အပိုင်း - ၁၄ (Zawgyi + Unicode)

Start from the beginning
                                    

ခဏနေ ရှက်ရ ၊ ခဏနေ ရင်ခုန်ရနဲ့ ဒီခရီးကပြန်ရင် နှလုံးရောဂါရပြီး ထင်းထင်သာတို့ အကောင်းအတိုင်းတောင် ကျန်ပါတော့မလားပဲ ။

ခပ်ဖွဖွ ဆုပ်ကိုင်ထားတဲ့ အကို့လက်က အထိအတွေ့ကို ခံစားရင်း ဇော်ပိုင်ရဲ့ သီချင်းတစ်ပုဒ်ကိုသာ အော်ဟစ်ဆိုပစ်လိုက်ချင်စိတ် ပေါက်လာတော့သည် ။

ရင်ခုန်ရလွန်းလို့ ရူးမှာပဲ...... ။

********************

သူတို့ တောင်ကြီးကိုရောက်တော့ မှောင်စပြုနေပြီ ။ မနက်ဖြန် မနက်စောစောကျမှ ရွာတွေဘက်ကို ခရီးဆက်ကြမှာမို့ ဒီညတော့ တောင်ကြီးက Hotel တစ်ခုမှာပင် တည်းဖို့ ရန်ကုန်ကတည်းက ကြိုပြီး Booking လုပ်ထားကြသည် ။

တည်းမည့် Hotel ကိုရောက်တော့ ဒီခရီးစဉ်အစအဆုံးကို စီစဉ်တဲ့ အဖွဲ့ရဲ့ဦးဆောင်သူ မင်းသီဟက

" ငါတို့က စုစုပေါင်း ၁၅ ယောက်ဆိုတော့ ငါ အခန်း ၈ ခန်း ငှါးထားတယ် ၊ နှစ်ယောက်ခန်း ခုနစ်ခန်းနဲ့ တစ်ယောက်ခန်း တစ်ခန်း ၊ မိန်းကလေး ၆ ယောက်ကလည်း ကိုယ့်ဟာကိုယ် ညှိပြီး နှစ်ယောက်တစ်ခန်း နေလိုက်ကြနော် ၊ ကျန်တဲ့ယောက်ျားလေးတွေလည်း နှစ်ယောက်တစ်ခန်း နေကြ ၊ အော ဆက်စေ....မင်းက ထုံးစံအတိုင်း တစ်ယောက်ခန်းပဲ ယူမှာမဟုတ်လား ၊ မင်းညီလေးကို ငါ့အခန်းမှာ ခေါ်ထားလိုက်မယ် "

" ရတယ် သီဟ ၊ ငါ့ညီနဲ့ ငါ နှစ်ယောက်ခန်းမှာပဲ နေတော့မယ် "

" မင်း အဆင်ပြေလို့လား ဆက်စေ ၊ မင်းညီလေးကို ငါခေါ်ထားလို့ ရတယ်နော် အားမနာနဲ့ "

" ရတယ် ရတယ် ၊ ငါအဆင်ပြေတယ် သီဟ "

အသာ့ကို ကိုယ့်အနားမှလွဲ၍ ဘယ်သူနဲ့မှ မထားနိုင်ပါ ။

" အေး အေး ၊ ဒါဖြင့် ပြီးရော ၊ ကဲ အားလုံးပဲ သော့တွေယူပြီး နားလို့ရပြီ ၊ ညစာက ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ထွက်စားလိုက်ကြကွာ နော် ၊ မနက် ၇ နာရီမှာ ရွာတွေဘက်ကို ခရီးဆက်မှာမို့ ၆ နာရီ ၄၅ မိနစ်မှာ အားလုံး Ready လုပ်ထားပေး "

လူစုခွဲပြီး အခန်းထဲရောက်တော့ အသာက သူ့အား မျက်နှာငယ်လေးနှင့်ကြည့်ရင်း

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now