PART 1(unicode)🌻🌻

27.7K 1.6K 25
                                    

ဟန်ရိပ်ည
နောက်ထပ်ရောက်ရှိမယ့် မှတ်တိုင်ကတော့........ မှတ်တိုင်ဖြစ်ပါတယ်။

25.1.2019 Friday တခြားသူတွေလိုပါပဲ ကျွန်တော်လည်း သောကြာနေ့မှာ ရပ်နေရတာကိုကြိုက်တယ်။
မှတ်တိုင်ကြေညာတဲ့ Bus ကားတွေနဲ့ တိုးတဲ့နေ့က ကျွန်တော့်အတွက် စိတ်အနှောက်အယှက်နဲ့ စတင်ရတတ်တယ်။

မနက် 10:30
အရင်အတိုင်းပါပဲ....
ထိုင်နေကျအပေါ်ဆုံးအတန်း ဘယ်ဘက်ပြတင်းပေါက်အကျက ဒုတိယ‌မြောက်ခုံမှာထိုင်လိုက်တယ်။
ပုံမှန်ဖြစ်မနေတာက ဒီနေ့လူမကြပ်တာလောက်ပဲ။
ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ မှန်ပြတင်းပေါက်တွေက ကျွန်တော့်အတွက် အတွေးနယ်တွေ ဖြစ်ခဲ့တယ်။
ရွေ့လျားနေတဲ့ ပုံရိပ်တွေက အချိန်တွေနောက်ကိုလိုက်ပြီး ပြောင်းလဲနေကြတယ်။
အဲဒီထဲမှာ တချို့က ပြုံးနေကြတယ် တချို့က အလုပ်တွေရှုပ်နေကြတယ် တချို့ကတော့ ပျင်းစရာကောင်းနေပုံပဲ
တကယ်ပဲ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် လက်ခံရတာတွေမတူကြဘူးပဲ...
ဒီနေ့တော့ ကျွန်တော်အကြည့်လွှဲခဲ့တယ်။
သူတို့ကတော့ အမျိုးမျိုးပြောင်းလဲနေပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်မဝင်စားတော့ဘူး။

'ထပ်တလဲလဲဖြစ်နေတဲ့ အရာတွေက ဘယ်အကြိမ်မြောက်မှာ ငြီးငွေ့ခြင်းကို လက်ခံလိုက်ရတာလဲ... ကျွန်တော်တို့ မသိလိုက်တဲ့ အကြိမ်မြောက်မှာပဲ ငြီးငွေ့ခြင်းတွေ စတင်သွားခဲ့တယ်။'

မနေ့က ညနက်တဲ့ထိ ကျွန်တော်မအိပ်ခဲ့ဘူး။အဲဒီရဲ့ နှိပ်စက်ခြင်းဒဏ်တွေက မနက်ခင်းလေးမှာ စတင်တတ်တယ်။ အနှောက်အယှက်ဖြစ်နေတဲ့ မှတ်တိုင်ကြေညာသံက လေးလံနေတဲ့ မျက်ခွံတွေကို မိနစ်ခြားတခါစီ အပေါ်က ဖိထိုင်နေသလိုပဲ...
မနေ့က ကျွန်တော်အနိုင်ရခဲ့တယ်။ သတ်ရမယ့်ဟာတွေကို ဘာခံစားချက်မှမရှိဘဲ သတ်ပစ်လိုက်တယ်။ ဒါက ကျွန်တော့်ရဲ့ အောင်မြင်မှုပဲ တချို့က နှစ်သက်ကြတယ် တချို့ကတော့ ကြိုက်မှာမဟုတ်ဘူး။
ဒါတွေကပဲ ကျွန်တော့်ဘ၀လိုဖြစ်လာခဲ့တယ်။
"ဂိမ်းထဲမှာ ရှင်သန်ရင်းနဲ့ပေါ့..."

ကျွန်တော့်အချိန်တွေ အများကြီးအတွက် လုပ်ပေးနိုင်တာ ဒီတစ်ခုပဲရှိတယ်လို့ ထင်တယ်။
ကျန်တာတွေက ငယ်ငယ်ထဲက ရိုးအီနေအောင် လုပ်လာခဲ့တာတွေပဲလေ ဘာလုပ်စရာကျန်သေးလောက်မလဲ။
သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတွေ အချိန်ကြာလာတာနဲ့အမျှ တယောက်နဲ့တယောက်စိတ်ပျက်လာစေတဲ့ ရည်းစားထားတာတွေ စိတ်၀င်စားဖို့မကောင်းတဲ့ သင်ခန်းစာတွေ အနာဂတ်အတွက် တခြားသူတွေက သတ်မှတ်ပေးထားပြီးသားဖြစ်တဲ့ ရည်မှန်းချက်တွေ...
လုပ်သင့်တာတွေဆိုတဲ့ ကြိုးတွေနဲ့ ကျွန်တော့်ကို ဆွဲခေါ်နေကြတယ်။
"အသက်သာဆုံးနည်းလမ်းကတော့ လိုက်ပါစီးမျောြခင်းပါပဲ"

I'll Be There In 1945... [completed]Where stories live. Discover now