အပိုင်း ၂၇

Start from the beginning
                                    

"ရှောင်ကျန့် ဆီကိုလာလည်တာပေါ့?"

ကျိုးချန်ဘယ်လိုပြန်ဖြေသင့်လဲ မသိပေမယ့်..

"အမှန်တော့လေ.. အင်း..ကျနော့ကို.."

"အာ.. မဟုတ်မှလွဲ.. ဝမ်ရိပေါ် လာခိုင်းတာလား"

မတုံ့မဆိုင်း စကားလှမ်းထောက်ပေးတဲ့ ကျန်းလီကြောင့် ကျိုးချန် ကြောင်သွားတယ်။
တကယ်ကိုပဲ ရိပေါ်က ဟိုတနေ့က ကျိုးချန်ကို ဖုန်းဆက်လာပြီး "ရှောင်ကျန့် ကို ဂရုစိုက်ပေးပါ" ဆိုတဲ့တွန်းအားပေးစကားတစ်ခွန်းနဲ့တင် စိတ်ပူပြီး ဒီအထိရောက်လာခဲ့တာပဲ။
ဒီရောက်တော့လည်း တကယ်ပဲ ရှောင်ကျန့်က လေတိုက်ရင်တောင်လဲတော့မလို ရော့တိရော့ရဲ။
ဒါပေမယ့် ဘာတွေဘယ်လိုဖြစ်နေလဲ ကျိုးချန်မသိဘူး။
ရှောင်ကျန့်ကိုလည်းမမေးချင်ဘူး။
ရိပေါ်ကိုဖုန်းပြန်ဆက်ကြည့်တော့လည်း ကိုင်မယ့်သူမရှိ။
ရှောင်ကျန့် အကြောင်းတွေတော်တော်များများကို ကျိုးချန်သိတယ်။
ယုတ်စွအဆုံး ရှောင်ကျန့် ငယ်ငယ်က ကြုံခဲ့ရတဲ့အခက်အခဲတွေရယ် ရှောင်ကျန့်ရဲ့ရောဂါအခြေအနေရယ် ဒါတွေကိုတောင်သိတယ်။
ဒါပေမယ့် အခုအခြေအနေက ကျိုးချန် လွတ်နေတဲ့အကြောင်းအရာတွေအရမ်းများနေသလိုပဲ။
ဒါမှမဟုတ် ကျန်းလီကပဲအသိလွန်နေသလား။

"အင်း.."

ကျိုးချန်ရဲ့တွေတွေဝေဝေ ထောက်ခံသံအဆုံးမှာ ကျန်းလီကကျေကျေနပ်နပ်ကြီးပြုံးလိုက်တာပဲ။
"ပစ်ထားရက်တာလည်းမဟုတ်ပဲနဲ့" လို့လည်းတိုးတိုးပြောသေးတယ်။
ဇာတ်ရည်လည်အောင် စကားနှိုက်ချင်တာကတစ်ကြောင်းမို့ ကျန်းလီကို ကော်ဖီဝင်သောက်သွားဖို့ တွန်းအားထပ်ပေးမိတော့ ခေါင်းလေးမော့စဉ်းစားပြီးမှ ပြန်ဖြေလာတယ်။

"အိုကေလေ"

_______________________________

ဖြူလွလွ အခိုးငွေ့တွေက လေထွက်ပေါက်မရှိတဲ့ အခန်းကျဉ်းလေးထဲ နေရာအပြည့်ယူထားသလို အညိုရောင် ခန်းစီးခြားခံထားရတဲ့ နေရောင်ခြည်နွေးနွေးကလည်း အခန်းလေးအတွင်း မှောင်မည်းမနေရုံလေးသာ စွမ်းဆောင်ပေးနိုင်တယ်။

လက်ညိုးနဲ့လက်ခလယ်ကြားမှာညှပ်ထားတဲ့ စီးကရက်တောင့်တိုလေးကို တစ်ချက်ရှိုက်လိုက်ပြီး ခေါင်းမော့ မှုတ်ထုတ်လိုက်တယ်။
အငွေ့တွေ ဖုံးလွှမ်းနေတဲ့ မွန်းကြပ်စရာလေထုထဲကို နောက်ထပ်မွန်းကြပ်စရာတွေ မှုတ်ထုတ်လိုက်တော့လည်း ရင်ဘတ်ထဲမှာ ဗလာဖြစ်မသွားတဲ့ မွန်းကြပ်မှုက အရာမယွင်း။
စီးကရက်တိုလေး ထိပ်က မီးစရဲရဲကို လက်ညိုးနဲ့လက်ဖ ဖိညှပ်ခြေချလိုက်တော့ ပူစပ်သွားတဲ့ လက်ထိပ်တွေကလည်း ဒီရင်ဘတ်ကြီးကို ကယ်တင်နိုင်စွမ်း နတ္ထိပဲ။

ADORE [Completed]Where stories live. Discover now