Goose over က page ထဲက ပစ္စည်းစာရင်းတွေ ကြည့်ပြီး '' မင်းတို့ တော်တော်လောဘကြီးတာပဲ ဒီလောက်ဈေးကြီးတဲ့ ပစ္စည်းအများကြီးကို သူ့ကို ပိုက်ဆံပေးခိုင်းတယ်။''

" Nuoyang ကို တောင်းပန်တယ်လို့ ပြောပေးပါ။ အရင်က သူ့အပေါ်မတရားလုပ်ခဲ့တာတွေ အတွက် နောင်တရပါပြီ။ ကျွန်တော်တို့ကို အသင်းဝင်ခွင့်ပေးပါ။'' Dark flame နဲ့ အသင်းသားတွေ ခေါင်းငုံ့ပြီး နောင်တရစွာပြောသည်။

" ပထမဆုံး ဒီပစ္စည်းတွေကို Nuoyang ဆီ ပို့ပေးမယ်။ မင်းတို့တွေ ငါတို့နဲ့ ပူးပေါင်းခွင့်ရတာ သိပ်ကံကောင်းတယ်။ ငါတို့အားလုံးက အလုပ်ရှုပ်နေကြတာဆိုတော့ မင်းတို့ကို မညွှန်ကြားနိုင်တော့ဘူး။ မင်းတို့အသင်းဝင်လို့ ရပြီလို့ Nuoyang ကပြောတယ်။ သို့သော်လည်း မင်းတို့က အသင်းဝင်ဖြစ်သွားတဲ့အတွက် တစ်စုံတစ်ခု စည်းကမ်းမလိုက်နာရင် အကျိုးဆက်က သိတယ်နော်။ ကဲ မင်းတို့ စိတ်တွေကို ကြိုတင်ပြီး ပြင်ဆင်ထားကြပါ။''

" အသင်းဝင်ခွင့်ရရင်ကိုပဲ ကျေနပ်ပါပြီ။ ဘာပြဿနာမှ မလုပ်ပါဘူးလို့ အာမခံပါတယ်။'' Dark flame က ပြောသည်။

" အကောင်းဆုံးပဲပေါ့။'' Goose over က Long River အသင်းခေါင်းဆောင် Water Ghost ဆီကို မက်စေ့ပို့ကာ လာဖို့ပြောသည်။

Water Ghost လည်း ရောက်လာတော့ Goose over က ပြောသည်။ '' ဒီလူတွေကို မင်းတို့အသင်းက စီမံရမယ်။ သူတို့ကို စည်းကမ်းအကြောင်းတွေ ပြောပြလိုက်။ ပြီးတော့ အနောက်ဘက် အစွန်ဆုံးက အိမ်မှာ သူတို့ကို ထားလိုက်။ ငှါးခကို သူတို့ပဲ ပေးပါစေ။ တာဝန်တွေကို မင်းပဧ စီမံပေးလိုက်။''

" ဟုတ် နားလည်ပါပြီ။'' Water Ghost က ပြောသည်။
Water ghost က smoke squad အသင်းကို နေရာတွေ ဘာတွေ စီစဉ်ပေးပြီး စည်းကမ်းအကြောင်းတွေ ပြောပြသည်။

" မေးခွန်းတစ်ခုလောက် မေးလို့ရမလား။'' Dark flame က ပြောသည်။

" ဘာလဲ မေးလေ။''

" မင်းတို့ လက်နက်တွေက A team ထဲ ဝင်ပြီးနောက်မှာ ဘာလို့အစွမ်းထက်လာတာလဲ။ ဂိမ်းနည်းပညာရှင်တွေက လက်နက်တွေကို အဆင့်မြင့်ပေးလိုက်တာလား။'' ဒါပဲ သူတို့စဉ်းစားနိုင်တယ်။ အဖြေကို လုံးဝရှာမတွေ့တာ။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now