ရန်ငြိုးကြားကချစ်မေတ္တာ ep(20)

482 30 0
                                    

စိတ်ကူးနဲ့လက်တွေ့ညီစွာ အတွင်းရေးမှူးအား message ပို့လိုက်သည် ‌ထို့နောက်တွင်တော့

ဒေါက် ဒေါက် ဒေါက်💢💢💢

"ဘယ်သူလဲ "

"ကျွန်တော်ပါ"

မင်းမြို့ကို တံခါးဖွင့်ပေးလိုက်တော့

"Boss သခင်ကြီးမုန်းမာန်သွေး ပြန်ရောက်နေပါတယ်"

"ဟမ်! မုန်းမာန် ဟုတ်လား "

မင်းမြို့မှန်ကန်ကြောင်း ခေါင်းငြိမ့်ပြလိုက်တော့
မင်းမြတ်မျက်ဝန်းထဲ အံ့ဩရိပ်တို့စွန်းထင်းသွားရုံမှတပါး သိပြီဖြစ်ကြောင်းပြောကာ တံခါးပြန်ပိတ်သွားတော့သည် ။ မင်းမြို့လဲ ကျင့်သားရသူပီပီ ထူးမခြားနားအောက်သို့ပြန်ဆင်းလာခဲ့ပေမယ့် သူ့အတွေးတွေထဲမှာ‌ သွေးခေတ်မာန် ဆိုသူကတော့ စိုးမိုးထားလို့နေလေပြီ ‌သခင်ကြီးပြန်လာရင် ထိုသူလဲသေချာပေါက်ပါလာမှာပင်
ပီးဆုံးခဲ့တဲ့ ရှစ်နှစ်က အတိတ်တွေကို ပြန်သတိမရချင်တော့ပါ အရာရာပီးဆုံးသွားခဲ့ပြီ
အတွေးတွေကိုရှင်းထုတ်လိုက်ပြီး

ဝုန်း💢

အော် နံရံကိုဖြိုချနေပြီဖြစ်သည် ။ မနေ့က bossနဲ့သခင်လေးတို့ အကျေအလည် ဆွေးနွေးပီး ဘေးဘက်ခြံကိုဝယ်လိုက်ကာ သခင်လေးတို့အဖွဲ့ပြောင်းလာမည်ဖြစ်သည် ။ ထိုဟာကိုပင် bossရဲ့ဆန္ဒအရ ခြံနှစ်ခြံကြား အုတ်တံတိုင်းကိုဖြိုစေသည် ။ ဘာတဲ့ အတားစည်းတစ်ခုတောင် မထားချင်ပါဘူးတဲ့လေ ။ တော်တော်ကိုပိုတဲ့bossပါလေ ခြံဝန်းတစ်ခု ၃ဧကလောက်ကျယ်ဝန်းပြီး ဘေးဘက်ခြံ‌ဝန်းတွေကိုပါ သခင်လေးမိုးမိတ်က ပတ်ဝယ်ထားလိုက်သဖြင့် ဧက၁၀၀နည်းပါးရှိသွားသည် ။ မိုးမိတ်ရဲ့အင်အားက ခန့်မှန်းလို့ခက်သလို လျှို့ဝှက်လွန်းအားကြီးသည် ။ ကိုယ်ပိုင် နည်းပညာ အဖွဲ့တွေနဲ့ အင်ဂျင်နီယာတွေ အဖွဲအစည်းများစွာ တစ်ဖတ်ခြံဝန်းထဲ private jet များနှင့်ရောက်လာကာ အားချင်းပြင်ဆင်နေကြသည် ။ အစောင့်အကြပ် ထူပြောပြီး ကိုယ့်ဘက်က လူတွေပင် အနားသို့အကပ်မခံသဖြင့် ဘာတွေလုပ်နေမှန်း မသိရ ။ ထို့ကြောင့် ကိုယ့်ရဲ့bossအန္တရာယ် မဖြစ်ရေးကိုသာ ဦးစားပေးပြီး ကိုယ့်ဘက်ကလူတွေကို အသင့်အနေထားဖြင့်ရှိစေသည် ။ ဘယ်လောက်ဘဲ boss ချစ်သူဖြစ်နေပါစေ ကိုနဲ့လဲမရင်းနှီးသလို တစ်ဖတ်လူရဲ့ အင်အားသည်ပင်လျှင် ကိုယ်တွေကိုချိန်းခြောက်နိုင်သည်လေ ။ မပေါ့ဆရဲ့ပါ မိတ်ဆွေထက် လျင်သူစားစတမ်း ကျားချောင်းချောင်းနေတဲ့ လောကမှာ ကျင်လည်နေရသူအဖို့ အရာရာသတိရှိရမှာပုံမှန်ပင်

"ဟူး**သက်ပြင်းတစ်ချက်လေးပင်စွာမှုတ်ထုတ်လိုက်တော့သည် ။ ကို့အတွက်ကလဲ နောက်လာမယ် နေ့ရက်တွေဟာလဲ မလွယ်ကူလှပါ မတွေ့ချင်တဲ့သူနဲ့လဲ တွေ့ရဦးမည်လေ ။ အခုတော့ ဒီတစ်သက် ဒီမြေပေါ် ခြေမချတော့ပါဘူးဆိုတဲ့ မုန်းမာန်သွေး သည် မည်သို့သော ‌အကြောင်းကြောင့် ရောက်လာသည်မသိ ပုံမှန်မဟုတ်တာတော့‌ကြိမ်းသေသည် ။ ထိုအတိုင်းဆို ဥရောပတိုက်ရဲ့ စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ 'Cross' ၊မြေအောက်ရဲ့ လက်နက်ကုန်‌သွယ်ရေးလောကကိုချုပ်ကိုင်ထားပြီး အာရှရဲ့စီးပွားရေးကိုချုပ်ကိုင်ထားတဲ့ 'Control' နဲ့ သူ့ရဲ့တွဲဖတ် ခန့်မှန်းရခက်တဲ့အင်အားနဲ့ 'Rain'တို့သာ ပေါင်းစည်းမိခဲ့ရင် ထိုသို့တွေးလိုက်တော့ မင်းမြို့မျက်နှာ ရှုံ့မဲ့သွားသည် ။ ဒါတောင် ဟိုမျက်နှာဖြူကောင် သွေးခေတ် ဆိုသူမပါသေး ။ ထိုသို့သောနတ်ဘုရားတွေကိုသာ ရန်စ မိခဲ့သည်ရှိသော် ......ထိုလူအတွက် မတွေးဝံ့တော့ပါ ။ ။

❤️

။။။။။။။။ကဲ မနက်ဖြန်မှ ဆက်ကြဆို့ နော် 🥰🥰
နောက်ကျသွားလို့ ဂတိတည်တယ်နော် အဟဲ

ရန်ငြိုးကြားကချစ်မေတ္တာ (ခေတ္တရပ်နား 🙏🙏)Tempat cerita menjadi hidup. Temukan sekarang