".......မင်း............ ပြီးပြီလား"

!!!!!!!!

သူအခုဘာပြောလိုက်မိတာပါလိမ့်။

မင်းပြီးပြီလား?

ကိုယ့်ပါးစပ်ကိုယ် မယုံနိုင်စွာပင် လက်နှင့်ပြန်အုပ်လိုက်မိသည်အထိ။ ခေါင်းထဲ၌အချိန်အတော်ကြာ စဥ်းစားနေမိသော အတွေးတစ်ချို့ကြောင့် ပါးစပ်မှလွှတ်ခနဲ ထွက်သွားသည်မှာ ကိုယ့်ဘာကိုယ်ပင် ပြန်တား၍မမှီလိုက်။

"ဘာပြီးတာလဲ hyung... ကျွန်တော်နားမလည်ဘူး"

chanyeol သည်ကား အလွန်ရိုးသားကာ မည်သည်ကိုမှ မသိသော ကလေးလေးတစ်ယောက် လေသံနှယ်။ baekhyun နှုတ်ခမ်းခြောက်သည်ခံစားရ၍ လျှာဖြင့်တစ်ချက်သပ်ကာ ပြန်ဖြေရန် အားယူ၍ ပါးစပ်ဟလိုက်သော်ငြား chanyeolက ဦးသွားသည်။

"hyungက တစ်ပတ်လုံး ကျွန်တော့်ကိုပစ်ထားပြီးမှ အခုကျ ထူးထူးခြားခြား ဖုန်းစခေါ်လို့ အပျော်လွန်ပြီး ကောက်ကိုင်လိုက်ရတာ..... hyungကတော့ ကိုင်ပြီးချင်းချင်း ဖုန်းကိုဆတ်ကနဲ ချပစ်တော့..."

"....."

ထိုကဲ့သို့ဖြစ်သွားသည်လား။ baekhyun ယခုမှသတိထားမိခြင်း။ ဤအကြိမ်သည် baekhyun ဘက်မှ ပထမဦးစွာ ဖုန်းစဆက်ခြင်းပင် ဖြစ်နေခဲ့သည်။ ဤသည်ကို chanyeol မှတ်ထားသည်ဆိုသည်ကို baekhyun အံ့ဩမိသလို ပျော်ရွှင် ကျေနပ်မှု အနည်းငယ်ကလည် ရင်ထဲသိမ့်ကနဲ ဝင်လာသယောင် ခံစားလိုက်ရသည်။

"မဟုတ်ပါဘူး....... ငါက....... မင်း....အလုပ်ရှုပ်နေတာထင်လို့"

ရယ်ကျဲကျဲနှင့် စကားလမ်းကြောင်းလွှဲကာ သူမသိလိုက် မသိဘာသာ ချမိတာဖြစ်ကြောင်း ရှင်းပြမိသည်။ တစ်ခုမှ သူမသိလိုက် နားမလည်လိုက်ဘဲ ချမိလိုက်သည့်အထာမျိုး။ chanyeol ရှက်မည်စိုး၍ မသိချင်ယောင် ဆောင်လိုက်ခြင်းလဲပါသည်။

"မရှုပ်ပါဘူး... မရှုပ်ဘူး.. ဒိုက်ထိုးနေတာ... hyung ဆီက ဖုန်းဝင်လာတာတွေ့လို့ လက်ချော်ပြီး ပြုတ်ကျသွားရုံလေးဘဲ.. မနာပါဘူး..ဟဲ.. ဘာလို့မှန်းမသိ ပိုတောင်ပျော်သေးတယ်"

"......!!!"

ဒိုက်ထိုးနေတာ...?

ဤတစ်ကြိမ်တွင်လည်း ပြောစရာစကား ထပ်မံပျောက်ရှသည်က baekhyunသာ။ ဒိုက်ထိုးနေသည် ဟူသော စကားစုအား နားနှင့်ဆက်ဆက်ကြားလိုက်သည့်အခါမှသာ baekhyun၏ မှောင်မိုက်နေသော စိတ်အစုံသည် ရုတ်တရက် ဓာတ်မီးထိုးခံလိုက်ရသကဲ့သို့ အလင်းရသွားတော့သည်။

H Y U N GWhere stories live. Discover now