အပိုင်း - ၃၅ ( Zawgyi + Unicode )

Start from the beginning
                                    

" နင် ဆက်နေနဲ့ချစ်သူတွေပါလို့ ဘွားဘွားကို ဖွင့်ပြောပြလိုက်လည်း ရတာပဲမဟုတ်ဘူးလား "

" ဘွားဘွားက ဆက်နေကို သိပ်သဘောမကျဘူးလေ ကိုဆက်ရယ် ၊ ကိုဆက်မေမေ မြန်မာပြည်ပြန်လာတာကို ဆက်နေက လိုက်မလာကတည်းက ဘွားဘွားက မကြည်တော့တာ ၊ ပြီးတော့ ဆက်နေ ဂျစ်ကန်ကန်နိုင်တာ ၊ ကိုဆက်လောက် မလိမ်မာတာ အဲ့ဒါတွေကို အမြဲပြောပြောနေတော့ လင်းလည်း ဖွင့်ပြောဖို့သတ္တိမရှိခဲ့မိဘူး ၊ နောက်ပြီး ဆက်နေကိုယ်တိုင်က ဒီကို လိုက်မလာဘူးဘဲ တွင်တွင်ငြင်းနေတော့ လင်းတို့အခြေအနေကလည်း လမ်းခွဲရမှာလိုလို ရှေ့ဆက်ရမှာလိုလိုတွေနဲ့ မရေမရာ ဖြစ်နေပြန်တော့ ဘွားဘွားကို ဘယ်လိုလုပ် အသိပေးရဲပါ့မလဲ "

" ဒီလိုဆိုတော့လည်း နင့်အမှားတော့ မဟုတ်ပါဘူး လင်းလင်းရာ ၊ အကြောင်းအရာတွေကိုက ဒီလိုဖြစ်ဖို့ ကံပါလာတယ်ပဲ ထားလိုက်ပါတော့ "

" ဒါပေမယ့်လည်း လင်းကြောင့် ပြဿနာတွေက ခုလိုဖြစ်ကုန်ရတာပါ "

" ဖြစ်ပြီးတာတွေက ဖြစ်ပြီးကုန်ပြီပဲ ၊ ဘယ်တတ်နိုင်ပါ့မလဲ ၊ အခု ငါတို့လုပ်ရမှာက အသာ့ကို အမြန်ဆုံးတွေ့အောင်ရှာဖို့ပဲ "

" သတင်းစာထဲမှာ ကြော်ငြာထည့်ပြီးခေါ်ရင် ကောင်းမလားဟင် ကိုဆက် "

" အဲ့ဒါထက်ကို နင်ရော ငါရော ဒီကိစ္စတွေအကုန်လုံးကို လူကြီးတွေသိအောင် အရင်ဆုံး ဖွင့်ပြောကြဖို့လိုလိမ့်မယ် "

" လင်းကိစ္စက ဖြစ်နိုင်ပေမယ့် ကိုဆက်တို့ကိစ္စက လူကြီးတွေ လက်ခံဖို့လွယ်ပါ့မလား "

" လက်မခံလည်း ငါက နောက်ဆုတ်မှာမဟုတ်ဘူး လင်းလင်း ၊ ငါ ဒီအရွယ်ထိ ကိုယ့်ဆန္ဒဆိုတာမျိုးထက် လူကြီးမိဘတွေရဲ့ဆန္ဒတွေကိုပဲ ဦးစားပေးပြီး ရှင်သန်လာခဲ့တာပါ ၊ ဒါပေမယ့် ဒီတစ်ခါတော့ လူမိုက်ဖြစ်ချင် ဖြစ်ပါစေတော့ ၊ အားလုံးက လက်မခံဘူးဆိုရင်တောင် ငါ အသာ့ကိုပဲ သေချာပေါက် ရွေးချယ်သွားမှာ ၊ ဘယ်လိုပဲ အတိုက်အခံတွေ လုပ်ရပါစေ ၊ ငါ အသာ့တစ်မျက်နှာထဲကိုပဲ ကြည့်ပြီး ရှေ့ဆက်တော့မှာ ၊ အသာ့ခမျာ ဘဝတစ်လျှောက်လုံး နာကျင်ခဲ့ရတာတွေ များလှပါပြီဟာ ၊ သူပျော်ရွှင်လာအောင် ကိုယ်တိုင်ကိုယ်ကျ အစွမ်းကုန်ဖြည့်ဆည်းပေးရင်း သူနာကျင်ခဲ့ရသမျှတွေကို ဖြေဖျောက်ပေးသွားချင်တယ် "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now