Jing yang က Carnia ကို အေးစက်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်သည်။

" မင်း တစ်နေကုန်အိပ်နေပြီး အပြင်မထွက်ဘူးကြားလို့ လာကြည့်တာ။ တကယ်မှန်နေတာကိုး။'' Carniaု jing yang ကို မတူမတန်သလို ကြည့်ကာပြောသည်။

" အဲ့တာမင်းနဲ့ ဆိုင်လို့လား။ အခုလာတာ ဘာကိစ္စလဲ။'' jing yang က ပြောသည်။

Carnia က ပြုံးသည်။ '' မင်းက အကြာကြီး အသက်မရှင်ရတော့ဘူးဆိုတော့ ငါက သနားလို့ မင်းကို အပြင်ခဏအလည်ခေါ်ရင်ကောင်းမလားလို့။ မင်းလည်း မြို့တော်ကို ပြန်မရောက်တာ ၅နှစ်တောင် ကြာပြီဆိုတော့ မြို့တော်မှာ ဘာတွေပြောင်းလဲဆိုတာ သိရတာပေါ့။''

" စိတ်မဝင်စားဘူး။ မင်းဘာသာ သွား။''

" မင်းက မြို့တော်မှာ မနေတာကြာပြီဆိုတော့ သိမှာ မဟုတ်ပါဘူး။ အခုမြို့တော်မှာ ငါ့ကို မလေးစားတဲ့သူ မရှိဘူး။'' Carnia က ဂုဏ်မောက်စွာပြောသည်။

Jing yang က Carnia ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူလိုက်လိုက် မလိုက်လိုက် သူကိုယ်တိုင် ဆုံးဖြတ်လို့မရပေ၊၊ jing yang က သူ Carnia နဲ့ ရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူးဆိုတာ သိတာကြောင့် မြို့ထဲကို လိုက်ဖို့ သဘောတူလိုက်သည်။

မြင်းလှည်းပ ဘုရားကျောင်းရဲ့ မြောက်ဘက် အပေါက်ကနေ ထွက်ခဲ့သည်။ သူတို့တွေ မြို့တော်ရဲ့ လူအရှုပ်ဆုံး လမ်းမပေါ်ရောက်လာပြီး jing yang နဲ့ Carnia က မြင်းလှည်းပေါ်က ဆင်းပြီး လမ်းလျှောက်သည်။

လူတွေက Carnia လည်း တွေ့ရော ရပ်ပြီး အရိုအသေပြုကြသည်။ ဒီလိုမျိုး အရိုအသေပေးမှုက ဘုရင်တွေ မင်းသားတွေသာ ခံရသည်။ အရင် Sylvie ရဲ့ အဖိုးလည်း ဒီလိုမျိုး အရိုအသေပြုခံရပေမယ့် Carnia အလှည့်လည်းကြတော့ ပြောင်းလဲသွားသည်။

ဘုရင်၊ မင်းသားနဲ့ Sylvie ရဲ့အဖိုးက Carnia လို လမ်းမပေါ် တမင်သက်သက်လာပြီး လူတွေ အရိုအသေပြုတာကိုခံပြီး စိတ်ကျေနပ်မှု မခံပေ။

Carnia က မျက်နှာပေါ်မှာ အပြုံလေးတစ်ပွင့် ချိတ်ဆွဲထားပြီး နွေးထွေးတဲ့မျက်လုံးတွေနဲ့ လူအုပ်ကို ကြည့်နေသည်။ သူ့ရင်ထဲမှာတော့ အတိုင်းမသိကျေနပ်မှုကို ခံစားနေရသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now