အော်ကာ တွန်းထုတ် ရုန်းကန် ပေမယ့်
သူက အတင်း ဖက်ထားသည်။

"မင်း မကြိုက်ပေမယ့် ငါ ကြိုက်တယ်
မင်းရဲ့ နူးညံ တဲ့ အထိအတွေ့က ရူးလောက်တယ်
နွေးထွေးအိစက်နေတဲ့ ပါးပြင်လေး ကို ငါကြိုက်တယ်
မင်းက ငါ့ဆီ ပြန် လာတာ
ငါက အတင်းခေါ်တာ  မဟုတ်ဘူး "
ဟုပြောကာ လက်များက ပါးပြင်ကို ပွတ်သတ်ကာ
နမ်းဖို့ကြိုးစားနေတယ်

ကျနော် လည်း သူ့ကို
တွန်းထုတ် ကာ ရုန်းကန်ရင်း မျက်ရည်များ တာကျိုးသလို
ကျလာရတော့သည်။

ကိုကိုရေ ကျနော်တော့ ဘဝ ပျက်ပီ ထင်တယ်
ကိုကိုရေ ကျနော် ဘယ်လိုလုပ်ရမလဲ

ဟင့်အင်း ကျနော် ကိုကိုကလွဲ ပြီး ဘယ်သူကိုမှ မချစ်နိုင်ဘူး

*ခွပ်*

ကျနော့်ကို အုပ်မိုး ထားတဲ့ jackအား ဆွဲထိုးပစ်လိုက်သည့် လူတစ်ယောက်

"ကိုကို!!!!!"

ကိုကို က လဲကျ သွားတဲ့ jack  အပေါ်က နေ

အဆက်မပြတ် လှိမ့် ထိုး နေသည်။

"အဲ့ တာ ငါ့ညီ မင်းလို ခွေးမသား က
ငါ့ညီ ကို စော်ကား ဖို့ ကြိုးစား တယ်ပေါ့
မင်းက သေ သင့် တဲ့ ကောင်
မင်းကို သတ်ပြီး ကြိုးစင် တက်မယ်!!!"

တစ်ချက်ပြီး တစ်ချက်ထိုးနေတာကြောင့်
ကိုကို့ လက်ကို ကိုင်ကာ အတင်းတာလိုက်သည်။

*အာ့*
အတင်းဆွဲနေသော ကျနော့်ကို တွန်းထုတ်လိုက်သောကြောင့်
ကျနော် လဲကျသွားသည်။ နံရံနှင့် တိုက်မိသော်ကြောင့်
ကျော်ပြင်တစ်ခုလုံး အောင့်တက်သွားရသည်။

မျက်နှာ တစ်ခုလုံး နီရဲကာ ဒေါသအရှိန် ကို မထိန်းနိုင်သော
ကိုကိုက ဘီလူးသရဲတစ်ကောင် အလားပင်

ကျနော့်ဘဝ မှာ ဒါမျိုးတစ်ခါ မှ မမြင်ဘူးသော်ကြောင့်
အမှန်ပင် လန့်သွား ရသည်။
ကိုကိုက ကျနော့် အပေါ် ဘယ်လောက်စိတ်ဆိုးနေပါစေ
တခါမျှ လက်ပါခြင်း မရှိခဲ့။

ဒေါသ အရိပ်တွေ တခိုးခိုးထနေသော ကို့ကို့ ရဲ မျက်လုံးများ
သည် မဲမဲမြင်ရာ အကုန်ထိုးမည့် အတိုင်းပင်

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now