အပိုင်း - ၂၂ ( Zawgyi + Unicode )

Start from the beginning
                                    

မင်းမျက်နှာလေးကို အရိပ်တကြည့်ကြည့်နဲ့ မျက်ရှု လုပ်နေမိလို့ သိတာပါလို့ ဘယ်လိုပြောထွက်ပါ့မလဲ ။

" ဒီလိုပဲ သိတာပေါ့ "

" ကျွန်တော်က အဲ့လောက်တောင် သိသာနေတာလား "

" သိသာတာတော့ မဟုတ်ပါဘူး ၊ ကိုယ်က ဒီလိုပဲ ထင်လို့ မေးကြည့်တာပါ "

" ပျော်စရာ ကိစ္စလေးတစ်ခုရှိတာတော့ ဟုတ်တယ် ၊ ဒါပေမယ့် အကို့ကိုတော့ ပြောမပြချင်သေးဘူး  "

" ဘာဖြစ်လို့လဲ ဘာကိစ္စမို့လို့လဲ "

" ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး ၊ အကို့ကို အခုမပြောသေးဘူးဆိုပေမယ့် နောက်တော့ ပြောပြမှာပါ ၊ ကျွန်တော့်မှာလည်း တိုင်ပင်အားကိုးရမယ့်သူဆိုလို့ ဗညားနဲ့အကိုပဲ ရှိတာ ၊ ကျွန်တော် အကို့ကို ပြောပြဖို့ အားမွေးလိုက်ဦးမယ် "

ဗညားနဲ့အကိုပဲ ရှိတာတဲ့ ။ ဘာလို့ အကိုနဲ့ဗညားပဲ ရှိတာလို့ မသုံးနှုန်းရတာလဲ ။ သူ့အပေါ်ထားတဲ့ အသာ့ရဲ့ သံယောဇဉ်က ဗညားနဲ့ယှဉ်ရင် နောက်မှာပဲ ရှိနေသေးတုန်းလား ။

ဟာကွာ...ဘာလို့ အဲ့လောက်ထိ လျှောက်တွေးမိနေတာတုန်း ။ ကလေးကလားတွေ...။ ကိုယ့်အသက်အရွယ်က အဲ့လောက်ထိ အလေးဆန်ဆန်အတွေးတွေနဲ့ Sensitive ဖြစ်ရမယ့်အရွယ်လည်း မဟုတ်ဘဲနဲ့ ။

ဒါနဲ့...နေပါဦး ။ အသာက ရည်းစားရလာတာတော့ မဟုတ်လောက်ဘူး မှတ်လား ။ ဒီအရွယ်ယောက်ျားလေးတွေရဲ့ ပျော်စရာကိစ္စဆိုတာ ရည်းစားဆီက အဖြေရလာတာမျိုးအပြင် နောက်ထပ် ဘာကိစ္စများ ရှိနိုင်သေးလဲ ။

စဉ်းစားစမ်း....ဆက်စေ....စဉ်းစားစမ်း ။

" အကို့ လာစားလေ ၊ မျက်မှောင်ကြီးကြုတ်ပြီး ဘာတွေ စဉ်းစားနေတာလဲ "

အသာက အတင်းစားခိုင်းလို့သာ စားလိုက်ရသည် ။ သူ့မှာ ရေမုန့်အရသာကိုပင် ဘာမှန်း သေချာမသိလိုက်ချေ ။

လူနာလာလို့ ဆေးကုနေတဲ့အချိန်ကလွဲရင် အသာ့အကြောင်းကပဲ သူ့ခေါင်းထဲမှာ အချိန်ပြည့် ။

လူနာစမ်းသပ်ခန်းထဲကနေ အသာ့အား လှမ်းကြည့်မိတော့ အသာက စာအုပ်တစ်အုပ်ကို ဖွင့်လျက်အနေအထားဖြင့် ထိုစာအုပ်အား ပြုံးပြီးစိုက်ကြည့်နေသည်မှာ ပတ်ဝန်းကျင်ကိုပင် မေ့နေဟန် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now