ငါ့ကို လာမစမ်းစမ်းနဲ့ Park Chanyeol! [Zawgyi]

88 4 0
                                    

သူတို့နှစ်ယောက်ရဲ့ အချစ် သင်ခန်းစာကြီး အပြီးမှာတော့ Daeryeong ရဲ့ အိပ်ခန်းထဲမှာ Chanyeol အိပ်ပျော်သွားခဲ့ပါတယ်။ ပျော်လွန်းလို့ ကျေနပ်လွန်းလို့ တိမ်ပေါ်ထိတောင် ကခုန်ချင်စိတ်ပေါက်နေတယ်ဆိုတာတော့ သူမငြင်းချင်ခဲ့ဘူးလေ။ သူ့အချစ်ရဆုံးနဲ့ တစ်ကုတင်တည်း အိပ်ရမယ်လို့ သူ့ရဲ့ အရိုင်းဆုံးအိပ်မက်တွေထဲမှာတောင် ထည့်မမက်ဖူးဘူး။ ဒါပေမယ့် သူ လက်တွေ့ကို မမေ့ပါဘူး။ ခဏကြာရင်တော့ သူ့အဆောင်ကို သူပြန်သွားရတော့မှာဖြစ်သလို အခုချိန်ထိလည်း သူဟာ တပ်သားတစ်ယောက်ပါပဲလေ။

ခန္ဓာကိုယ်ကို တစ်ဖက်လှည့်လိုက်တော့ ဘေးနားမှာ ဘယ်သူမှမရှိ။ ဘေးနားက လွတ်နေတဲ့ လေဟာပြင်ကြောင့် သက်ပြင်းချမိလိုက်တယ်။ အိပ်ရေးမဝသေးတာမို့ ပြန်လည်အိပ်ပျော်တော့မည့်အခိုက် ...

"Chanyeol?" ကတ္တီပါကဲ့သို့ နူးညံ့နေတဲ့ Yifan ရဲ့ အသံကြောင့် သူသတိပြန်ဝင်လာတယ်။

"D-Daeryeong!" ဆတ်ခနဲ ထထိုင်လိုက်ပြီးမှ သူ့ကိုယ်သူ အဝတ်မပါမှန်း သတိထားမိတယ်။ Yifan ကတော့ အဝတ်ဝတ်ပြီးနေပြီ။ ဗိုလ်ချုပ်ကြီး ဝတ်စုံပြည့်နဲ့ မဟုတ်ဘဲ သာမန် အရပ်သား အဝတ်အစား ဝတ်ထားတဲ့ Yifan ရဲ့ ပုံရိပ်က Chanyeol နှလုံးသားကို အရည်ပျော်စေခဲ့တယ်လေ။ အဖြူရောင် v-neck အကျီလေးနဲ့ အပြာရောင် ဘောင်းဘီရှည် ဝတ်ထားတဲ့ သူ့ဆရာရဲ့ ပုံရိပ်က သူ့စိတ်ထဲ စွဲကျန်နေတာပေါ့။

Yifan က သူ့လက်ထဲက ရေဘူးကို လှမ်းပေးရင်း "ရော့ ... မင်းတော်တော် အိပ်ပျော်သွားတာပဲ ..""အား .. တောင်းပန်ပါတယ်.." ရေဘူးကို လှမ်းယူရင်း ရှက်နေမိတယ်။ "ကျွန်တော် .. ဘယ်လောက်ကြာအောင်?"Yifan က လှောင်ပြုံး ပြုံးလိုက်ရင်း သူ့စားပွဲဆီ ပြန်အသွား Chanyeol ကတော့ သောက်နေတဲ့ရေ နင်သွားတယ်လေ။"အင်း မင်း မနက်ပိုင်း roll call လွတ်သွားပြီ .."

သေပြီ!! အာ့မှ တကယ်သေပြီ!! တပ်မှူး ကတော့ တာဝေး ၁၀ပတ်လောက် ဒဏ်ခတ်တော့မှာပဲ!! Chanyeol ဒီကနေ ထွက်သွားပြီး အဖွဲ့ကို အမှီလိုက်ရတော့ပဲ။ မနက်ပိုင်း တာဝန်ကျ တပ်မှူးကတော့ သူ Daeryeong အခန်းထဲကို ဖိတ်ကြားခြင်း ခံရတာ သိမှာမဟုတ်ဘူးလေ။ ဒါကြောင့်မို့ တခြား ဖြစ်နိုင်ချေ ရှိတဲ့ ဆင်ခြေတစ်ခုပဲ သူပေးရတော့မှာပေါ့။

ဗိုလ်ချုပ်ကြီး  Wu [Yifan x Chanyeol] (Completed)Where stories live. Discover now