အပိုင်း - ၁၉ ( Zawgyi + Unicode )

Start from the beginning
                                    

***********

" အဲ့ဒီအမျိုးသမီးဟာ ဆက်စေကိုဆိုရင် သိပ်အရေးပေးတာပဲ "

" ဟုတ်ပါ့ မေမွန်ရယ် ၊ သူတို့အိမ်မှာ ထမင်းဖိတ်ကျွေးတဲ့နေ့တုန်းကလည်း ကြက်သဲကြက်မြစ်ဟင်းထဲက အသဲတွေကို ဆက်စေပန်းကန်ထဲ အတင်းထည့်ပေးတာ ၊ ငဂျီးထူဆက်စေက ကျွန်တော် အသဲမကြိုက်ဘူးဆိုပြီး မင်းသီဟပန်းကန်ထဲ သွားပြန်ထည့်လိုက်ရော အဲ့ဒီမိန်းမ မျက်နှာဟာလေ တစ်ခါတည်း အီလည်လည်ကြီးဖြစ်သွားတာများ သိပ်ရယ်ရတာပဲ "

" အဲ့ဒီနေ့က ဆက်စေရယ် မင်းသီဟရယ် စိုးကျော်ရယ်က လူကြီးတွေဝိုင်းမှာ စားတာမဟုတ်လား ဟေမာရဲ့ ၊ နင်က ဒါတွေ ဘယ်လိုလုပ်သိတာလဲ "

" ငါ အဲ့မိန်းမကို အမြင်ကတ်လို့ သူဘာလုပ်မလဲ လိုက်ခိုးကြည့်နေတာလေ ၊ သိတာပေါ့ ဟားဟားးးး "

ထမင်းစားရင်း အပြန်အလှန်ပြောနေကြသော မမမွန်နှင့် မဟေမာတို့စကားကြောင့် သူ လှမ်းကြည့်မိတော့ ခြံဝိုင်းရှေ့မှာ အကိုက ထိုအမျိုးသမီးနှင့် ရပ်ပြီး စကားပြောနေသည် ။

ထိုအမျိုးသမီးပြောသမျှကို တော်တော်ကြီး စိတ်ဝင်စားပုံဖြင့် နားထောင်နေသော အကို့ကို မြင်ရတာ သူ့စိတ်ထဲ အဆင်မပြေ ။ ဝမ်းနည်းလာသလိုကြီး ။

အဆင်မပြေလို့ရော ဘာများတတ်နိုင်မှာတဲ့လဲ ။ သူနဲ့အကိုက ဘာမှမဆိုင်တဲ့ သူတွေပဲလေ ။

ဒီကိစ္စလောက်လေးနဲ့ ဒီလောက်ခံစားနေရရင် တစ်ချိန် အကိုသာ အိမ်ထောင်ပြုသွားရင် မင်း ဘယ်လိုလုပ်မလဲ ထင်းထင်သာ..... ။

ကိုယ့်ဘဝကိုယ် သိစမ်းပါကွာ ။

အဖက်ဖက်က ပြည့်စုံတဲ့ အကို့လို လူတစ်ယောက်ကို ချစ်မိရင် ဒီလိုအရာတွေကိုတော့ ခံနိုင်ရည်ရှိဖို့ လိုအပ်သည်မဟုတ်လား ။  အထူးသဖြင့်  အကို့အား ဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရှိလာမှာ မဟုတ်သည့် သူ့လို တစ်ဖက်သတ်သမားတစ်ယောက်အတွက်ပေါ့ ။

တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ အကိုနဲ့ပတ်သက်တဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ဘယ်လောက်ပဲ အခါခါ ကြိုးစား ဆုံးဖြတ်မိနေလည်းပဲ အကို့ရှေ့ရောက်တာနဲ့တပြိုင်နက် ထိန်းချုပ်ပြီး နေဖို့တွေ ဘာတွေကို အကုန်မေ့ကာ အကို့ထံ ပျော်ဝင်စီးမျောသွားမိမြဲ ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now