PART 2(unicode)

15K 1.2K 9
                                    


လေပြေတွေသာ ကြမ်းခဲ့မယ်ဆိုရင် ကျွန်တော့်ဆီ ကြွေကျလာနိုင်လား miracle...

လူတစ်ယောက်က ကျွန်တော့်ကို ခေါ်နေတယ်။ ပြတ်သားတဲ့လေသံတွေ ပြီးတော့ သူက ကျွန်တော့်နောက်ကျောကို ‌ခြေထောက်နဲ့ကန်လိုက်တယ်။
"ရဲဘော် အခုထ!"

‌ခပ်ကြဲကြဲလှမ်းနေတဲ့ ခြေလှမ်းတွေ ညီးညူသံတွေ လေးလံနေတဲ့ မျက်ခွံအစုံကတော့ ဖွင့်ဖို့အားယူနေဆဲ...
ကျွန်တော့်ခန္ဓာကိုယ်ကတော့ အမိန့်တစ်ခုရဲ့အောက်မှာ ကျွန်တော်မဟုတ်သလိုပဲ ထရပ်လိုက်တယ်။
အဲဒီအချိန်မှာ သိလိုက်ရတဲ့အသိတစ်ခုက အရာအားလုံး... ကျွန်တော်ရှင်သန်ရာ နံရံပေါ်က ပိတ်ကားတွေ အရာအားလုံး... ပြောင်းလဲသွားခဲ့ပြီ။
အိပ်မက်လို့ယူဆချင်ပေမယ့် ထိတွေ့လို့ရနေတဲ့အရာဝတ္တုတွေ... ကျွန်တော်သိတာဆိုလို့ ကောင်းကင်ပြာကြီးပဲရှိတယ်။
ကျွန်တော် ဘယ်ရောက်နေတာလဲ....???

ခဏတာငြိမ်သက်ပြီးတဲ့နောက် လူတွေက ကျွန်တော့်ကို စကားပြောလာကြတယ်။

"ဟေ့ကောင်! မင်းဘာဖြစ်နေတာလဲ"

"ဒီတစ်ခေါက်ငါတို့ပြန်ဆုံထဲက မင်းနဲ့မတူသလိုပဲ အဖွဲ့ဖျက်ခံလိုက်ရကတည်းက မင်းအကြောင်းလည်း ဘာမှမကြားမိဘူး ငါကမင်းများ မိန်းမယူပြီး ရန်ကုန်မှာ သာယာနေပြီထင်တာ ဟား ဟား"
ရုတ်တရတ် ကျွန်တော့်ပုခုံးကိုဖက်ပြီး ပြောနေတဲ့ သူတစ်ယောက်...
အသားညိုညိုခပ်ဝဝနဲ့ ကျွန်တော်နဲ့တူတဲ့ စစ်ဝတ်စုံကိုဝတ်ထားတယ်။

"မင်းကြောင်တောင်တောင်လုပ်မနေနဲ့ ဒါအရေးကြီးတဲ့အချိန်ကိုရောက်နေပြီ" ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ရုပ်‌ဖြောင့်ဖြောင့်နဲ့သူက သေနပ်တွေကိုစစ်ရင်း ကျွန်တော့်ကိုကြည့်ပြီးပြောနေတယ်။

သူတို့က ကျွန်တော့်ကို သိတဲ့ပုံ... ကျွန်တော့်အတွက်တော့ ‌မြေပြင်ပေါ်က အမှုန်အမွှားလေးတွေကအစ အခုမှထိတွေ့ဖူးတဲ့ အသစ်အသစ်တွေလို....
ကျွန်တော် ကတုတ်ကျင်းနဲ့ တူတဲ့မြောင်းထဲကနေ မတ်တပ်ထရပ်လိုက်တယ်။
မိုးကောင်းကင်ရဲ့ တိုက်ရိုက်အောက်မှာရှိနေတဲ့ ဖရိုဖရဲတည်ဆောက်ထားတဲ့ မြေသားအစိုင်အခဲတွေ...
တောင်တန်းတွေလား သစ်ပင်တွေလားမသဲမကွဲမြင်နေရတဲ့ မိုးကုတ်စက်ဝိုင်းအနားသတ်...
မျက်နှာတွေအားလုံးကိုလိုက်ကြည့်ပေမယ့် မမှတ်မိနိုင်တဲ့ သူစိမ်းတွေ...
သူတို့ကြားက ကျွန်တော်... ပြီးတော့ ခေါင်းပေါ်ကနေ စီးကျလာတဲ့ သွေးစက်တွေ...

