အပိုင်း - ၁၁ (Zawgyi + Unicode)

21K 2.6K 167
                                    

#For Zawgyi

သူ့ကိုလှမ်းတွေ့လိုက်ချိန် ပြုံးသွားတဲ့ အကို့မျက်နှာဟာ သူ့ရင်ထဲက ပီတိအဟုန်ကို တသိမ့်သိမ့်တုန်စေခဲ့ ။ အကိုကိုယ်တိုင် ခေါ်တာမဟုတ်လို့ သူလာတာကို အကိုမှ ကြိုက်ပါ့မလားဆိုပြီး တစ်လမ်းလုံး တွေးပူလာခဲ့သမျှ အကို့အပြုံးကိုမြင်တော့မှသာ လူက ငြိမ်းချမ်းရာ ရ၏ ။

တီရှပ်နဲ့ပုဆိုးအရောင်ခပ်မှိုင်းမှိုင်းတစ်ထည်ကို တွဲဝတ်ထားတဲ့အကိုက အိမ်နေရင်းပုံစံမှာတောင် ကြည့်ကောင်းနေခဲ့သည် ။

ကိုယ်ချစ်တဲ့သူဆိုရင် ဘယ်လိုလုပ်လုပ် ဘယ်လိုနေနေကို ကြွေနေမိတော့တာလားလေ ။

သူများတွေတော့မသိ ။ ထင်းထင်သာဆိုတဲ့ သူကတော့ အဲ့ဒီအတိုင်းကို ဖြစ်နေတော့တာပါ ။

အပြင်သွားဖို့ အကိုနဲ့အကို့မေမေပြင်ဆင်တာကို ဧည့်ခန်းမှာထိုင်စောင့်နေရတဲ့ တစ်ချိန်လုံးလည်း အကို့အကြောင်းတွေကပဲ သူ့အတွေးထဲ ပြည့်နေသည် ။

အားလုံးပြင်ဆင်အပြီး ကားပေါ်တက်ကြမယ်လုပ်တော့

" အသာ့ကားကို ဒီမှာ ထားခဲ့လိုက် ၊ အကို့ကားနဲ့ပဲ သွားကြမယ် ၊ မေမေနဲ့ မိငယ်က နောက်မှာထိုင်မှာဆိုတော့ အသာက ရှေ့ကိုလာ "

အကို့မေမေနဲ့ အဖော်ကလေးမလေးက နောက်ခန်းထဲဝင်ထိုင်လိုက်ကြသည် ။ သူ့မှာလည်း ရှေ့ခန်းထဲ ဝင်ရင်း အူမြူးပြီး ပြုံးစိစိဖြစ်ချင်နေတဲ့ ရုပ်ကို မနည်းထိန်းနေရတဲ့ဘဝ ။

ဒါ...သူချစ်တဲ့ အကိုမောင်းသောကားကို ပထမဆုံး လိုက်စီးဖူးခြင်းပင် ။ သူ့အတွက်တော့ သက်တောင့်သက်သာ အနေအထားနဲ့ စတီယာရင်ကို ကိုင်ထားတဲ့ အကို့လက်ချောင်း ဖြူဖြူလေးတွေကအစ ကြည့်ကောင်းနေသည် ။ အင်း...ဆုတောင်းကောင်းတဲ့ အကိုကျတော့လည်း ဘာရယ်မဟုတ် ကားမောင်းနေသည့် ဟန်ကိုက အလိုလို smart ကျပြီး ဆွဲဆောင်မှု ရှိနေတာမျိုးပဲ ။

ဗိုလ်တစ်ထောင်ဘုရားရောက်တော့ လေးယောက်တူတူ ဘုရားတစ်ပတ် ပတ်ကြသည် ။

" သားတို့ရေ...မေမေက ပုတီးစိပ် ပဌာန်းရွတ်ဦးမှာဆိုတော့ တော်တော်ကြာမှာ ၊ သားတို့ ဘုရားလျှောက်ဖူးထားနှင့်ကြလေ ၊ မေမေ အားလုံးပြီးစီးမှ ဖုန်းဆက်လိုက်မယ် "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now