6.5

11.1K 1.5K 15
                                    

ဘုရင်ကြီးက အမတ်တွေအားလုံးကို ခန်းမထဲခေါ်ပြီး Orede က သူ့တာဝန်တွေ ဆက်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေငြာသည်။

အမတ်တွေက အတွေးကိုယ်စီရှိနေပြီး အမူအရာတွေက အမျိုးမျိုးဖြစ်နေသည်။ ဒုတိယမင်းသားနဲ့ ဆက်နွယ်နေတဲ့သူတွေရဲ့ စိတ်ထဲမှာတော့ ဘုရင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို သိပ်မကျေနပ်ကြပေ။ ဒါပေမဲ့ တိုင်းပြည်ရဲ့ စည်းကမ်းအရ ထီးနန်းကို သားအကြီးကသာ ဆက်ခံရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။ ပထမမင်းသားသေသွားရင်ဖြစ်ဖြစ် မဖြစ်မနေ အခြေအနေမျိုးနဲ့ ရင်ဆိုင့ရမှသာ ဒုတိယမင်းသားက ထီးနန်းဆက်ခံခွင့်ရှိသည်။ အခု မင်းသားကြီးက ပုံမှန်ပြန်ဖြစ်သွားတော့ ဘုရင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဖို့ ဘာနည်းလမ်းမှ မရှိပေ။

ဒုတိယမင်းသား Louis က ခေါင်းငုံ့ထားပြီး မျက်လုံးက ဒေါသတွေ မကျေနပ်မှုတွေ ပြည့်နေသည်။

အမတ်တွေရော ဒုတိယမင်းသားကရော ဘာမှမပြောတာကြောင့် Carnia က ရှေ့ထွက်ပြီး ပြောသည်။ '' အရှင်မင်းကြီး မင်းသားကြီးဆီမှာရှိတဲ့ နတ်ဆိုးမှော်တွေက လွန်ခဲ့တဲ့ ၅နှစ်တုန်းက မပပျောက်သွားပါဘူး။ အခုတော့ ရုတ်တရက် ပျောက်သွားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခု ရှိကမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။''

ဘုရင်ကြီးရဲ့ မျက်လုံးက မှေးဆင်းသွားပြီး '' မောင်မင်းက ဘယ်လိုထူးဆန်းတယ်လို့ ထင်သလဲ။''

" မင်းသားကြီးက နတ်ဆိုးပုလဲကြောင့် ဒဏ်ရာရခဲ့ပါတယ်။ နတ်ဆိုးပုလဲဆိုတာ နှစ်၂၀၀၀ ကြာမှ တစ်ခါသာ ဖြစ်ပေါ်ပြီး နတ်ဆိုးစွမ်းအင် အင်မတန်သိပ်သည်းပါတယ်။ လူ့ခန္ဓာကိုယ်ထဲဝင်ပြီးရင် ပျောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။'' Carnia က သေချာပေါက်ပြောသည်။

" မင်းကြည့်ရတာ ဒါနဲ့ပတ်သက်ပြီး တော်တော်နားလည်တဲ့ ပုံပဲ။'' Orede က ပြောသည်။

Carnia က အလေးအနက် ထပ်ပြောသည်။ '' အရင်တုန်းက မင်းသားကြီးဆီမှာရှိတဲ့ နတ်ဆိုးမှော်ကို သန့်စင်ဖို့ ကူညီပေးမလို့ လုပ်တော့ နတ်ဆိုးပုလဲနဲ့ ပတ်သက်ပြီး တော်တော်များများ လေ့လာမိပါတယ်။ ဒါပေမဲ့ ကံဆိုးတာက ကျွန်တော်ကိုယ်တိုင်တောင် နတ်ဆိုးပုလဲကို မဖြေရှင်းနိုင်ပါဘူး။ ဒီကနေအမတ်တွေအားလုံး ကျွန်တော့်အလင်းစွမ်းအင် ဘယ်လောက်တောင် သန်မာလဲဆိုတာ သိပါတယ်။ ဒါဆိုဘာလို့ မင်းသားကြီးက ရုတ်တရက် ပြန်ကောင်းလာတာလဲ။''

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now