52 6 0
                                    

အခန်း ( ၈ )
သူ့အရိပ်ကြောင့်ထင်သည် ခွေးများ သူ့ဘက်ကို ထိုးဟောင်လာသည်။ သူ အုတ်နံရံကို လက်ဖြင့် လှမ်းကုတ်လိုက်သည်။ အုတ်နံရံထက်က ထိုးထောင်နေသော ပုလင်းကွဲတို့ သူ့လက်ကို ရှကုန်သည်။ ထိုနောက် သူ အားတင်းကာ ခိုတက်လိုက်သည်။ ပုလင်းကွဲတွေ သူ့ခြေက်ထောက်တွေကို ထိရှထိုးခွဲကြသည်။ သူ ဝေဒနာတို့ကို လစ်လျူရှုကာ ကြိုးစားတက်နေသည်။ သိုးကလွဲ၍ မည်သည့်အရာကိုမှ သူ မမြင်တော့ပေ။
နောက်ဆုံးတော့ အဆောင်ဝင်းထဲ သူရောက်လာသည်။ ဘယ်ဘက်ခြမ်းက ပြင်ထောင်ဆောင်လေးကို သူ သွားလိုက်သည်။ အပေါ်ထပ်လှေကားရင်းနားက အခန်းဖြစ်ရုံ နေရာကျဉ်းကျဉ်းလေးကို သူတွေ့သွားသည်။ တံခါးချက်မပြင်ရသေးဘူး ဟူသော အဆောက်ပိုင်ရှင်စကားကို သတိရပြီး တံခါးကို တွန်းလိုက်တော့ တံခါးက အလွယ်တကူ ပွင့်သွားသည်။ သိုးက ဘာမှမရှိသော အခန်းထောင့်လေးမှာ ကျောပိုးအိတ်လေးကို ရင်ခွင်ထဲ ထည့်ကာ ထောင်နေသောဒူးပေါ် မျက်နှာကို မှောက်ချထားသည်။ ဒူးနှစ်ဖက်ကိုတော့ လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ထားသည်။ သူ့ရင်ထဲ ဆို့ကြပ်လာသည်။ ရင်းတွင်းမှ မီးစနှင့်ထိုးသလို ပူပြင်းလှသည်။ ထို့နောက် ………
" ဝုန်း"
"သီ…ဟ"
ခေါင်းမော့လာကာ အမြဲဖြူစင်နေသော သိုးမျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်လျက် သူ့ကို တအံ့တသြ ကြည့်နေသည်။ သိုး ရယ် ပြုံးပြပါလားလို့ သူ တောင်းဆိုလိုက်ချင်သည်။ သိုးကို ပြုံးနေစေချင်သည်။ သို့သော် သူ……
***********************
သူ ဆိုင်ကယ်ကို အလောတကြီး မောင်းနေမိသည်။ သိုးနောပ်ကို အမီလိုက်ရမည်။ သိုး အဝေးကြီးကို လှမ်းလျောက်သွားရပေလိမ့်မည်။ မိုးတောင် မလင်းသေး။ သိုး မင်းကွာ။ ဘယ်လိုကောင်လဲ။ ဆိုင်ကယ်မောင်းရင်း သိုးကို ချစ်ခွင့်ပန်သော နေ့ကို အတွေးရောက်သွားသည်။ အဲဒီအဖြစ်အပျက်က သိုးကို ပို၍ အေးစက်စက် ဖြစ်စေသည်။
အဲဒီနေ့က သူနှင့်သူရ ကျောင်းပြေးကာ ရေသွားကူးရန် သိုးကို ပြည်သူ့ရင်ပြင်သို့ ချိန်းလိုက်သည်။ သူရက သိုးမရှိချိန် ပြောချင်သည်ဟု တောင်းဆို၍လည်းပါသည်။
"သီဟ ငါတို့အိမ်မှာ သိုးကို ခေါ်ထားချင်တယ်။ အိမ်မှာ ယောက်ျားလေးဖော်လည်း မရှိတော့ ဖေဖေ နိုင်ငံခြားမှာနေတုန်း ငါ အဖော်ရအောင်လို့လေ။ တကယ်တော့ မွေးစားတဲ့သဘောလို့လည်း ပြောလို့ရတယ်။"
