အပိုင်း - ၂၇ ( Zawgyi + Unicode )

Start from the beginning
                                    

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ LGBT ဆိုင်ရာ ကျန်းမာရေး လိင်ပညာပေး ဟောပြောပွဲတစ်ခု ဖြစ်မြောက်အောင် ဝါရင့်ဆရာဝန်ကြီးများရဲ့ ဦးဆောင်မှုကို ခံယူပြီး သူတို့ လူငယ်ဆရာဝန်များက စုပေါင်း ကြိုးစား စီစဉ်ခဲ့ကြတာ ဖြစ်သည် ။

ပွဲကျင်းပရာ ခန်းမအတွင်းကို လှမ်းကြည့်မိတော့ Transman တွေရော ၊ Transwoman တွေရော ၊ လူငယ်တွေရော တော်တော်များများ လာကြတာတွေ့ရတော့ ဒီပွဲလေးကို ဖြစ်မြောက်အောင် စီစဉ်ရကြိုးနပ်သားဟု တွေးကာ ဝမ်းသာရသေးသည် ။ သူတို့လေးတွေ သိသင့်သိထိုက်တာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိသွားပြီး သူတို့ဘဝလေးတွေကို အထိအခိုက်မရှိ ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ဖို့က အဓိက ရည်ရွယ်ချက်ပေမို့ ဒီလို တက်တက်ကြွကြွ လာရောက်နားထောင်ပေးတာကိုပဲ ကျေနပ်စရာဟု မှတ်ယူရပါသည် ။

အစမှာ မဝံ့မရဲပုံစံနဲ့ ရှိုးတို့ရှန့်တန့်ဖြစ်နေတဲ့ လူငယ်လေးတွေဟာ ပထမဆုံး ဟောပြောတဲ့ ဆရာဝန်ကြီးရဲ့ ဟာသနှောတဲ့ အပြောအောက်မှာ ရယ်မောကြရင်း နည်းနည်းတော့ ပေါ့ပေါ့ပါးပါး ဖြစ်လာကြပုံရသည် ။ ဆရာဝန်ကြီးက မေးလိုက် သူတို့လေးတွေက အော်ပြီးဖြေလိုက်နှင့် ပွဲလေးက နွေးနွေးထွေးထွေး စည်စည်ကားကားလေး ဖြစ်နေ၏ ။

သူ စင်ထောင့်တစ်နေရာမှ ပြုံးကာ ကြည့်မိနေရင်း သူ့မျက်လုံးက တစ်စုံတစ်ယောက်ကို လှမ်းပြီး မြင်မိလိုက်ချိန်မှာတော့

ဟင် အသာ..... ။

အသာ့ဘေးမှာ တွဲပြီးထိုင်နေသူက ဗညား ။

ထင်မှတ်မထားတဲ့ မြင်ကွင်းက သူ့ငယ်ထိပ်အား နွေခေါင်ခေါင်မှာ မိုးကြိုးအစင်းစင်း ပစ်ခွင်းချလိုက်သလို ။

အသာ့ကို ဗညားနှင့်အတူတွဲပြီး ဒီလိုပွဲမျိုးမှာ တွေ့ရလိမ့်မယ်လို့ ဘယ်လိုမှ ထင်မှတ်မထားတာကြောင့် လူက အတွေးတွေနဲ့ ယောက်ယက်ခတ်လာကာ ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်လာရသည်အထိ တုန်တုန်လှုပ်လှုပ် ဖြစ်မိသည် ။

ကယောင်ခြောက်ခြားနဲ့ စင်နောက်က အခန်းထဲ ဝင်လာမိတော့

" ဟဲ့ ဆက်စေ ဘာဖြစ်လာတာလဲ "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now