အပိုင်း ၂၀

Start from the beginning
                                    

"ကျနော် အကြောင်းမကြားပဲရောက်လာရတာအားနာပါတယ်.မာမားနဲ့ပါပါး..ကျန့်ကော အံ့သြသွားအောင်လည်းလုပ်ချင်တာကြောင့်"

ခေါင်းလေးညွတ်ရင်း တရိုတသေပြောနေတဲ့ရိပေါ်ကို
ရှောင်ကျန့်ကနှာခေါင်းရှူံ့တယ်

"ပြောစရာမလိုပါဘူး ရိပေါ်လေးရယ်..မဟုတ်ရင်လည်းတွေ့ချင်နေတာ.. ငယ်ငယ်က မာမားတို့မြို့ကိုအလည်လာတုန်းတစ်ခေါက်လားပဲတွေ့လိုက်ရတာမဟုတ်လား.. အခုတော့ညြ့်ဦး လူပျိုပေါက်လေးကိုဖြစ်လို့"

ရိပေါ်ရဲ့အပြူံးချိုချိုတွေက ဒလဟော ယိုဖိတ်စီးဆင်းနေတယ်

"ကျန့်ကျန့်ကရိပေါ်လေးကိုသိပ်ချစ်ရှာတာ"

ပါပါးရဲ့စကားသံကြားတော့ ရှောင်ကျန့် ထမင်းနင်ပြီး ရင်ဘတ်ကို သုံးလေးချက်လောက်ထုလိုက်ရတယ်
ရိပေါ်ရဲ့လက်ဖဝါးတစ်ဖက်ကလည်း စားပွဲခုံအောက်က ရှောင်ကျန့်လက်ပေါ်ကို ခပ်ဖွဖွဆုပ်ကိုင်လာတယ်
ပါပါးကတော့ ဂရုမစိုက်ဘူး သူ့လိုရင်းကိုဆက်တယ်

"ကျန့်ကျန့် နိုင်ငံခြားမသွားခင် စာမေးပွဲအပြီး အိမ်ကိုခဏပြန်လာတော့ ရိပေါ်လေးကို မခွဲချင်ဘူးဆိုပြီး အမြဲမျက်ရည်လေးတစမ်းစမ်းနဲ့.. ပါပါးတို့မှာ မသိတော့ ရည်းစားနဲ့ခွဲရလို့ငိုနေတယ်ထင်တာ"

"ဟုတ်ပ ဟုတ်ပ"

မာမားကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံနေပေမယ့် ပါပါးအတွက် ငါးအရိုးနွှင်ပေးနေတာမပျက်ဘူး
ပါပါးက ရှောင်ကျန့်ငယ်ငယ်ကအကြောင်းတွေကိုပါဖောက်သယ်ချနေတာ ရိပေါ်ကလည်း သဘောတွေကျလို့
နောက်ဆုံး ရှောင်ကျန့် ပါပါးရဲ့ စက်ဘီးကို ခိုးယူစီးပြီး မြောင်းထဲပြုတ်ကျတဲ့အကြောင်းတွေပါရောက်ကုန်လို့ ရှောင်ကျန့် အတင်းဝင်တားရတယ်
အငယ်ရှေ့မှာ သိက္ခာလေးနည်းနည်းတော့ ချန်ထားပါရစေ ပါပါးရေ

"ပါး...ရေ..လို့"

ဘာရယ်မသိဘူး ရှောင်ကျန့် မျက်နှာတွေတောင်ပူနေပြီ
ရှောင်ကျန့် ရဲ့ တစ်ကိုယ်လုံးကိုလှုပ်ခါပြီး ချွဲအီနေတဲ့အသံလေးက ရိပေါ်ရဲ့ နှလုံးသာကို ခံနိုင်ရည် အဝီစိအထိကျဆင်းစေတယ်
စားပွဲခုံအောက်က ရှောင်ကျန့်ရဲ့လက်တွေကို ရိပေါ် ပိုပြီး တင်းကျပ်အောင်ဖြစ်ညှစ်လိုက်မိတာပါပဲ
............................

ADORE [Completed]Where stories live. Discover now