မိန်းမသားဖြစ်သော်လည်း ယောက်ျားသားတွေ
ဖြင့် ရင်ဘောင်တန်းပြီး စီးပွားရေးနယ်ပယ်တွင်
နာမည်ကြီးသော အမျိုးသမီးစီးပွားရေးရှင်တစ်
ယောက်ဖြစ်သည့်အပြင် ။ သားဖြစ်သူကို လမ်း
မှားမရောက်အောင် အချိန်ပေးပြီး သွန်သင်ဆုံး
မပေးနိုင်သည်မှာ စံတင်လောက်သည် ။

" မမယွန်း စိတ်မရှိရင် ညီမလေးဘက်က မမ
ယွန်းကို အကူအညီလေး တစ်ခုလောက် ပြန်
တောင်းဆိုလို့ရနိုင်မလား မသိဘူး "

" ရတာပေါ့ ပြောလေ ညီမလေးရယ် ဘာများလဲ ?
မမကူညီပေးနိုင်မယ့်အရာဆို မမ ကျိန်းသေ ပြန်
ကူညီပါ့မယ် "

" ညီမလေးမမယွန်းကိုတောင်းမယ့်အကူအညီက
လည်း မမယွန်း ကူညီပေးနိုင်မယ့်အရာပါပဲ တခြား
တော့မဟုတ်ပါဘူး ညီမလေးရဲ့ သားလေး ဟူးဟူး
လေးနဲ့ မမယွန်းရဲ့သား .. သားချန်းယောလ်တို့ကို
နေရာချထားပေးချင်လို့ပါ ညီမလေးဘက်က မမ
ကို အခုလိုမျိုး အကူအညီတောင်းရတာ ရှက်ဖို့
ကောင်းမှန်းသိပေမယ့် ... ညီမလေးလည်း မျက်
လုံးမမှိတ်ခင် အချိန်လေးမှာ သားလေးအတွက်ကို
စိတ်ချသွားချင်လို့ပါ "

" မျက်လုံးမမှိတ်ခင် ! .. ညီမလေး ! "

ကျန်းမာသော လူကောင်းတစ်ယောက်အသွင်ရှိ
သောဗြောင်မင်ရီအပြောကြောင့် ပတ်ယွန်းအာ
တစ်ယောက် ရုတ်တရက်ကြီး တအံ့တသြဖြစ်
သွားခဲ့ရသည် ။

" ဆရာဝန်က ညီမလေးကိုပြောတယ် မမယွန်း
အသည်းကင်ဆာ နောက်ဆုံး အဆင့်ကိုရောက်
တာ တစ်ပတ်ရှိသွားပြီတဲ့ .. အလုပ်တွေကြားထဲ
အချိန်ကုန်နေမိပြီး ကိုယ့်ကျန်းမာရေးကိုတောင်
ဂရုမစိုက်နိုင်မိခဲ့တဲ့ အကျိုးကျေးဇူးတွေပဲ ပြောရ
မလား ညီမလေး ညီမလေး တကယ်ပဲသားလေး
ကို စိတ်ချလက်ချထားသွားချင်တယ် မမယွန်း "

မျက်ရည်တွေဖြင့် ပြောနေသော ဗြောင်မင်ရီ၏
စကားအဆုံး သူမတကယ်ပင်စိတ်မကောင်းဖြစ်
မိသည် ။

" အိုကွယ် .. ညီမလေးရယ် ဖြစ်မှဖြစ်ရလေကွယ်
သားဟူးဟူးလေးအတွက် ဘာမှစိတ်မပူနဲ့ညီမလေး
မမဘက်က ညီမလေးတောင်းဆိုတဲ့ အကူအညီကို
ဘာမှကန့်ကွက်စရာ မရှိပါဘူး ညီမလေး စိတ်သာချ
မမ သားဟူးဟူးလေးနဲ့ သားကြီးကိုနေရာချပေးဖို့အ
တွက်အမြန်ဆုံး စီစဉ်ပေးမယ် "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now