ရန်ငြိုးကြားကချစ်မေတ္တာ ep(11) zawgyi

1.3K 42 6
                                    

မိုးမိတ်ရေချိုးပီး အပြင်ထွက်လာတော့
ဘယ်သူမှမရှိတော့
အဝတ်အစားခန်းဖြစ်ဟန်တူသည့် အခန်းထဲသို့ဝင်လာလိုက်သည် အခန်းထဲသို့ရောက်သည်နှင့် မိုးမိတ်မျက်ဝန်းထဲတွင်အံ့သြရိပ်လေး စွန်းထင်းသွားသည်

အခန်း၏တစ်ဝက်သည် မိုးမိတ်ဝတ်လေ့ဝတ်ထရှိသော အကန့်သတ်ထုတ်အဝတ်အစားများ ဒီဇိုင်းများအပြင် မိုးမိတ်ပင်မဝယ်ရသေးသော အသစ်ထွက်ဒီဇိုင်းများလဲစုံလင်လှသည်
ထို့ပြင် မိုးမိတ်ရံဖန်ရံခါဝတ်တတ်သည့် ဖန်စီပစ္စည်းလေးတွေသည်လဲစုံလင်လှသည်
ထိုအဝတ်ခန်းသည် မိုးမိတ်၏အဝတ်ခန်းကဲ့သို့ပင် မဟုတ်သေးဘူး မိုးမိတ်အဝတ်ခန်းထက်ပင် မိုးမိတ်အကြိုက်ပိုများလှသည် ခါးပတ်၊နာရီ၊ဖိနပ်ကအစ အားကစားဝတ်စုံ ရေကူးဘောင်းဘီ underwareကအဆုံး မိုးမိတ်သုံးနေကျ အကန့်သတ်ထုတ်ဘရန်းတွေ ကြည့်သာဖြစ်နေသည်

မိုးမိတ်ထိုအသုံးဆောင်တွေကိုကြည့်ရင်း ရင်ထဲမှာအနွေးလှိုင်းလေးးဖြတ်သန်းသွားသည် ဒါ​တစ်စုံတစ်ယောက်၏ဂရုစိုက်ခံရသော ခံစားချက်လေးပေါ့

တခြားတစ်ဝက်ကိုကြည့်လိုက်တော့ တွေးကြည့်စရာတောင်မလို မင်း​မြတ်ရဲ့ တစ်ထပ်တည်းကျသောအဝတ်အစားများပင်
တစ်ထပ်တည်းမကျရကောင်းလား
သူ့ရဲ့အဝတ်အစားတွေကိုကြည့်လိုက်လေ
အနောက်တိုင်းဝတ်စုံတွေနဲ့ ဖလန်ထည်အကွက်လက်ရှည်တွေသာ များသည်လေ နောက်ပီးအားကစားဘောင်းဘီ ဖိနပ်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ နာရီ ခါးပတ်တွေသာရှိသော ရိုးရှင်းသည့်အသုံးအဆောင်များသာ
မင်းမြတ်၏ဝတ်ပုံစားပုံများသည် လူကြီးဆန်၍စမက်ကျနေသည်များကို မငြင်းနိုင်ပေမယ့် မိုးမိတ်၏စိတ်ထဲမှာတော့ဇွတ်တရွတ်သူ့ကိုခေါ်လာတဲ့ လူကြီးသည် သူ့ပုံစံနဲ့လုံးလုံးမလိုက်ဖတ် အမြဲတမ်းအေးဆေးတည်ငြိမ်ပြီး အရာရာခေါင်းအေးအေးထားပြီးလုပ်တတ်တဲ့ထိုသူသည် အဘယ်သို့သောအကြောင်းပြချက်ကြောင့် သူ့ကိုတဇွတ်ထိုးဇွတ်တရွတ်ခေါ်လာရပါသနည်း

မိုးမိတ်ခေါင်းရမ်းကာသက်ပြင်းရှိုက်မိသည် အခုချိန်ဆိုကမ္ဘာတို့လဲစိတ်ပူပြီးခေါင်းတောက်နေ‌ကြလောက်ပြီ ထိုသို့စဉ်းစားလိုက်တော့ ဇွတ်တရွတ်ခေါ်လာတဲ့ထိုလူကြီးကိုသာစိတ်တိုမိသည် ပြေပြေလည်လည်အကျိုးအ‌ကြောင်းရှင်းပြပြီးခေါ်ရင်လည်းရသားနဲ့

ရန်ငြိုးကြားကချစ်မေတ္တာ (ခေတ္တရပ်နား 🙏🙏)Where stories live. Discover now