အသစ်တစ်ခုကို စမ်းကြည့်ခြင်း

3.8K 249 18
                                    

စစ် ဆိုတာ လူတွေရဲ့ ဘဝအမြင်ကို ပြောင်းလဲစေနိုင်တဲ့အရာတစ်ခု၊ တစ်ခါတစ်လေမှာ ထိုသူတွေရဲ့ ဘဝကို လုံးဝ ၁၈၀ ဒီဂရီအထိ ပြောင်းလဲသွားစေနိုင်တယ်။ စစ်မြေပြင်မှာ ဆက်ပြီး အသက်ရှင်ရပ်တည်နိုင်ဖို့ နဲ့ အောင်နိုင်မှုတွေ ရရှိနိုင်ဖို့အတွက် စိတ်သဘောထားနူးညံ့တဲ့သူတွေတောင် ကြမ်းတမ်းတဲ့ စစ်ရဲ့ သတ္တဝါ ကောင်တွ အဖြစ် ပြောင်းလဲလာကြတယ်။ စစ်ထွက်နိုင်တဲ့သူတွေကတော့ ဂုဏ်ယူမြှောက်စားခြင်းကို ခံရပြီး စစ်ထွက်မတိုက်နိုင်တဲ့သူတွေကတော့ ချောင်ထိုးခံရတယ်လေ။ ဒီလိုအချိန်အခါမှာ လူငယ်တွေက သူတို့ထက်ပို အတွေ့အကြုံရှိတဲ့ အကြီးတွေဆီက စမ်းသပ်မှုနဲ့ ထောက်ခံမှူကို မဖြစ်မနေ ခံယူကြရတယ်။ သူတို့ရဲ့ သစ္စာစောင့်သိမှု၊ သူတို့ရဲ့ တိုက်ရည်ခိုက်ရည် စွမ်းရည်တွေအပြင် သူတို့ရဲ့ ယောကျာ်းပီသမှုတွေကို သက်သေပြနိုင်ဖို့ပေါ့။ 

ဟိုအရင်ခေတ် စစ်ပွဲကာလခေတ်တုန်းကတော့ ငယ်ရွယ်တဲ့ ယောကျာ်းလေးတွေက သူတို့ကို တိုက်ခိုက်မှု အခြေခံ၊ စစ်ဗျူဟာတွေအပြင် လိင်မှုကိစ္စ ကိုပါ သင်ပေးနိုင်မယ့် ဆရာတစ်ယောက်ကို ရှာရတယ်ဆိုတာ ထုံးတမ်းစဉ်လာ တစ်ခုပဲ။ ဒါကြောင့် ကိုယ်ဟာ အဲဒီအသက်အရွယ် လူငယ်တစ်ယောက် ဖြစ်နေပေမယ့် ဆရာတစ်ယောက်ကို မရှာနိုင်သေးဘူးဆိုရင်တော့ ကိုယ့်ကို လူအများက ထူးဆန်းတဲ့သတ္တဝါတစ်ကောင်အလား ရှံ့ချတဲ့အမြင်နဲ့ ကြည့်ကြတော့မှာဖြစ်တယ်။ Park Chanyeol ဆိုတဲ့ ငယ်ရွယ်တဲ့ Jangjeong (တပ်သားသစ်) တစ်ယောက်ကလည်း ဒီလိုအထင်အမြင်သေးခံရမှာကို လက်တလော အကြောက်ဆုံး ဖြစ်နေတယ်လေ။

 "ဒီမှာ တခြားဆရာတွေလည်းရှိတယ် ဆိုတာ မင်းသိတယ်မလား?" ဝရမ်းအရာရှိတစ်ယောက်ရဲ့ တပည့်အဖြစ် ခံယူထားတဲ့သူ့သူငယ်ချင်းတစ်ယောက်က ပြောတယ်။ "ဘာဖြစ်လို့ သူ့ကိုမှ တမ်းတမ်းစွဲ ဖြစ်နေရတာလဲ?" 

"ဘာလို့လဲဆိုတော့!!" Chanyeol က ခပ်တည်တည်ပဲ ပြန်ဖြေပေးလိုက်တယ်။ "တစ်ယောက်ယောက်ကသာ ငါ့ဆရာလုပ်မယ်ဆို သူပဲ ဖြစ်ကိုဖြစ်မှရမှာ!" 

"သူ မင်းကို လက်ခံမှာ မဟုတ်ဘူးဆိုတာ မင်းမသိတာလား? မင်းက သူ့ကို တွေ့လိုက်တာနဲ့ ဒါပဲမေးနေတော့တာ။ သူဘယ်လောက်တောင် စိတ်ရှုပ်နေမလဲ မင်းတွေးကြည့်ပါလား?" သူ့သူငယ်ချင်းက ခေါင်းကို ခါရမ်းရင်း သက်ပြင်းချကာ အဝေးကို ထွက်သွားပါတော့တယ်။ 

ဗိုလ်ချုပ်ကြီး  Wu [Yifan x Chanyeol] (Completed)Where stories live. Discover now