ရန်ငြိုးကြားကချစ်မေတ္တာ ep(10)uni

4.1K 170 17
                                    

"ဘာမျက်ခြေပျက်သွားတယ် ဟုတ်လား ဘယ်လိုဖြစ်တာလဲ"

"ဟုတ်Sir သခင်လေးပါသွားတဲ့နောက် လိုက်နေတုန်းမှာ ဘယ်ကမှန်းမသိတဲ့ကားတွေကြားဖြတ်ဝင်လာပြီး ဟန့်တားသလိုဖြစ်သွားတာပါ ပီးတော့သခင်လေးတို့ကားကလဲ အရှိန်နှုန်းမြင့်သွားတဲ့အတွက်ကြောင့် မျက်ခြေဖျက်သွားတာပါ"

ထိုစကားကိုကြားတော့ ကမ္ဘာမျက်မှောင်ကျုံ့သွားသည်

ဒါကြိုတင်ကြံစည်မှုဘဲ ပီးတော့ သူတို့တွေဒီနိုင်ငံရောက်လာတာမကြာသေးသလို သူတို့တွေဘယ်သူဆိုတာလဲ ထိမ်ဝှက်ပီး သိုသိုသိပ်သိပ်နေနေကြတဲ့အတွက် ဒီနိုင်ငံမှာသူတို့တွေကပစ်မှတ်မဖြစ်နိုင်
သူတို့ရဲ့ရန်သူတွေကလဲ ဒီမှာမဟုတ်သလို သူတို့ဒီရောက်နေတာလဲဘယ်သူမှမသိကြ
အ့ဆိုဘယ်သူဖြစ်နိုင်မလဲ ဘာအတွက်ကြောင့်ဖြစ်နိုင်မလဲ

ကမ္ဘာတွေးတောရင်း

"မိုးမိတ်တည်နေရာကရော ဘယ်ရောက်နေလဲ"

"ဆရာ သခင်လေးရဲ့တည်နေရာရှာမ‌ရဘူး ဖြစ်နေတယ်"

"ဘာမဖြစ်နိုင်တာ"

ဟုတ်သည်လေ သူတို့အတွက် သီးသန့်ဂြိုလ်တုတပ်ဆင်ထားသည်လေ
ထို့ကြောင့် လိုင်းမမိတဲ့နေရာမပြောနဲ့ ဆက်သွယ်ရေးကိရိယာပါမသွားရင်တောင်
ဂြိုလ်တုကနေ သူတို့ရဲ့ရုပ်နဲ့တည်နေရာကို ရှာလို့ရသည်လေ အခုဟာကဘယ်လိုဖြစ်နိုင်မှာလဲ

ထိုစဉ် ကိုယ်ရံတော်တစ်ဦးမှ

"Sir Usကphဝင်လာပါတယ် ကျွန်တော်တို့နဲ့ချိတ်ထားတဲ့ဂြိုလ်တု ဟက်ခံထိပီး ဗိုင်းယက်ဝင်သွားတဲ့အတွက်
ပြန်လဲပြင်ဆင်ရပါမယ်တဲ့"

"ဘာ"

မင်းကမ္ဘာတစ်ယောက်ခေါင်းမီးတောက်နေသည်

ဒါဘယ်လိုအင်အားစုကလဲ သူတို့တွေမှာဂြိုလ်တုရှိတာ အတွင်းလူလောက်သာသိသည် အတွင်းလူတွေသည်ပင် သစ္စာရှိအမှုထမ်းများဖြစ်ကြလို့ ပေါက်ကြားစရာအကြောင်းမရှိ ရှိခဲ့ရင်တောင်သူတို့ရဲ့serverစနစ်သည် အလွန်ကောင်းမွန်ပီး လုံခြုံရေးတင်းကြပ်ထားလို့ တော်ယုံလူဆိုမလုပ်နိုင်သောအရာဖြစ်သည် ဂြိုလ်တုရှိကြောင်းကို ဒေါ်ကေသီဟန်ပင်မသိချေ

"Usကိုပြန်အကြောင်းကြားလိုက် 12နာရီအတွင်း မြန်နိုင်သမျှမြန်နိုင်အောင်လုပ်ခိုင်း
Jus ကြားဖြတ်ဝင်လာတဲ့ကားတွေကိုစုံစမ်း
အခုကိစ္စကို ဘယ်သူမှမသိအောင် လျှို့ဝှက်ထား "

