အပိုင်း - ၁၁ (Zawgyi + Unicode)

Start from the beginning
                                    

သူနဲ့အကိုလည်း ဘုရားခဏကန်တော့ပြီး ဘယ်သွားရမှန်းမသိ ယောင်ချာချာဖြစ်နေကြသည် ။

" တစ်နေရာရာမှာ အေးအေးဆေးဆေး ထိုင်ကြမလား အသာ "

" ဒါဆို ကမ်းနားဘက်သွားပြီးထိုင်မလား အကို "

" အင်း...အသာ့သဘောလေ ၊ ကိုယ်ကတော့ ဘုရားဝင်းထဲကလွဲပြီး မရောက်ဖူးဘူး "

" ဒါဆို သွားကြမယ်လေ အကို ၊ အဲ့ဒီမှာ ဆိပ်ခံဗောတံတားတွေလည်း ရှိတော့ ထိုင်လို့လည်း ရတယ် "

*******************

ကမ်းနားဘက်ကိုရောက်သည့်အချိန် သူတကယ်ကို သဘောကျသွားသည် ။ လူငယ်တွေလည်း အများအပြားလာကြပြီး ကားနဲ့ရောင်းသည့် မုန့်ဆိုင်လေးတွေကိုလည်း တွေ့ရ၏ ။

အသာဦးဆောင်ရာနောက်ကို လျှောက်လိုက်နေရင်း သူပြုံးမိသည် ။ ဒီလိုကျတော့လည်း ဒီကလေးလေးဟာ လူကြီးလေးလိုပင် ။ ပုံမှန်အချိန်မှာ ဘောင်းဘီရှည်ကိုသာ စွဲစွဲမြဲမြဲဝတ်တတ်တဲ့ကလေးက ဘုရားသွားမယ်ဆိုသည့်အတွက် ပုဆိုးဝတ်ခဲ့ပုံရသည် ။

ရှပ်အင်္ကျီလေးနှင့် ကချင်ပုဆိုးကွက်စိပ်လေးကို ဝတ်ထားသည့် အသာ့ပုံစံလေးက သူပဲ မြင်နေမကျ၍လားမသိ ။ ပါးလျလျနှင့် အသည်းယားစရာလေးလို ဖြစ်နေသည် ။

ကျွတ်...ယောက်ျားလေးတစ်ယောက်ကို အသည်းယားစရာလေးလို့ မြင်မိတာက သိပ်တော့မဟုတ်သေးပါဘူးလေ ။ သူ့အတွေးကို အသာ,သာသိလျှင် ဧကန်မုချ စိတ်ဆိုးလိမ့်မည်ထင်သည် ။

ကိုယ့်အတွေးကြောင့် အသာ့ကို စိတ်ထဲမှ အားနာမိသော်ငြား ဒီကလေးကိုမြင်တိုင်း အဲ့လိုခံစားနေမိတာတော့ သူလည်း မတတ်နိုင် ။ အင်း ငယ်ငယ်ကတည်း ထိန်းခဲ့ရတဲ့ ကလေးမို့ ခုလည်း အဲ့လိုပဲ ကလေးတစ်ယောက်လိုပင် ခံစားမိလို့ အသည်းယားတာ နေမှာပါ ။

ဟုတ်ပါတယ်လေ....အဲ့လိုပဲ ဖြစ်မှာပါ ။

ဆိပ်ခံဗောတံတားတွေပေါ် ဖြတ်လျှောက်ရင်း

" ဒီနားမှာ ထိုင်ကြမလား အကို "

" ကောင်းသားပဲ အသာ "

ဒီလိုနဲ့ နှစ်ယောက်သား တံတားပေါ်မှာ ခြေတွဲလောင်းချရင်း ထိုင်ဖြစ်ကြသည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now