သူ အဖြူရောင်နှင်းဆီကြိုက်မှန်း ဘယ်လိုသိတာလဲ။ jing yang ပြုံးလိုက်သည်။ Ding nuoyang က အဖြူရောင်နှင်းဆီမကြိုက်လေ။ ဒါတိုက်ဆိုင်တာပဲလား။ jing yang က အတိတ်ကို ပြန်စဉ်းစားကြည့်နေသည်။ အဖြူရောင်နှင်းဆီတွေ ဘယ်တုန်းက ကြိုက်သွားတာလဲ။ ပထမကမ္ဘာတုန်းက zhao bocheng က သူ့ကို အဖြူရောင်နှင်းဆီတွေ နေ့တိုင်းပို့တော့ အဲ့ကတည်းစပြီး ကြိုက်သွားတာနေမှာ။

" ကြိုက်လား။'' jing yang ရဲ့ နောက်ဘက်ကနေ Feng qi အသံထွက်လာသည်။

Jing yang က နောက်လှည့်ပြီး '' အဖြူရောင် နှင်းဆီကို ပြောတာလား။ ဝိုင်ကို ပြောတာလား။''

" ၂ခုလုံး'' Feng qi က jing yang ရဲ့ ဆန့်ကျင်ဘက်မှာ ထိုင်ပြီး ခုနက ဝိတ်တာချပေးတဲ့ အမဲသားစတိတ်ကို စားနေသည်။

Jing yang က ဝိုင်တစ်ငုံလောက် သောက်လိုက်ပြီး '' ၂ခုလုံး ကြိုက်တယ်။''

" ကြိုက်ရင်ပြီးရော။''

" တိုက်ဆိုင်လို့ ဝင်လာတာလား။ ဒါမှမဟုတ်....'' jing yang က ဒါကို တိုက်ဆိုင်မှုလို့ မထင်ပေ။ ဒီမြို့မှာ လူဦးရေ ဒီလောက်တောင်များတာ တိုက်ဆိုင်ပြီး တွေ့တယ်ဆိုတာ ရာခိုင်နှုန်း နည်းတယ်။

" တမင်သက်သက် မင်းကို တွေ့ဖို့လာတာ။''

"ကျွန်တော် ဒီမှာရှိနေမှန်း ဘယ်လိုသိတာလဲ။'' ဒီလိုမေးပြီးသွားတော့ jing yang က သူ ဒီလိုမေးနေတာ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရသည်။ Feng မိသားစုရဲ့ ဒုတိယသခင်လေးအနေနဲ့ သူ့မှာ စုံစမ်းဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်လေ။

Feng qi က သူ့ကိုကြည့်နေပြီး ဘာစကားမှ မပြောပေ။ jing yang သူ့စိတ်ကို နားလည်နေလိမ့်မယ်လို့ ထင်သည်။

ဟင်းပွဲတွေ စားပြီးသွားတော့ jing yang က '' ကျွန်တော်ပြန်တော့မယ်။ ဝိုင်နဲ့ ပန်းစီးအတွက် ကျေးဇူးပါ''

" ကိုယ်လိုက်ပို့မယ်။''

" မလိုပါဘူး။ ဒီကိုလည်း ကျွန်တော်ဘာသာ မောင်းလာတာလေ။'' jing yang က ငြင်းသည်။ သူ့စိတ်ထဲမှာ စိုးရိမ်နေတုန်းဖြစ်ပြီး သူ့ချစ်သူ ဟုတ်မဟုတ်ကို မဆုံးဖြတ်ချင်သေးပေ။

" ဒါဆို ကိုယ့်ကို လိုက်ပို့''

သူ့နောက်ကို မရမကလိုက်မယ်လို့ စိတ်ပိုင်းဖြတ်ထားသူကို jing yang ကြည့်နေသည်။ မကြာခင်ဘဲသိရတော့မှာ ဒီနေ့သိတော့လည်း ဘာမှမထူးပါဘူး။ မြန်မြန်သိလေ မြန်မြန်  စိတ်သက်သာလေပေါ့ မဟုတ်ဘူးလား။ '' ကျွန်တော့်ကိုပဲ လိုက်ပို့တော့။''

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now