"Yes sir"

ကိုယ်ရံတော်တွေအသီးသီးတာဝန်ကိုယ်စီနဲ့ထွက်ခွာသွားကြသည်
မင်းကမ္ဘာရင်ထဲမှာတော့စိုးရိမ်ခြင်းတွေ တရိပ်ရိပ်တိုးပွားနေရာယူလာတော့သည်

*မင်းဘယ်တွေရောက်နေတာလဲ မိုးမိတ်ရာ*

....................တစ်ဖက်ကမိုးမိတ်မှာတော့

နိုးနိုးချင်းမြင်လိုက်ရတာက အဖြူရောင်မျက်နှာကျက် ဘေးဘီကိုကြည့်လိုက်တော့လူ့တစ်ရပ်မြင့်သော အဖြူရောင်လိုက်ကာတွေဆင်မြန်းထားသည်
တစ်နည်းပြောရရင်အဖြူရောင်အသုံးဆောင်အဆောင်တွေအပြည့်နဲ့ အလှဆင်ထားတဲ့အခန်းတစ်ခု
မိုးမိတ် ဘယ်ရောက်နေတာလဲ ဘာဖြစ်ခဲ့လဲဆိုတာကိုပြန်စဉ်းစားကြည့်လိုက်မှ ဟုတ်သား မင်းမြတ်...
သူ့ကိုခေါ်လာတာ မင်းမြတ်
မိုးမတ်အလန့်တကြားထထိုင်မိသွားသည်

ထိုစဉ် ဝင်လာသူက
အသက်ကြီးကြီးလူကြီးတစ်ယောက်နဲ့
အိမ်ကူဖြစ်ဟန် ‌တူညီဝတ်စုံဝတ်ထားသည့် ကောင်မလေးနှစ်ယောက်
အသက်ကြီးကြီးလူကြီးမှစပြောလာသည်

"သခင်လေးနိုးလာပြီလား ကျွန်တော်က
ဒီအိမ်ရဲ့အိမ်တော်ထိန်းဦးမြင့်ပါ သခင်ကြီးကအောက်ထပ်မှာ breakfastစားဖို့စောင့်နေပါတယ်"

ထိုလူကြီးစကားကိုကြားရတော့ မိုးမိတ်မျက်ခုံးတို့မြင့်တတ်သွားသည်

မိုးမိတ်သူတို့ကို စစ်လားဆေးလားလုပ်မနေတော့ အဓိကတရားခံက အောက်ထပ်မှာစောင့်နေသည်တဲ့လေ

မိုးမိတ်ခပ်ပြက်ပြက်သာပြောပီး
ရေချိုးခန်းထဲဝင်လာခဲ့သည်

ဦးမြင့်ကတော့ဘာမှမပြောခပ်ပြုံးပြုံးသာဖြစ်နေပေမယ့် ကျန်ခဲ့သည့်ကောင်မလေးတွေရဲ့ စိတ်ထဲမှာတော့
*ငါတို့ရေခဲနန်းတော်ကြီးတော့
အအေးတွေပိုလာဦးမယ်ထင်ပါတယ် ဟူးးး*
ကောင်မလေးတွေရဲ့မျက်နှာမှာတော့ ရှုံ့မဲ့သွား‌ေတာ့သည်
.
.
.
.
.
.
.
.
ဆက်ရန်..........

ဟိုတိမ်းဒီရှောင်လုပ်ရင်း ဖျားပါဖျားသွားတယ် အခုသက်သာခါစဆိုပေမယ့် အသဲတို့စောင့်နေကြမယ်ဆိုတာသိလို့ ထupလိုက်တာပါ
ဒီလောက်နဲ့ကျေနပ်ပါဦးနော် Aprilနေကောင်းတာနဲ့ အရှည်ကြီးအပ်ပေးမယ် Ok???
Love you all 💘😘💘😘💘
တစ်စိတ်လောက်ကွန့်မန့်လေးတွေ မန့်မပေးချင်ဘူးလားဟင် 😿

ရန်ငြိုးကြားကချစ်မေတ္တာ (ခေတ္တရပ်နား 🙏🙏)Where stories live. Discover now