ရန်ငြိုးကြားကချစ်မေတ္တာ ep (14)uni

1.5K 91 8
                                    

"တော်ကြတော့ နှစ်ဖက်လုံး"

မိုးမိတ်ပြောလိုက်တော့ နှစ်ဖက်စလုံးလက်နက်တွေချလိုက်ကြပြီး အသင့်အနေထားဖြင့်ပေ

မိုးမိတ် သက်ပြင်းသဲ့သဲ့ချလိုက်ရင်း ကမ္ဘာဘက်ကိုကိုလှည့်ပြီး ပြောဖို့အရှိန်ယူလိုက်သလို လျှာသပ်လိုက်ရင်း  "ကမ် ကမ္ဘာ"  ပြောမယ့်စကားတောင် ကမ္ဘာ့ရဲ့သုန်မှုန်နေတဲ့မျက်နှာထားကြောင့် လည်ချောင်းထဲတစ်တစ်ဆို့ဆို့နဲ့ ထစ်ထစ်ငေါ့ငေါ့

ကမ္ဘာ မှင်သေသေနှင့်သာ ကြည့်နေလိုက်သည်
မိုးမိတ်ပုံစံက ၂၀ရာစုသမီးပျိုရည်းစားထားတာ အဖေမိသွားတဲ့ပုံစံနဲ့ သူ(ကမ္ဘာ) ကဘဲ သူ့(မိုးမိတ်)ရဲ့ အဖေကြီးလိုလို *နေပါဦး ဒီကောင်ရည်းစားရပြီလို့တော့ မပြောလိုက်နဲ့နော် သူ့မှာရည်းစားတွေ‌မှိုလိုပေါက်အောင်ထားခဲ့တုန်းကတောင် ဒီလိုပုံစံ မဟုတ်တာကိုတစ်ယောက်သောသူကတော့ လွဲလို့ပေါ့ အဲဒီတုန်းကတောင်ဒီလိုမဟုတ်ဘူး*

မှင်သေသေနဲ့ကမ္ဘာက မိုးမိတ်ကိုမေးခွန်းမေးနေသလိုလို မိုးမိတ်ရဲ့အမူအရာနဲ့အကြည့်တွေကတော့ အဖြေဖြစ်သည်

ကမ္ဘာ*မင်းချစ်ရမဲ့သူရှိ‌နေပြီလို့တော့မပြောနဲ့နော်*

မိုးမိတ်*ဟုတ်တယ် သူနဲ့ငါချစ်သူတွေဖြစ်နေကြပြီ*

ကမ္ဘာ သည်းမခံနိုင်တော့တဲ့အဆုံး ထုတ်မေးလိုက်တော့သည်

"ဘယ်တုန်းကလဲ"

မိုးမိတ်မျက်နှာပင် ပူသလိုလိုရှိလာသည်မို့
"အဟမ်း"ချောင်းဟမ့်လိုက်ရင်း ကိုယ်ဟန်ကအသင့်အနေထားပုံစံဆောင်လိုက်ကာ  "ခုနကဘဲ"
အဲဒါလဲကြားရော ကမ္ဘာမှုန်ယိုနေတဲ့ဆင်ရိုင်းလို ထပီးနပမ်းလုံးတော့သည် ထိုအခါမှ မိုးမိတ်အဆင့်အနေထားဘာလို့လုပ်လဲဆိုတာ မင်းမြတ်နဲ့မင်းမြတ်လူတွေသဘောပေါက်သွားသလို အံ့‌ဩနေသောအကြည့်တို့ဖြင့်သူတို့ရှေ့က ကော်ဇောပေါ်ကလူနှစ်ယောက်ကိုကြည့်လိုက်ပြီး မိုးမိတ်လူတွေကိုကြည့်လိုက်တော့ ဖြစ်ရိုးဖြစ်‌စဉ်ကြည့်နေကြသလို တချို့လူတွေက မိုးမိတ်နိုင်မယ် ကမ္ကာနိုင်မယ်နှင့် တီးတိုးပြောကာပိုက်ဆံကြေးတောင်လောင်းနေကြတာကို မြင်တော့ အတော်များများပြုံးမိကုန်ကြသည်

ရန်ငြိုးကြားကချစ်မေတ္တာ (ခေတ္တရပ်နား 🙏🙏)Where stories live. Discover now