59 5 0
                                    

အခန်း ( ၉ )
"သား သတိရလာပြီလား။"
"သီဟ သတိရပြီလား။ မင်း ဘယ်လိုနေလဲ။ နေသာရဲ့လား။"
သူ့မျက်နှာနား တိုးကပ်ခါ မေးနေသူတွေထွက် သူ တစ်ယောက်ယောက်ကို ရှာနေမိသည်။ လူက လေးယောက်တည်း။ သိုး ဘယ်ရောက်နေပါလိမ့်။ သိုးကို စိတ်ဆိုးပြီး နှင်ချပြန်ပြီလားမသိပေ။ သူ ရင်တွေပူလာသည်။ ဟင့်အင်း သိုး ပျောက်သွားလို့မဖြစ်ပေ။ သိုးက သူ့အတွက် အရေးတင်္ကြီးလိုအပ်သည်။ သူ ရုတ်တရက် ထထိုင်လိုက်သည်။
"ဖေဖေ သိုးရော။ သူရ သိုး ဘယ်သွားလဲ။ လေးလေး သိုးကို နှင်ထုတ်ပြန်ပြီလား။"
အကုန်လုံးက သူ့ကို တအံ့တသြ ဝိုင်းကြည့်နေကြသည်။ မျက်နှာတွေလည်း မကောင်းကြပေ။ သူ စိတ်ပိုပူသွားသည်။
"သိုးရောဟင်။ သိုး တစ်ခုခု ဖြစ်လို့လား။"
ဖေဖေက ခေါင်းခါ ပြသည်။
"သိုး ဘာမှ မဖြစ်ဘူးသားရဲ့။ သိုးက အပြင်မှာ သားကို စောင့်နေတယ်။ သိုးက သားကိုလည်း စိတ်မဆိုးတော့ဘူးတဲ့။"
"ဦး သား သိုးကို သွားခေါ်လိုက်မယ်။"
သူရက ပြောပြောဆိုဆ်ုဖြင့် ထထွက်သွားသည်။ သူ အဝင်ဝကိုသာ အလောတကြီး ကြည့်နေမိသည်။ သိုး နေကောင်းရဲ့လား။ သိုး အဆင်ပြေလား သူ သိချင်လှပြီ။ ဟော လာပါပြီ သိုးလေး။ သိုးလေး မျက်နှာက ချောင်ကျနေသလိုပဲ။ သူ သတိလစ်ချိန်မှာ မအိပ်ရဘူးထင်တယ်။ သိုး ဝင်လာတော့ အခန်းထဲတွင် ဘယ်သူမှ မရှိတော့ချေ။
သူ ကုတင်ထက်က ထကာ သိုးကို ပြေးဖက်လိုက်သည်။ ပြီးတော့ သိုးမျက်နှာကို လက်နှစ်ဖက်ဖြင့်ကိုင်က တစ်ဝကြီး ကြည့်နေသည်။ သိုးရဲ့မျက်နှာအနံ့လည်း လက်ဖြင့် ထိကိုင်ကြည့်မိရင်း ပါးစပ်ကလည်း တရစပ်ပြောမိသည်။
"သိုး မင်းကို ဘယ်သူမှ မထိုးဘူးမလား။ လေးလေး မထိုးဘူးမလား။"
နှုတ်ခမ်းထောင့်ကို ထိကိုင်မိချိန်မှာ သိုး တွန့်ခနဲ ဖြစ်သွားသည်။ သူ သေသေချာချာကြည့်တော့ ညိုမည်းကာ အနည်းငယ် ဖူးယောင်နေသည်။ သူ စိုးရိမ်တကြီး ဖြင့် ထပ်မေးမိသည်။
"သိုး ဒါ ဘယ်သူ လုပ်တာလဲ။ သိုးကို ဘယ်သူ ထိုးတာလဲ။"
သူ ဒေါသတကြီးဖြင့် လက်သီးစုပ်လိုက်မိရာ လက်က ဒဏ်ရာကြောင့် နာကျင်သွားကာ သွေးများ စိမ့်လာသည်။ သူ မျက်နှာ တစ်ချက်ပျက်သွားသည်ကို သိုး မြင်တော့ အစာအယာပဲ ပြောသည်။
"သီဟ လက်သီးကို ဖြည်လိုက်လေ။ နာနေပါပေါ့ကွ။ ငါ ဘာမှ မဖြစ်ဘူးလေ။ မင်းလည်း ဘာမှ မဖြစ်နဲ့။ လာ ပြန်လဲမယ်။"
"သိုးရာ။ ငါ အသုံးမကျလို့ပါကွာ။ ငါ့ကို ခွင့်လွှတ်နော်"
သိုးက သူ့ကို အသာအယာ ခေါင်းညိတ်ပြသည်။ သူ သိုးကို ဖက်ထားရင်း မျက်ရည်တွေ ကျလာသည်။ သိုးကို လွတ်မထွက်သွားရန် ခပ်တင်းတင်း ဖက်ထားမိသည်။ သိုးကလည်း သူ့ကို ပြန်ဖက်ထားသည်။