သူရရဲ့ စကားကြောင့် သူ စိတ်ထဲဖျင်းခနဲ ဖြစ်သွားသည်။ သူရကို သိုးနှင့် မနီးစပ်စေလိုပေ။ သူတို့နှစ်ယောက်သာ ပိုနီးစပ်သွားလျှင် သူက အပယ်ခံ ဖြစ်မှာ။ သူရသိုးကို မချစ်စေလိုပေ။ သူ တစ်ခုခုတော့ လုပ်ရမည်။ 
"သိုး လေးလေးကလည်း နေမကောင်းဘူးလေ။ သိုး စိတ်လည်း ရှိသေးတယ်လေ။ ခဏနေ သိုးလာလိမ့်မယ်။ သူ့ကိုလည်း မေးကြည့်မယ်လေ။"
"သိုးက မင်းပြောရင် ရပါတယ်ကွာ။ ငါ့က်ိုကျတော့ အိမ်က စိတ်မချဘူးလေ။ ဘေးနားမှာ တစ်ယောက်ယောက်ရှိနေမှ သူတို့က စိတ်ချတတ်တာလေ။ "
မင်း ပြောရင် ရပါတယ်ကွာ ဆိုတဲ့စကားကို သူ သဘောကျသွားသည်။ သူ အကြံထုတ်လိုက်သည်။
"တကယ်တော့ ငါ သိုးကို ပြောစရာရှိတယ်ကွ။ ငါ ပြောပြီးရင် သူ ဆုံးဖြတ်လိမ့်မယ်လေ။ အိုကေလား။ ဟာ သူလာနေပြီ။ မင်းခဏ ကွယ်နေ"
သိုး ပြည်သူ့ရင်ပြင်ထဲက LOVE ဆိုပြီး စာလုံးဖော်ထားတဲ့နေရာကို တဖြည်းဖြည်းလှမ်းလာသည်။ သိုး သူနှင့် နီးလာလေလေ သူ ရင်တွေ ခုန်လာလေ ဖြစ်သည်။ သူ လုပ်သင့်မလုပ်သင့် မစဉ်းစားဘဲ ဘယ်လိုစကားမျိုး ပြောရမည်ကို ဦးနှောက်ခြောက်အောင် တွေးနေရသည်။
"သီဟ မင်းကို ငါ ဦးလေးနဲ့ တိုင်ပြောမယ်။"
သူ သိုးပခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ O အက္ခရာအသဲပုံစာလုံးနား ဆွဲကပ်လိုက်သည်။ ထို့နောက် သူ သိုးကို စိုက်ကြည့်ကာ ခပ်တည်တည်ပင် ပြောလိုက်သည်။
"သိုး ငါ မင်းကို ချစ်တယ်။ ငါ့အချစ်ကို လက်ခံပေးပါ။"
သူ တကယ်ပဲ ရင်တွေ ခုန်နေသည်။ စိတ်တွေလည်း ပြောင်းဆန်နေသည်။ သိုးကတော့ ခေါင်းငုံ့လျက်သာ နေသည်။ သူ သူရကို သတိရပြီး ကြည့်လိုက်ချိန်မှာ အသဲပုံအလယ်ကနေ သူ့တို့ကို ခေါင်းထွက် ကြည့်နေသည်။ သူ ကျေနပ်သွားသည်။ သူရ မင်း သိုးနဲ့ လုံးဝ တူတူမနေရဘူး။ သိုးကို ငါပိုင်တယ်။ မင်း သိုးကို မချစ်ရဘူးဟု ကြိမ်းဝါးပြောလိုက်သည်။
"သိုး ငါ ပြောတာကြာလား။ ငါ့ကို တစ်ခုခု ပြန်ပြောလေ။ မင်း ငါ့ကို ချစ်နေတယ် မဟုတ်လား။ ငါ့ကို အခုပဲ အဖြေပြန်ပေး။"
"ခွပ်"
"မင်း ရူးနေလား သီဟ။ ငါတစ်သက်လုံး မင်းကို သည်းခံလာတာ ငါ့ကို စော်ကားဖို့ အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ အသုံးချဖို့လည်း မဟုတ်ဘူး။ ဒီစကားကို မင်း မပြောဘူးလို့ ငါ မှတ်လိုက်မယ်"
