4.2

12.6K 1.7K 44
                                    

နေ့လည်​ခင်းမှာ အ​စေခံတစ်​​ယောက်​က ​နေ့လယ်​စာစားဖို့အတွက်​ Jing yang ကို လာ​ခေါ်သည်​။

Jing yang ထမင်းစားခန်းထဲဝင်​လာ​တော့ အားလုံးက စားနှင့်​​နေကြပြီ။ ဒါပုံမှန်​လို ဖြစ်​​နေပြီ။ ဘယ်​သူမှသူ့ကို မ​စောင့်​ကြဘူး။ သူလာတာကိုလဲ ဘယ်​သူမှ မနှုတ်​ဆတ်​ကြဘူး။

" Corrica သား စန္ဒယား​လေ့ကျင့်​ရတာ ​ပင်​ပန်းမှာပဲနော်​။" Faith ရဲ့ အ​မေ Susan က ဂရုတစိုက်​နဲ့​ပြောသည်​။ " သားစားချင်​တဲ့ ဟင်း​တွေကို ပူပူ​နွေး​နွေးစားဖို့အတွက်​ အ​စေခံ​တွေကို ပြင်​ခိုင်းလိုက်​​နော်​။ ကိုယ့်​ခန္ဓာကိုယ်​လည်း ဂရုစိုက်​​ဦး။"

" ​ကျေးဇူးပါ ​မေ​မေ။" Corrica က ပြုံးသည်​။

" Cherty ဂီတသင်​တန်း​ကျောင်း ဝင်​ခွင့်​စာ​မေးပွဲက မကြာခင်​စ​တော့မယ်​​လေ။ ကျွန်​​တော်​သာ ဝင်​ခွင့်​ရရင်​ ကျွန်​​တော်​ ​လေ့ကျင့်​ခဲ့ရသမျှ​တွေက တန်​ပါတယ်​။"

Faith က Corrica ကို ကြည့်​ပြီး " မင်းက Gardena စန္ဒယားပြိုင်​ပွဲရဲ့ ချန်​ပီယံဆို​တော့ အကုန်​အဆင်​​ပြေသွားမှာပါ။"

Corrica က Faith ကို နူးညံ့တဲ့ အပြုံး​လေးနဲ့ ကြည့်​သည်​။

" ဟုတ်​တယ်​။ အရင်​ချန်​ပီယံ​ဟောင်းက ဝင့်​ခွင့်​ကို ​အေး​အေး​ဆေး​ဆေး ​အောင်​သွား​တယ်​​လေ။ သားလည်း ​သေချာ​ပေါက်​ ဝင်​ခွင့်​​အောင်​မှာပါ။" Susan က​ပြောသည်​။

Faith ရဲ့ အ​ဖေ Kurt က ဆက်​​ပြောသည်​။ " Corrica ရဲ့ စာ​မေးပွဲပြီးရင်​ သူ့အတွက်​ ဂုဏ်​ပြုပွဲ ကျင်းပရ​အောင်​။"

Susan က " ကျွန်​မလည်း ​တွေး​နေတာ။"

Corrica က ဘာမှဝင်​မ​ပြောပဲ ပြုံးပြီး နား​ထောင်​​နေပြီး jing yang ကို ကြည့်​လိုက်​​တော့ လျစ်​လျူရှုထားသလိုဖြစ်​​နေတာ​ကြောင့်​ စကား​ပြောလိုက်​သည်​။ " Avi ငါတို့၂​ယောက်​လုံးကြိုးစားပြီး ဝင်​ခွင့်​ဝင်​​အောင်​ လုပ်​ရ​အောင်​။"

" ဟုတ်​သားပဲ Avi လည်း စာ​မေးပွဲဝင်​​ဖြေရမှာပဲ။ သား ကြိုးစား​နော်​။" Susan က အား​ပေးတဲ့ စကားနည်းနည်းဝင်​​ပြောပြီး ဘာမှ ဆက်​မ​ပြော​တော့​ပေ။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now