အပိုင်း - ၂၅ ( Zawgyi + Unicode )

Start from the beginning
                                    

အကိုက ဦးလေးကြီးတစ်ယောက်နှင့် ရပ်ပြီး စကားပြောနေသဖြင့် သူလည်း ဟိုဟိုဒီဒီအကဲခတ်နေရင်း အခန်းရဲ့ရှေ့တည့်တည့်မှာ ရှိတဲ့ ကျောက်သင်ပုန်းပေါ်မှ စာလုံးတစ်ချို့ကို မြင်မိလိုက်ချိန်မှာ သူ့ကမ္ဘာဟာ ခေတ္တခဏ ရပ်တန့်သွားသလို ။

" ခိုလှုံရာ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာအတွက် တစ်နေ့စာ အာဟာရကို မွေးနေ့ရှင် ထင်းထင်သာမှ ဒါနပြု လှူဒါန်းပါသည် "

ဆိုသော စာသားလေးဟာ ကြည်နူးစိတ်နှင့် ဝဲတက်လာသော သူ့ မျက်ရည်များကြားမှာ မှုန်ဝါးသွားလေသည် ။

အကို့ရဲ့ Surprise တွေက ဒီနေ့အဖို့ ပြီးဦးမှာလားဗျာ ။ အံ့သြရ , ကြည်နူးရ , ပီတိဖြစ်ရ , ရင်ခုန်ရနဲ့ ဒီလူရဲ့ စိတ်ကလည်း မြော့မြော့ပဲ ကျန်ပါတော့တယ် အကိုရေ ။

စကားပြောလို့ပြီးသွားပုံရတဲ့ အကိုက ခပ်တောင့်တောင့်ရပ်နေမိတဲ့ သူ့အနားကို လျှောက်လာရင်း

" ဒါ ကိုယ့်ရဲ့ ဒုတိယ မွေးနေ့လက်ဆောင်ပါ အသာ  "

သူ့မှာ စိတ်လှုပ်ရှားလွန်း၍ ဘာမှတောင် တုန့်ပြန်ပြီး မပြောနိုင် ။ မင်သက်မိတယ် ဆိုတာ ဒီလို ခံစားမှုမျိုးကို ပြောတာနေမှာ ။

ထိုအချိန်မှာပဲ ကလေးတွေရဲ့ ' မွေးနေ့ရှင် အကိုကြီး ကျန်းမာပါစေ ချမ်းသာပါစေ ' ဟူသော ဆုတောင်းသံကို အကြားမှာ လူက မျက်ရည်ပေါက်ပေါက်ကျလေသည် ။

အကိုက သူ့ပခုံးလေးကို ခပ်ဖွဖွဖက်ရင်း

" ကိုယ်က အသာ့ကို ပျော်စေချင်လို့ လုပ်ပေးတာလေကွာ ၊ ခုတော့ ငိုအောင်လုပ်မိသလို ဖြစ်နေပြီ "

" ကျွန်တော်...ကျွန်တော် ပျော်လွန်းလို့ မျက်ရည်ကျမိတာပါ ၊ ငိုတာ မဟုတ်ပါဘူး အကို ၊ အကို့ကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ် ၊ ကျွန်တော့်အတွက် ဒီလို အဓိပ္ပါယ်ရှိတဲ့ မွေးနေ့လေးတစ်ခုအဖြစ် ဖန်တီးပေးလို့ "

" ကျေးဇူးတင်စရာ မလိုပါဘူး အသာရယ် ၊ ကိုယ့်ကြောင့် အသာပျော်တယ်ဆိုရင်ပဲ ကိုယ့်အတွက်က ပြည့်စုံနေပါပြီ "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now