မြင်းစီးခြင်း အနုပညာ

983 92 20
                                    

Chanyeol တစ်ယောက် အကြီးတန်းအရာရှိတွေရဲ့ အဆောင်နဲ့ မခွဲခွာချင်ပေမယ့်လည်း သူသွားရတော့မယ်။ သူ့အဖွဲ့ကလူတွေ၊ အထူးသဖြင့် သူ့သူငယ်ချင်းဟာဖြင့် သူ့အတွက် အတော်စိုးရိမ်နေမှာပဲ။ Daeryeong ဝတ်စုံပြောင်းဝတ်ပြီးတဲ့ Yifan က သူ့ကို တပ်သားလေးတွေရဲ့ အဆောင်ဆီ လမ်းလျှောက်ပြီး ပြန်လိုက်ပို့နေတာပေါ့။

"ကျွန်တော့်ကို ပြန်လိုက်ပို့စရာမလိုပါဘူး Yifan-sshi"

သူ့အဆောင်နားတောင် ပြန်ရောက်တော့မယ်။ Chanyeol က ဒီစကားကို ထပ်ခါထပ်ခါ ပြန်ပြောနေဆဲ။

"ရပါတယ် Chanyeol" Yifan က သူ့ခါးအောက်ပိုင်းကို လှမ်းဖက်လိုက်ရင်း ပြောလိုက်တယ်။

"ငါကိုက မင်းကို ပြန်လိုက်ပို့ချင်တာပါ။"

Wow ..

Yifan ရဲ့ manners တွေကို Chanyeol ကြွေနေပြီလေ။ နေပါဦး .. ဒါဆို .. သူများတွေက .. ငါတို့နှစ်ယောက်ကို အတူတူ မြင်သွားတော့မှာမလား??!! Chanyeol စိတ်တွေ ကစဉ့်ကလျား ဖြစ်လာတယ်။

ဘာလုပ်ရမှန်းမသိ တုန်ယင်နေတဲ့ Chanyeol ကို Yifan က တလွဲ ထင်မြင်မိသွားတယ်။

"Chanyeol .. မင်းအဆင်ပြေရဲ့လား?" သူ့ကိုလှမ်းမေးနေတဲ့ ဆရာကို လှည်ပြန်လှည့်ကြည့်လိုက်တဲ့အခါ ဆရာက မျက်လုံးအပြူးသားနဲ့ သူ့ကို စိတ်ပူနေလေရဲ့။ ပါးတွေကလည်း နီမြန်းလို့။

"မင်း ခန္ဓာကိုယ်က အဆင်ပြေရဲ့လား?"

"ကျွန်တော့် .. ကျွန်တော့်ခန္ဓာကိုယ် ..

ကျွန်တော့်ခါး အဆင်ပြေပါတယ် .. စိတ်ပူစရာမလိုပါဘူး။"

Chanyeol ရဲ့ တုံ့ပြန်မှုအပေါ် Yifan အံ့သြသွားပေမယ့် သူရယ်လိုက်ပါတယ်။

"စိတ်ပူပေးရမယ့် တာဝန် ကိုယ့်မှာရှိတယ် Chanyeol ရဲ့" Yifan က သူ့ခါးအောက်ပိုင်းကို ထပ်ပွတ်ပေးလိုက်ချိန် Chanyeol အဲဒီလက်ကို မဆုတ်သွားစေချင်ခဲ့ဘူး။ ထပ်တောင်းဆိုဖို့ရာလည်း မသင့်တော်တဲ့နေရာဖြစ်နေတော့ သူအခက်တွေ့နေတော့တာပေါ့။

"ဆရာ .. ကျွန်တော့်ကို သေချာ .. သင်ပေးခဲ့ပါတယ်။" Chanyeol က ရှက်ရှက်နဲ့ ခေါင်းငုံ့ပြောတယ်။

ဗိုလ်ချုပ်ကြီး  Wu [Yifan x Chanyeol] (Completed)Where stories live. Discover now