ရန်ငြိုးကြားကချစ်မေတ္တာ ep(19)

468 27 3
                                    

မတွေ့တာကြာသွားပြန်ပြီနော အသဲတို့ရေ 
အလုပ်တစ်ဖတ်နဲ့မို့ update လေးကြာသွားတယ်
ကြယ်လေးတွေပေးခဲ့ကြဦးနော် 
လိမ္မာရင် ညကျထပ်အပ်ပေးမယ်
ဒီနေ့ ကိုယ်အားတယ်
Rpလေးတွေ မပြန်ဖြစ်တာလေးတွေရှိခဲ့ရင် တောင်းပန်တယ်နော် Love you All ♥️♥️♥️
စာလုံးပေါင်းမစစ်ဘဲ upလိုက်သည်😁

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐


လေယာဉ်ပေါ်ကဆင်းဆင်းချင်း ပြာလဲ့လဲ့ကောင်းကင်ကြီးကိုမော့ကြည့်မိသည်

*ငါပြန်လာပြီ*

Private လေယာဉ်နဲ့လာတာဆိုတော့ သာမာန်မဟုတ်တာသိနေကြ၍ လေဆိပ်ရှိဝန်ထမ်းတွေက စေ့စေ့ပင်မကြည့်ရဲကြချေ ။လေဆိပ်ရှိတာဝန်ရှိပုဂ္ဂိုလ်တွေကစ ကြိုဆိုရသည့် ထိုသူသည် အရပ်6ပေ3လက်မခန့်ရှိပြီး အသားဖြူကာ သေသပ်ပိရိပီးတင်းတင်းစေ့ထားတဲ့ နီညိုညောင်နှခမ်းတို့ပိုင်ဆိုင်ထားသည်။ ထူထဲတဲ့မျက်ခုံး ညှို့ငင်အားကောင်းတဲ့မျက်လုံးတွေဟာ တစ်ယောက်သောသူနဲ့ခပ်ဆင်ဆင်ရယ် 

"Boss Mr.Control ဆီ အရင်သွားမှာလား"

"မသွားဘူး လောကနက်ဂိုဏ်းဆီအရင်သွားမယ် လူအင်အားအသင့်ဖြစ်ပီလား "

"ဟုတ် အဆင်သင့်ပါ"

ရှေ့ဆုံးကထွက်သွားသောBossဖြစ်သူကို ကြည့်ကာ ပင့်သက်ရှိုက်မိသည်

*ဒီည‌ ဂိုဏ်းတစ်ခုတော့ပျောက်ချင်းမလှ ကွယ်ပျောက်တော့မည်*

ကားပေါ်ရောက်သည်နှင့် မျက်ဝန်းနက်တစ်စုံအားပိတ်ကာ အနားယူနေတဲ့ Boss ဖြစ်သူကိုပြောသင့် မပြောသင့်ချိန်ဆ နေစဉ်

"ပြော"

"ဟို ပန်းစည်း အဆင်သင့်မှာထားပါတယ်"

"ဘာအတွက်လဲ"

"အန်တီကိုသွားဂါဝရပြုဖို့ပါ"

ဖြောင့်တန်းနေတဲ့မျက်ခုံးတွေက စုကျုံ့သွားပုံက
အလိုမကျဟန်ပေါ်လွင်နေသည်

"မသွားဘူး"

"မာန်"

ကျစ်!

"အဲဒီအကြောင်းဆိုဆက်မပြောနဲ့ 'သွေးခေတ်'
မင်းသွားချင်သွား ငါမတားဘူး ငါတော့လာမသွားခိုင်းနဲ့"

ရန်ငြိုးကြားကချစ်မေတ္တာ (ခေတ္တရပ်နား 🙏🙏)Where stories live. Discover now