53 6 0
                                    

အခန်း ( ၅ )
"အားမငယ်ပါနဲ့ ဖိုးသားရာ။ ဖိုးသားကမှ ကံကောင်းတာ။ ပြဿနာတစ်ခုက ဖြစ်တုန်းသာ အကြီးကြီးဖြစ်တာ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် တောင်ပေါ်ကနေ အောက်ကို ငုံ့ကြည့်နေသလိုပဲ။ အကြီးကြီးလို့ ထင်တာတွေက သေးနေတာတတ်တယ်။ ဖိုးသားက အဲဒီအကြီးကြီးထင်နေတဲ့လပြဿနာကို ကျော်ဖြတ်ပြီး တောင်ပေါ်ရောက်အောင် တက်ဖို့တော့လိုတယ်။"
"သိုးကြုံနေရတဲ့ပြဿနာတွေကို အဲလိုတွေးပြီး သည်းခံနေတာလားဟင်။ ကျတော့်ကို သိုးလို့ ခေါ်ခွင့်ပြုပါလား။"
ဖိုးသား သိုးကို သနားမိသည်။ မနေ့က သိုး ငိုနေသည်ကိုလည်း သူ သိသည်။ ပြဿနာတက်ကြတာကိုလည်း သူမြင်သည်။ ပြဿနာရဲ့ အရင်းမြစ်က ကိုသီဟသာ ဖြစ်သည်။
"အေး ဒီလိုပါပဲကွာ။ မိုးလင်းပြီးရင် မိုးချုပ်တယ်။ ပြဿနာတက်ပြီးရင်လည်း ပြန်ပျောက်သွားမှာပေါ့။"
"ဘာလို့ သူ့တို့ကို အဲ့လောက် သည်းခံရတာလည်း ပြောပြပါလား။"
တွေတွေငေးငေးလေး ပြောနေသော သိုးကိုကြည့်ပြီး ဖိုးသား စိတ်မကောင်းဖြစ်ရသည်။ သိုးကို သူ နှစ်သိမ့်ပေးချင်လှသည်။
"သီဟဆိုတာ   တောရဲ့ဘုရင်လေ။ သူရကတော့ သူရသတ္တိရှိသူလေ။ သူတို့က ချမ်းသာတယ်။ ရုပ်ချောတယ်။ အသိုင်းအဝိုင်းကောင်းတယ်။ ကိုက သိုးလေ။ ဘာမှ မသိ။ ဘာမှ မရှိဘူး။ အဲဒီတော့ သည်းခံရုံပေါ့။"
ရယ်သံစွက်ကာ ပေါ့ရှပ်ရှပ်ပြောနေသော သိုးကို သူ သနားမ်ိသည်။ သိုးကို သူ နာမည်တောင် ပြောင်းပေးလိုက်ချင်သည်။ ရာဇာလို့သာ ပြောင်းပေးလိုက်ချင်သည်။ the quiet life ကဗျာလေးကို သိုးက ဆက်ရှင်းပြနေသည်။ ရှင်းပြပြီးတော့ သူ့ခံစားချက်ကို ပြောပြီး သူစိတ်ညစ်နေတာကိုပါ အားပေးလိုက်သေးသည်။
"ဒီ the quiet life ကဗျာကို အရမ်းကြိုက်တယ်။ အဲလိုဘဝမျိုးလည်း လိုချင်တယ်။ အဲလိုဘဝမျိုး ရဖို့က ကိုယ့်မှာ လောဘနည်းဖို့လိုတယ် ဆိုပေမယ့် ကိုက လွတ်လပ်နေသူ ဖြစ်ဖို့လိုတယ်။ ကဗျာထဲက ဘုန်းကြီးမှာက အိမ်နဲ့ မြေရှိတယ်။ အကြွေးမရှိဘူ။ သူများရဲ့ ကျေးဇူးခံကျေးဇူးစားလည်း မဟုတ်ဘူးလေ။ ကိုယ်ကျတော့ အဲလိုမှ မဟုတ်တာ။ အရာရာတိုင်းအတွက် မှီခိုနေရသေးတယ်လေ။ တစ်ခါတလေ သာမန်ဘဝလေးကိုတောင် မမျှော်လင့်ရဲတဲ့သူတွေရှိသေးတယ်။ ကဲ ကိုဖိုးသား ခင်ဗျားက ကံကောင်းတဲ့လူနော်။ စိတ်ညစ်တာတွေ ဖျောက်လိုက်တော့။"
