲ့တာ ဒါနဲ့ဆိုတတိယကြိမ်မြောက်ပါ ဟန်ရိပ်ရယ်...

"ဒါနဲ့ နင်ဘယ်လိုလုပ်ရောက်လာတာလဲ ငါတို့ဘယ်လိုပြန်သွားရမလဲရောသိလား... ဟင်"

"ငါမသိဘူး... ငါလိုက်ရှာနေတာ အခုငါကနွေရွက်ခြွေဖြစ်နေပြီ ဒါနဲ့နင်ကဒီနေ့ပြန်လာမယ့် မမမိုးရဲ့မောင် တင်တင်မောင်လား!"

ရီကျယ်ကျယ်နဲ့မေးလိုက်တဲ့သူမအမေးကို ကျွန်တော်မဖြေချင်...

"ဒါနဲ့နင်ကရော"

"ငါက ဒီအိမ်ကတူမ မမမိုးကအဖော်အနေနဲ့ခေါ်ထားတာတဲ့ သူတို့ပြောတာပဲ"

"busကားပေါ်ကလူတွေအကုန်ရော... ပြီးတော့ နင်နဲ့ငါနဲ့ပဲလား ကျန်တဲ့သူတွေကော ဘယ်ရောက်ကုန်ကြပြီလဲ"

I'll Be There In 1945... [completed]Where stories live. Discover now