ရန်ငြိုးကြားကချစ်မေတ္တာ ep(20) အဆက်

614 34 2
                                    

မိုးမိတ်ရေနွေးနွေးနဲ့ ရေစိမ်လိုက်ရတော့ တော်တော်လေးကို သက်သာသွားခဲ့သည်။ ထို့ကြောင့် ရေချိုးသန့်စင်ပြီးတော့မင်းမြတ်ကိုခေါ်မနေတော့ဘဲ တစ်ဘက်တစ်ထည်ပတ်ပြီးသာ ထွက်လာခဲ့သည်။ အင်း လမ်းလျှောက်လို့ မကောင်းသေးပေမယ့်ပေါ့ ။ အခန်းထဲရောက်တော့ မင်းမြတ်ကဝရန်တာဘက်ထွက်ပီး Phပြောနေသည်။တံခါးဖွင့်သံကြားတော့ လှည့်ကြည့်ပီး phကိုချကာ စိုးရိမ်တကြီး ပြေးလာတော့သည်။

"ဘာလို့ထွက်လာတာလဲကွာ ကိုယ့်ကိုလှမ်းခေါ်တာမဟုတ်ဘူး"

ပြောသာပြောနေတာ မင်းမြတ် မျက်လုံးတွေက မိုးမိတ် ကိုယ်ပေါ်ကနေမခွာ မိုးမိတ်ကိုယ်ပေါ်မှာ ခရမ်းပုတ်ရောင်လေးတွေနဲ့ လှပနေသည်မှာ အကြည့်မလွှဲနိုင်စရာ သူ့အောက်ပိုင်းကအရာသည်ပင် အနည်းငယ်မာလာသည်။

"အကြည့်တွေပြင်နော် "

မိုးမိတ်ပြောလိုက်မှ မင်းမြတ်အကြည့်တွေက
မိုးမိတ် မျက်ဝန်းတွေဆီ ပြန်ရောက်လာသည်။ သို့သော် ပြီတီတီမျက်နှာထားဖြင့် မျက်နှာပိုးကတော့မသတ်

"ကလေး ကိုကိုလေ မင်းလေးကိုအရမ်းချစ်တာဘဲ"

မင်းမြတ်ပြောလိုက်မှမိုးမိတ်မျက်နှာရဲတတ်သွားသည်။

မနေ့ညက အချစ်စိတ်မွှန်နေလိုသာ ကိုကိုလို့ခေါ်လိုက်ပေမယ့် အခုလိုသူ့ဆီမှာပြန်ကြားရတော့
ရင်ထဲမှာလှိုင်းလေးတစ်ခုဖြတိသန်းသွားသည်။
မနေ့ညကဘဲ မင်းမြတ်ကျော်ရဲ့ တစ်ဖတ်ခြမ်းကို
မြင်ခဲ့ပီးပြီဘဲ ။ အခုရော သူ့ရဲ့ကွယ်ဝှက်ထားတဲ့ မျက်နှာဘယ်နှခုများရှိနေမည်မသိပေ။
တကယ်ဆို မင်းမြတ်ကျော်ရဲ့အကြောင်း‌တွေဟာ
သူ့ထက်ပင် လျှို့ဝှက်လွန်းအားကြီးသည်။သူ့အကြောင်းတွေကို မင်းမြတ်ဖော်နိုင်တယ်ဆိုတည်းက ၊သူတို့ဂြိုလ်ထုရဲ့ တည်နေရာထိ hackနိုငါတယ်ဆိုတည်းက မင်းမြတ်ရဲ့အင်အားဟာ သူသိတာထက် လွန်ကဲနေသည်။သူသိတဲ့အင်အားတွေဟာလဲ တော်ရုံမဟုတ်အောင် ကြီးမားနေသည်ဆိုရင်တောင် အဲဒါမင်းမြတ်ကျော်သိစေချင်တဲ့အပိုင်းကိုသာ သိခွင့်ရခဲ့သလို ဖြစ်နေသည်မဟုတ်ပါလား။ ဒါဆို မင်းမြတ်ရဲ့ ကွယ်ဝှက်ထားတဲ့ အစိတ်အပိုင်းတွေကဘာတွေလဲ ။ ဟင့်အင်း သူအထူးတလည် မသိချင်တော့ပါ။ ကိုယ်ကလဲ သူ့ကိုချစ်သည်။ သူကလဲကိုယ့်ကိုချစ်သည် ဒါပါဘဲ ကိုယ့်ကိုပြောပြဖို့လိုရင်ပြောပြလိမ့်မည်။ သစ္စာမဖောက်ဖျက်ဖို့သာ အဓိကဖြစ်သည်။ သူလိုအပ်‌ရင် ပံ့ပိုးပေးမည် သူတိုက်ခိုက်နေရင် ကူတိုက်ပေးမည် ။ ကို့အတွက်ကတော့ သူ့ကိုချစ်ပါသည် ဒါပါဘဲ ရိုးရှင်းပါသည်လေ ။

။။။။။။။To be continued..........

Love you all 💞💞💞💞
Vote လေးတွေပေးခဲ့ကြဦးနော် 👉⭐👈

ရန်ငြိုးကြားကချစ်မေတ္တာ (ခေတ္တရပ်နား 🙏🙏)Where stories live. Discover now