           ********************
"သီဟ မနေ့က ညခုနစ်နာရီတီးတယ်။ မင်း ပြန်မလာဘူး။ မင်း အလုပ်ရှုပ်နေလို့ပဲဆိုပြီး ငါ့ဟာငါ ပြန်လိုက်တယ်။"
သိုး ဘာမှမဖြစ်သလို အေးတိအေးစက် ပြောပဲ ပြောလိုက်သည်။ မနေ့က သူ ခံစားနေရသည်ကို ဖွင့်ပြော လိုစိတ်မရှိသလို သူတို့ စိတ်ဝင်စားမည်လည်း မထင်ပေ။ လေးလေးပြောခဲ့သည်တို့ကိုလည်း သူ မေ့ထားလိုက်သည်။
သိုး စကားကြောင့် သူရ ထိတ်လန့်နေမိသည်။ အခြေအနေတွေက ဤမျှလောက် အေးဆေးနေသည်မှာ မသင်္ကာစရာပင်။ သိုးက ဘာမှ မဖြစ်သလို ပြောနေသည်။ သီဟကလည်း ဘာမှ ပြန်မပြောဘဲ တွေတွေကြီး ကြည့်နေသည်။ ကြားထဲမှာ အိပ်မပျော်သည့်အထိ စိတ်ပူမိသည်မှာ သူသာ ဖြစ်နေသည်။ အခုမှ သူလည်း နေသာထိုင်သာ ရှိသွားသည်။
အရင်က ငြင်းခုန် စနောက်နေကြသော ကျောင်းသားသုံးယောက်က ယခုအချိန်မှာ အတွေးကိုယ်စီနှင့် ငြိမ်သက်လို့နေသည်။ သိုးက ဘာမှမဖြစ်သလို ဟန်ဆောင်ကာ စာကို ဖိလုပ်နေသည်။ သီဟကလည်း အားနာမှု စိတ်မလုံခြုံမှုတို့ဖြင့် ငြိမ်သက် နှုတ်ဆိတ်နေသည်။ သူရကတော့ ပေါက်တော့မည် ဗုံးကို ဖင်ခုထိုင်ထားရသလို ရင်တမမဖြင့် နေနေရသည်။ တစ်စုံတရာသော ပယောဂက သူတ်ု့ကို စတင်သွေးခွဲလို့နေသည်။
      *******************
"မင်း ဖိုးသားကို စာသွားမသင်နဲ့တော့။ ပြီးတော့ ကျောင်းလည်းထွက်လိုက်။ ဒီအိမ်မှာ ဆက်မနေနဲ့တော့။"
လေးလေးရဲ့ စကားကြောင့် သိုး ထိတ်လန့် အံ့သြသွားရသည်။ ကျောင်းနေဖို့ နေစရာရဖို့အတွက် အရာရာကို သူ ခါးဆီးခံနေခြင်းဖြစ်သည်။ အခုတော့ ထိုအရာတို့က အချည်းနှီး ဖြစ်ချေတော့မည်။ သူ ဘယ်မှာ သွားနေရမည်နည်း။ ဘာဆက်လုပ်ရမည်နည်း။ ဖိုးသားကို စာဆက်မသင်လျှင် ပိုဆိုးပေဦးမည်။
"ဘာလို့ သားက ကျောင်းထွက်ရမှာလဲ။ ဘာလို့ သားကို မောင်းထုတ်တာလဲ။"
