အပိုင်း ၁၄

Depuis le début
                                    

ဆိုင်ကယ်ကစထွက်ကတည်းက ဆောင့်ထွက်တာ
အိုက်ရိုး ရှောင်ကျန့် ခမျာ ရိပေါ်ရဲ့အင်္ကျီကို ခပ်လျော့လျော့ကိုင်ထားရာကနေ ဆုပ်ချေလိုက်မိတဲ့အထိပဲ
ပြီးတော့ တစ်နာရီဘယ်နှမိုင်နှုန်းနဲ့ မောင်းနေမှန်းမသိတော့ဘူး
ရှောင်ကျန့်ရင်တွေတောင်တုန်လာပြီး ရိပေါ်ရဲ့အင်္ကျီစကို ဆုပ်ချေထားတဲ့လက်တွေကလည်းချွေးစီးတွေတောင်ထွက်နေပြီ
ပြီးတော့ ရိပေါ်က နောက်ကိုတစ်ချက်ချက်လှည့်လှည့်ပြီးစကားလှမ်းအော်ပြောတယ်
ရှောင်ကျန့်က ဆိုင်ကယ်ဦးထုပ်ကြီးကြောင့်ရော ဆိုင်ကယ်အရှိန်ကြောင့် လေတိုးနေတာမို့ ရိပေါ်ရဲ့ပါးစပ်လှုပ်နေတာပဲမြင်တယ် ဘာပြောမှန်းနည်းနည်းလေးတောင်မကြားရဘူး

"မကြားရဘူး"

ရှောင်ကျန့်ပြန်အော်တာကိုလည်း ရိပေါ်ကမကြားဘူး
ရုတ်တရက် ရိပေါ်ရဲ့လက်တစ်ဖက်က ရှောင်ကျန့်ရဲ့ လက်နှစ်ဖက်ကို ဆွဲယူပြီး သူ့ရဲ့ခါးသေးသေးလေးဆီကိုအရောက်ပို့ပြီး ဖက်စေတယ်
အဲ့တော့မှ ရိပေါ် ဘာလှည့်လှည့်ပြောနေတာလဲဆိုတာ ရှေင်ကျန့်နားလည်တော့တယ် "ဖက်ထား" တဲ့

ရှောင်ကျန့်ဖက်ထားပြီးတာတောင် ရိပေါ်က အုပ်ကိုင်ထားတဲ့လက်ကိုမဖယ်သေးဘူး
အရှိန်ပြင်းတဲ့ဆိုင်ကယ်ကိုလက်တစ်ဖက်တည်းနဲ့ထိန်းနေတာမြင်တော့ ရှောင်ကျန့်သွေးအန်ချင်သွားတယ်

ဝမ်ရိပေါ်ဟာ တကယ့် ဇွတ်!

###################

အလုပ်စဝင်တဲ့နေ့ပေမယ့် ကုမ္ပဏီက အသစ်ပြင်ဆင်ထားတဲ့ project တစ်ခုနဲ့တိုက်နေတော့ ရှောင်ကျန့်က ဒီအတွက် design ပိုင်းမှာ ဦးဆောင်ပေးနေရတယ်
နိုင်ငံခြားမှာ ဘွဲ့ရလာပြီးသားသူတစ်ယောက် အလုပ်အတွေ့အကြုံရှိပြီးသားသူတစ်ယောက်အနေနဲ့ သူ့ကိုဘယ်သူမှ အသစ်ဆိုပြီး နှိမ်ချနေလို့မရဘူး
ဒီတော့လည်း တာဝန်ကသူ့အတွက် နှစ်ဆမကအောင်ပုံကျလာတယ်
ရုံးဆင်းချိန်ရောက်ပေမယ့် ရှောင်ကျန့်နေရာကနေတောင်မထနိုင်ဘူး
စားပွဲပေါ်တင်ထားတဲ့ကော်ဖီခွက် လှမ်းယူပြီး မော့အသောက် ဖုန်းသံကမြည်လာတယ်
ဖုန်း screen မှာပေါ်နေတဲ့နာမည်က

" ရှောင်ကျန့်ရဲ့ဟာ "

ဖွီးးးးးးရှောင်ကျန့်ပါးစပ်နားတေ့ထားတဲ့ကော်ဖီတွေကိုမှုတ်ထုတ်လိုက်မိတဲ့အထိပဲ
ဘယ်သူကြီးလဲ? ရှောင်ကျန့်လည်းမသိဘူး
ရှောင်ကျန့်ဖုန်းကိုကိုင်လိုက်လိုက်ချင်းပဲ ခပ်ဆူးဆူးအသံလေးကထွက်ကျလာတယ်

ADORE [Completed]Où les histoires vivent. Découvrez maintenant