"ကဲ ပြန်လဲနေနော် သီဟ။ ဗိုက်ဆာနေလား။ ငါ ဆန်ပြုတ်တိုက်မယ်လေ။"
"ဟင့်အင်း ငါ မဆာပါဘူး။ မင်းသာ ဘယ်မှ မသွားနဲ့ကွာ။ ငါ့အနားမှာပဲ နေပါ။"
"အင်း ငါ ဘယ်မှ မသွားပါဘူးကွာ။ မင်းအနားမှာပဲ နေမှာ။ စိတ်ချ မင်းအိပ်ချင်နေလား။ အိပ်လေ။ ငါ စောင့်ပေးမယ်။"
အမှန်တော့ သူ အိပ်ချင်သည်။ သို့သော် မအိပ်ရဲပေ။ သိုး ပျောက်သွားမည်ကို စိုးထိတ်လှသည်။
"မင်းကွာ အိပ်ချင်တာကို အိပ်ပါဆို။ ငါ ဘယ်မှ မသွားဘူးကွာ။ ကတိ"
အလိုက်သိသော သိုးက သူ့ကို ကတိတွေပေးနေသည်။ သူ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
"မင်းပါ လာအိပ်ရင် ငါ အိပ်မယ်။ မင်းကို ဖက်ထားရမယ်ဆိုရင်အိပ်မယ်။ ဘယ်လိုလဲ။"
သိုး သူ့ကို မျက်စောင်းမပီတပီလေးထိုးသည် ထို့နောက် သူ့ဘက် မျက်နှာလှည့်ကာ  သူ့ဘေးတွေ တစ်စောင်းလေး ဝင်လဲလိုက်သည်။ သူ ညာဘက် လက်မောင်းကို ဆန့်တန်းကာ မျက်ရိပ်ပြလိုက်သည်။ သိုးကအလိုက်တသိပင် သူ့လက်မောင်းပေါ် ခေါင်းအုံးအိပ်သည်။ သူ သိုးနဖူးကို ဖွဖွလေး နမ်းလိုက်သည်။ သိုး သူ့ရင်ခွင်ထဲ ပို၍တိုးဝင်လာသည်။ သူ အလွန်ပျော်နေမိသည်။ အတိုင်းမသ်ိလည်း ကြည်နူးမိသည်။
"သီဟ အိပ်တော့လေကွာ။  မင်း အားရှိမှ ဖြစ်မှာ။"
"ငါ မအိပ်ချင်သေးဘူး သိုး။ မင်း မပူပါနဲ့။ မင်းရှိနေရင် ငါ အားရှိတယ်။"
သူ့စကားကြောင့် သိုးက ရင်ခွင်ထဲကနေ သူ့ကို မော့ကြည့်လာသည်။ သူ့ရင်တွေ ဆောင့်ခုန်လာသည်။ လှလိုက်တဲ့မျက်ဝန်းတွေ။ သိုးရယ် မင်း အဲဒီမျက်လုံးတွေနဲ့ သူများကို မကြည့်ရဘူးနော်။ တွေးနေတုန်း သူ့မေးစေ့လေး နွေးထွေးသွားသည်။ အာကွာ ကြည်နူးစရာကောင်းလိုက်တာ။ သူ သိုးကို ကိုက်ဆွဲ ပစ်ချင်လောက်အောင်လအသည်းယားလာသည်။
"သိုး ငါတို့ အတူအိပ်လို့ မိုးရွာရင် ငါမင်းကို တအားဖက်နေကျပဲ။ အဲဒါ မင်းသိလား။"
"မသိဘူးကွာ။ အိပ်လို့ကောင်းတာပဲ သိတယ်။"
"ခွေးကောင်"
သူ သိုးကို ခပ်တိုးဆိုးဆဲပြီး နှာခေါင်းကို ငုံ့ကိုက်လိုက်သည်။ သိုးက ခေါင်းလေးကို သူ့ရင်ခွင်ထဲ ဝှက်ထားလိုက်သည်။
"မိုးရွာရင် ငါမင်းကို စိတ်ပူတယ်။ တစ်ခါတလေ မင်းကို ဖုန်းဆက်မရ ရင် ငါ မင်းဆီလာတာ အဲဒါကြောင့်ပေါ့။ မိုးရွာမှ မဟုတ်ဘူး။ နေပူလည်း စိတ်ပူတာပဲ။ မနက်မိုးလင်းရင်လည်း မင်းကိုပဲ အရင် သတိရတယ်။ နေ့ခင်းရော။ ညနေရော။ ညရောပဲ။"
"ဟင် ဒါဆို မနက်နဲ့ နေ့ခင်းကြားတို့၊ ညနေနဲ့ ညကြားတို့ရော၊ အိပ်ချိန်ရော။"
"ဟား ဟား သတိရလို့ပဲ မင်းနားက မခွာတာပေါ့။ မင်း ယုံမလားမသိဘူး။ အိပ်မက်ထဲလည်း မင်းပါတာပဲ။ ယုတ်ဆွအဆုံး ခုဏက သတိလစ်နေတုန်းတောင် စိတ်က မင်းဆီမှာပဲ။"