"မင်းလို အခြောက်တစ်ယောက်ကို မြေတောင်မြှောက်ပေးလည်း ဘာထူးမှာလဲ။ မင်းကို အခြောက်မှန်း သီဟ အဖေကသာ သိရင် ငါ သူ့ကို မျက်နှာ မပြရဲဘူး။ မင်း မရှက်ပေမယ့် ငါရှက်တယ်။"
သိုးက အခြောက်တဲ့။ အခြောက်တစ်ယောက်ကို မြေတောင်မြှောက်ပေးလည်း ဘာထူးမှာလဲတဲ့။ အဲဒါ တကယ်ပဲလား။  သူက တကယ်ပဲ အခြောက်လား။ အခြောက်ဆိုရင် လောကမှာ ဘာမှ မဖြစ်ထွန်းတဲ့လူ ဖြစ်ရောလား။ လောကကြီးအတွက် လူပို ဖြစ်ရောလား။
"သားက အခြောက်လို့ လေးလေးကို ဘယ်သူ ပြောလဲ။ သီဟအဖေကလည်း ဘယ်လိုလုပ် သိမှာလဲ။ ဖိုးသားကို စာသင်တာနဲ့ရော ဘာဆိုင်လို့လဲ။"
သူ တစ်ခွန်းချင်း အေးအေးဆေးဆေးပဲ မေးလိုက်သည်။ တကယ်တော့ သူ ဆောက်တည်ရာမရအောင် တုန်လှုပ်နေမိသည်။
"ဖိုးသားကို စာသင်တာနဲ့ ဘာဆိုင်လဲ ဟုတ်လား။ ဆိုင်တာပေါ့။ မင်းက ကိုယ်စာသင်ပေးနေတဲ့ တပည့်ကို အခြောက်ဇာတ်သွင်းမလို့လား။ မင်းက ဘယ်လို ဆရာမျိုး ဖြစ်သွားမလဲ။ မင်းတို့ လမ်းမပေါ်မှာတောင် မရှောင်ဘဲ ဖြသ်ချင်တိုင်း ဖြစ်နေတာ ငါ မသိဘူး မထင်နဲ့။ မင်း တော်တော် ကောက်ကျစ်ပါလား။"
ဘုရားရေ ဘာတွေ ဖြစ်ကုန်ပါလိမ့်။ ဘယ်လိုစကားတွေပါလိမ့်။ သူ့သိက္ခာကို သူ ယုံသည်။ သူ gay ဖြသ်နေလို့ ဖိုးသားကို ချစ်နေဦးတောင်မှ ဖိုးသားကို အသိပေးမည်မဟုတ်သလို ဖိုးသားကို သူလို ဖြစ်အောင် လုပ်မည် မဟုတ်ပေ။
"လေးလေးကို သားက အခြောက်ပါ၊ ဖိုးသားနဲ့သားက ဖြစိချင်တိုင်း ဖြစ်နေတာလို့ ဘယ်သူ ပြောတာလဲ။ သူများတယ်ထားဦး လေးလေးက ဘာလို့ ပစ်ယုံလိုက်ရတာလဲ။"
"အေး ဘယ်သူပြောလဲ သိချင်လား။ မင်းတို့ဖြစ်နေတာတွေကို သီဟကိုယ်တိုင် မြင်တာ။ သူကိုယ်တိုင် ပြောတာ။ မင်းကို တားရင်း သူနဲ့ ရန်ဖြစ်သေးတယ်လေ။ မနေ့ညကလည်း သူ့ဆီဆိုပြီး ဖိုးသားဆီသွားနေတာကို သီဟကိုယ်တိုင် လာပြောပြီးပြီ။ မင်း အခုထွက်သွား ဖိုးသားဘအဖေတွေသာ သိရင် ငါရှက်လို့ ဆုံးမှာ မဟုတ်ဘူး။"
သီဟ ပြောတာတဲ့။ သီဟ ကိုယ်တိုင် လာပြောတာတဲ့။ သီဟ တရားလွန်လွန်းသည်။ သူ့သိက္ခာကို ရစရာမရှတော့အောင် နင်းချေ ဖျက်ဆီးလိုက်ပြီ။ သူက gay ဆိုတာကို ရိပ်မိယုံနဲ့ ထိုအချက်ကို အသုံးချပြီး သူ့ကို  ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သည်။ gay တစ်ယောက်ရဲ့ဘဝက ကျဉ်းမြောင်း လွန်းတာလား။ ပတ်ဝန်းကျင်အမြင်က ကျဉ်းမြောင်းတာလား သူ မသ်ိပေ။
