ရန်ငြိုးကြားကချစ်မေတ္တာ ep(1) Uni

15.5K 549 6
                                    

ဒါဒါတွေအားလုံးgood luck 😘 😘😘
ကြယ်လေးတွေပေးခဲ့ဖို့လဲမမေ့နဲ့နော်😊😊

💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎

"သား ဒီမှာဘဲနေနော် ဘာသံကြားကြားထွက်မလာခဲ့နဲ့
အမေတို့အတွက်သားအသက်ရှင်နေပေးရမယ်နော်
ဘယ်လိုအကြောင်းနဲ့ဘဲဖြစ်ဖြစ်
သားအသက်ရှင်နေပေးပါ''

"မေမေ အီးးး''

''တိတ်တော့သားမငိုနဲ့တော့
ယောက်ျားဆိုတာလွယ်လွယ်နဲ့မျက်ရည်မကျရဘူး ဒီလွယ်အိပ်လေးကိုလွယ်ထား
ဒီလွယ်အိပ်လေးကိုဘာအကြောင်းနဲ့
ဘဲဖြစ်ဖြစ် မပျောက်စေနဲ့သား ဒီလွယ်အိပ်လေးကမေမေတို့ရဲ့အသက်ဘဲ တကယ်လို့မေမေတို့သေခဲ့တယ်ဆိုရင်
မေမေတို့ကိုသတ်တဲ့သူကိုလဲ
ဒီလွယ်အိပ်လေးကဘဲ
ဖော်ထုတ်ပေးလိမ့်မယ်သား''

"မေမေသားတို့ထွက်ပြေးကြမယ်လေ ရဲတွေကိုအကြောင်းကြားလိုက်ရင်ရော"

"မရဘူးသား မင်းတို့ဖေဖေကိုလဲမေမေတစ်ယောက်တည်းမလွှတ်လိုက်နိုင်ဘူး ဒီမယ်သားမေမေ့ကိုသေချာကြည့် အခုနောက်ဆုံးအနေနဲ့လဲဖြစ်ချင်ဖြစ်သွားနိုင်တယ် သေချာမှတ်ထား
'ပြဿနာတစ်ခုကိုရင်ဆိုင်ခေါင်းအေးအေးနဲ့သေချာစဉ်းစားပြီးမှဆုံးဖြတ်ပါ အရေးကြီးဆုံးအချက်ကနှလုံးသားကိုမပစ်ပယ်ပါနဲ့' "

"မေမေ''

''မေမေပြောတာကိုသေချာမှတ်ထားနော် နောက်ဖေးပေါက်ရှိတာကို သားသိတယ်နော်အကုန်လုံးတိတ်ဆိတ်သွားပြီဆို
ညီမလေးကိုခေါ်ပြီးလွတ်အောင်ပြေးနော်သား
နောက်ပြန်လှည့်မကြည့်နဲ့
မေမေတို့အတွက် သားညီမလေးအတွက်
သားအသက်ရှင်နေပေးရမယ်နော်''

''ဟုတ်ကဲ့မေမေ သားမှတ်ထားပါ့မယ်
မေမေတို့အတွက် သားတစ်နေ့ကလဲ့စားချေပေးမယ်''

''သားရယ် ''

"သားမေမေသွားပြီနော်''

သူမရဲ့သားလေးနဖူးပေါ်အနမ်းတစ်ပွင့်ခြွေလိုက်သည် ထို့နောက်
မျက်ရည်တို့ကိုသုတ်ကာ အံကြိတ်လျက် အပြင်ဘက်သို့ပြေးထွက်သွားသည်

ရန်ငြိုးကြားကချစ်မေတ္တာ (ခေတ္တရပ်နား 🙏🙏)Where stories live. Discover now