အထိုးခံရတာလည်းသူ၊ ဒေါသအထွက်ခံရတာလည်း သူပင်။ သိုးက သူ့ကိုထိုးအပြီး ဒေါသတကြီး လှည့်ပြန်သွားသည်။ သူ ဘာလုပ်ရမှန်းမသိ။ သူရက သူ့ကို ကြောင်ကြည့်နေသည်။ ဒီနေ့ သူ ဘာတွေ လုပ်မိမှန်း မသိပေ။
****************************
သူ အုတ်ခုံလေးမှာထိုင်က သိုးကို စောင့်နေမိသည်။ သိုး စာသင်က ပြန်လာတော့မည်။ သိုး မနက်က တစ်ယောက်တည်း ထပြန်လာခဲ့ရသည်ကို စိတ်လည်း မကောင်းသလို အပြစ်လည်း တင်ချင်သည်။ ထိုသို့ မပြောမဆ်ုဖြင့် အပင်ပန်းခံ အနစ်နာခံသည်ကို သူ မကြိုက်ပေ။ ဟာကွာ လာပါတော့သိုးရယ်။ လေးလေး ပြောတော့ အိမ်ပြန်မလာဘူးတဲ့။ သိုး ဘေးကင်းတယ်၊ အဆင်ပြေတယ်လို့ သူ သိရမှ စိတ်ကျေနပ်နိုင်မည်။
ဟော သိုးထွက်လာပြီ။ သူ သိုးကို တွေ့မှ သက်ပြင်းချနိုင်သည်။ သူ သိုးဆီ ဝမ်းသာ အားရပြေးသွားမိသည်။ သိုး မတ်တပ်ရပ်နေလိုက်သည်။ သိုးအနားသို့ ကောင်လေးတစ်ယောက်လာသည်။ သိုးမျက်နှာနားကို ကပ်သွားကာ သိုးကို နမ်းလိုက်သည်ဟု သူ ထင်လိုက်သည်။ ဒေါသတို့ မထိန်းနိုင်ဘဲ သိုးကို သူ ဆွဲလှည့်ကာ ထိုးချလိုက်သည်။
အံ့သြရိပ် ဝမ်းနည်းရိပ်တို့ဖြင့် သိုး သူ့ကိုကြည့်ကာ ရှင်းပြသည်။ ထိုကောင်လေးက သိုးကို အိမ်ခေါ်သွားခဲ့သည်။ သူ ထိုနေတွင်ပင် ဒူးထောက်တိုင်ချလိုက်သည်။ သိုးကိုထိုးမိသော လက်ကို ဆုံးမသည့်အနေဖြင့် မြေပြင်ကိုသာ အဆက်မပြတ် ထိုးနေမိသည်။ သူ့မျက်ရည်များသည်လည်း ဘယ်ကဘယ်လို ကျလာမှန်း မသိပေ။
သူ လေးလေးကန်ကန်ထကာ အုတ်ခုံလေးထက်တွင် သိုး ပြန်အလာကို စောင့်နေမိသည်။ ခဏကြာ သိုး သူ့ကိုမကြည့်ဘဲ အိမ်ပြန်လာခဲ့သည်။ သိုး အိမ်ပြန်ရောပ်ချိန်မှာ လေးလေးက သိုးကို ပြေးကန်ကာ အော်ဟစ်ကြိမ်းမောင်းသည်။
"စောက်ခြာက် မင်း အိမ်မှာမနေနဲ့ ခုထွက်သွား။"
သူ ပြေးပြီးတားဖို့အလုပ်မှာ သိုး အိမ်က ထွက်ပြေးသွားသည်။ ကားတွေကြားကို ဖြတ်ပြေးနေသည်။ သိုးဝေးသွားလေလေ သူနာကျင်လေလေ ဖြစ်သည်။ သိုး ဝေးသွားလေလေ သူ စိတ်ပူလေ ဖြစ်သည်။
"သိုး ပြန်လာခဲ့ပါကွာ။ ငါမင်းကို မထိုးတော့ဘူး။ လေးလေး သိုးကို ပြန်ခေါ်ပေးပါနော်။"
"သိုး"
"သိုး"

         ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}Where stories live. Discover now