"မင်းထွက်သွားပါ။ ဒီနေရာကရော ငါ့ဘဝထဲကပါ ထွက်သွားပါ။ ငါ့မှာ သိုးဆိုတဲ့ ဖြူစင်တဲ့ တူတစ်ယောက် မရှိတော့ဘူး"
****************************
"သိုး ဘယ်သွားပြီး ဘယ်မှာနေမှာလဲ။ သိုး အဆင်ပြေပါ့မလား။ ကျတော်တို့အိမ်မှာ လာနေမလား။ ဖေဖေ့ကို ပြောပေးမယ်လေ။"
ပူပန်မှုအပြည့်ဖြင့် ပြောနေသော ဖိုးသားရဲ့စေတနာကို သူ မြင်သည်။ သူ့ကို နားလည်တာဆိုလို့ ဖိုးသားသာ ရှိတော့သည်။ ဒီတိုင်းဆက်နေလျှင်လည်း ဖိုးသားကို ထိခိုက်နေလိမ့်မည်။ ဖိုးသားကရော ဘယ်လောက်များ သူ့အပေါ် နားလည်နိုင်လိမ့်မည်နည်း။
"ကိုက ယောက်ျားပဲ ဖိုးသားရ အဆင်ပြေမှာပါ။ မင်းကို မနက်က ပြောသလိုပဲ။ တကယ် ငြိမ်းချမ်းဖို့က လွတ်လပ်မှ ဖြစ်မယ်။ မှီခိုနေရရင် အကြွေးတင်ရင် ဘယ်တော့မှ လွတ်လပ်မှာ မဟုတ်ဘူး။ အဲဒီတော့ ငါ လွတ်ဘပ်ဖို့ကြိုးစားမယ်။ မင်း စိတ်ချပြီး ကောင်းအောင်နေခဲ့နော်။ "
သူ လွယ်အိတ်သေးသေးလေးကို လွယ်လျက် လှည့်ထွက်လာခဲ့သည်။ သူ့ဆီမှာ ဘာမှ မရှိ။ သူ့ဘေးမှာ ဘယ်သူမှ မရှိပေ။ မိဘနှစ်ပါးက ထွက်ခွားသွားသည်။ ဦးလေးဖြစ်သူက နှင်ချသည်။ သူငယ်ချင်း ဖြစ်သူက ခြေထိုးခံခဲ့သည်။ သူ့ဘဝမှာ ဘာမှ မရှိပေ။ သူ့အတွက်နေရာလည်း လောကကြီးမှာ မရှိပေ။
ဟင့်အင်း တခြားနေရာတော့ ရှိဦးမှာပါ။ ရှိကို ရှိဦးမှာ။ ရှိသည်လို့ မျှော်လင့်ကာ၊ ရှိသည်ဟု ဟန်ဆောင်ကာ သူ သွားရမည်။ သူက ဖြူစင်သော သိုးတစ်ကောင်ဖြစ်သည်။ အပြစ်မလုပ် အသားမစားဘဲ နေမည်။ သို့သော် သူ့အတွက် မြက်ပေါပါလိမ့်မည်။ သူ့မှာ လမ်းလျှောက်နိုင် အသက်ရှင်နိုင်သာ ခွန်အားရှိသည်။ ထိုခွန်အားဖြင့် သူသည် ဆက်လက်အသက်ရှင်နေပေလိမ့်မည်။ ကန္တရထဲမှာတောင် သူ ရှင်သန်နိုင်ရပေလိမ့်မည်။

         ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}Où les histoires vivent. Découvrez maintenant