သိုး မျက်နှာချင်းဆိုင်ရာမှ သူ့ကို နောက်ခိုင်းလိုက်သည်။ သူ သိုးကို နောက်ကနေ သိုင်းဖက်ထားလိုက်သည်။
"ဒါနဲ့တောင် မင်းငါ့ကို ခိုင်းတယ်။ ထိုးလည်း ထိုးတယ်။"
သူ ဖျတ်ခနဲ စိတ်မကောင့်း ဖြစ်သွားသည်။ သိုးရဲ့ လည်ကုတ်သားလေးကို နမ်းကြူရင်း သူတောင်းပန်လိုက်သည်။
"တကယ်တော့ ငါခိုင်းချင်တာ မဟုတ်ဘူး။ ငါ့အနားခေါ်ထားဖို့ အကြောင်းပြချက်ရှာတာပါ သိုးရာ။ ငါတစ်ခုတော့ ဝန်ခံတယ်။ သူရက မင်းကို ခေါ်ထားချင်တယ်ပြောတုန်းက မင်းကို မပေးနိုင်တာ သူရနဲ့ မင်းနီးစပ်မှာစိုးလို့ သူရကို ချစ်လို့လို့ ငါထင်သေးတယ်။ တကယ်တော့ ငါမင်းကို ချစ်တာ။ ဖိုးသားနဲ့ နမ်းတဲ့နေ့က ငါ အရမ်းဒေါသထွက်သွားတာ။ အဲဒီနေ့က ငါငိုရတယ်။ ငါ မင်းကို အဆုံးရှုံးမခံနိုင်ဘူး။ "
"အင်း ငါသိပါပြီ။ အိပ်တော့လေ။ ငါ ထွက်မသွားပါဘူးကွာ။"
"မင်းကိုလေ ငါ အရမ်းချစ်တာ။ လူတစ်ယောက်မရှိရင် မနေတတ်တဲ့ အချစ်မျိုး၊ ဘဝအဓိပ္ပါယ်မဲ့တဲ့ အချစ်မျိုးကို ငါ ခုမှ ယုံတာ။ သိုးရာ လူတစ်ယောက်က စားရမယ်၊ သောက်ရမယ်၊ အိပ်ရမယ်ဆိုတဲ့ လောကရဲ့ ပညတ်ချက်လိုမျိုး မင်းကို မြင်မှ ဖြစ်မယ်၊ မင်းရှိမှ ဖြစ်မယ်၊ မင်းကို ချစ်ကို ချစ်နေရမယ်လို့ မြားနတ်မောင်က ငါ့ကို ပညတ်လိုက်တယ်။ မင်းလည်း ငါ့ကို ပြန်ချစ်ပါလို့ မတောင်းဆိုဘူး။ ငါ့အနားကတော့ ထွက်မသွားသေးပါနဲ့။ အချိန်တစ်ခုထိတော့ စောင့်ပါကွာနော်။"
"ငါနဲ့ ဖိုးသား နမ်းခဲ့တာလည်း မဟုတ်ဘူး။ ဖိုးသားနဲ့ ငါက ချစ်သူတွေလည်း မဟုတ်ဘူး။ ကဲ အဲလောက်နဲ့ကျေနပ်တော့နော်။ အိပ်တော့ကွာ။ ငါ အိပ်ချင်ပြီ။"
သူ ခေါင်းညိတ်ပြလိုက်သည်။ ဖိုးသားနှင့် ချစ်သူ မဟုတ်၍ သူ ပျော်ရွှင်သွားအိသည်။ သူ အိပ်ပျော်လျှင် သိုးထွက်မသွားရန် သူ သိုးကို ဖက်ထား၍ အိပ်မည်။ ထိုသို ဖက်အိပ်နေချိန်ပင်လျှင် အိပ်မက်ထဲလည်း သိုး လာပေဦးမည်။ ခဏကြာတော့ သူ အိပ်ပျော်သွားသည်။
**************************
တစ်ဦးနှင့်တစ်ဦး ဖက်အိပ်နေသော သီဟနှင့်သိုးကို ကြည့်ကာ ကောင်လေးတစ်ယောက် ကြေကြေကွဲကွဲ ငိုမိသည်။ စင်စစ် သူ ပြုံးနေခြင်းဖြစ်သည်။ သို့သော် အပြုံးရ် မပီပြင်သည့်အပြင် မျက်ရည်တို့က တလှိမ့်လှိမ့်ဖြင့် တားဆီးမရအောင် ကျဆင်းနေသည်။ ထိန်းမရနိုင်သည့်အဆုံး ထိုနေရာမှ ပြေးထွက်ကာ ငိုကြွေးနေလိုက်သည်။ သိုးနှင့် သီဟကတော့ လောကကြီးကို ခေတ္တမျှ မေ့လျော့နေပြီထင့်။

နောက်ဆုံးတော့ သူ .........

         ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}Wo Geschichten leben. Entdecke jetzt