"ဟေ့ မင်းဘယ်တုန်းက ထိသွားတာလဲ" ခပ်ဝဝနဲ့လူက ကျွန်တော့်ကိုစိုက်ကြည့်ပြီးမေးတယ်။

"ကျွန်တော်ဘယ်ရောက်နေတာလဲ ဒါ ဒါ ဘယ်အချိန်လဲ အာ... မဟုတ်ဘူး ဒါဘယ်နှစ်ခုနှစ်လဲ..."

"ဟမ်... ၁၉၄၅"

"ဗျာ!!"

ဒီလိုနဲ့ ကျွန်တော်ဟာ ၁၉၄၅ က အချိန်တွေကို စတင်ခဲ့တယ်။
.
.

ဆေးတပ်သားတစ်ယောက်က ကျွန်တော့်ဒဏ်ရာကို ကြည့်ပေးနေတယ်။
"မင်းက မနေ့ကရောက်တဲ့ အဖွဲ့ထဲကမှတ်လား... လမ်းမှာဂျပန်တွေနဲ့ တွေ့လာလို့လား"
သူ့အမေးအတွက် ကျွန်တော့်မှာအဖြေမရှိ။ သူမေးတဲ့အချိန်တွေဟာ ကျွန်တော့်ရဲ့ဘဝတွေထဲ ဘယ်တုန်းကမှဖြစ်ပျက်ခဲ့ခြင်းမရှိ။

အခု ကျွန်တော့်ဘေးမှာတော့ သွေးတွေဖုံးနေတဲ့ ညိုညစ်ညစ်ပတ်တီးစတွေနဲ့ စစ်သားတွေ...
"ဒီမှာတိုက်ပွဲဖြစ်နေတာလား..." ပတ်တီးစီးပေးနေတဲ့ စစ်သားကိုမေးလိုက်တယ်။

"တိုက်ပွဲက မစသေးဘူးလေ သူတို့က လမ်းမှာလာရင်း မိုင်းထိသွားတာ"
တော်သေးတာပေါ့ ကျွ်တော့်အတွက် အချိန်ရှိသေးလို့... လွန်ခဲ့တဲ့ညက အိပ်မရလို့ကြည့်ခဲ့တဲ့ ကိုရီးယားစစ်ကားတွေထဲကလို အပြင်မှာ လက်တွေ့ခံစားရလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။ အိပ်နေရင်း ဂိမ်းထဲရောက်သွားတယ်ဆိုရင်တောင် ဖြစ်နိုင်အုံးမယ်။ အခုတော့ ၁၉၄၅ တဲ့လား.... ဘယ်လိုလွဲမှားမှုကြီးလဲ။
ကျွန်တော်တချက်ရယ်လိုက်မိတယ်။
ဘေးမှာလဲနေတဲ့ သူတွေကို မစာမနာနဲ့ မေ့လျော့စွာ ကျွန်တော့်အဖြစ်ကိုတွေးရင်း... ရယ်သံတွေကတော့ နက်ခဲ့ပါတယ်။

အပေါ်က နေလုံးကြီးကလည်း မျက်လွှာချထားဖို့ ဆက်တိုက်အမိန့်ပေးနေတယ်။
သူ့ကိုပဲ အရွှဲ့တိုက်စွာ မော့ကြည့်မိတော့တယ်။ မျက်လုံးတွေ ပျာမသွားခင်မှာပဲ တယောက်ယောက်ဝင်လာပြန်တယ်။
ပထမဆုံးတွေ့ခဲ့တဲ့ သူစိမ်း ကျွန်တော့်ကို ခြေထောက်နဲ့ကန်ပြီးနိုးသွားတဲ့ စစ်သား...
"ရဲဘော် မင်းကို ဗိုလ်ကြီးခေါ်နေတယ်။ အခု ငါနဲ့ လိုက်ခဲ့"

I'll Be There In 1945... [completed]Where stories live. Discover now