ဆူးထွင်းလှည့်ပါ (၃)

68 7 0
                                    

အခန်း ( ၃ )
သူ အိပ်ယာနိုးလာတော့ သူရက သူ့ရင်ခွင်ထဲ တိုးဝင်၍ အိပ်နေသည်။ ချက်ချင်းပင် သိုးကို သတိရသွားသည်။ သိုးရော ဘယ်မှာ အိပ်နေသလဲ။ သူ လူးလဲထကာ သိုးကို ရှာနေမိသည်။ ဘယ်နေရာမှ သိုးကို မတွေ့ပေ။ မပြောမဆိုဘဲ တစ်ယောက်တည်း ပြန်သွားပြီလားဆိုတဲ့အတွေးနဲ့ စိတ်တိုမိသွားသည်။ အခန်းပြင်ထွက်ကြည့်တော့ ဆိုင်ကယ်က ရှိနေတုန်းပါပဲ။ ခုမှ မနက်ငါးနာရီထိုးစ ရှိသေးသည်။ ညဘက်ကြီး တစ်ယောက်တည်း ပြန်သွားပြန်သည်။
**********************
သူရ အိပ်ယာကနိုးတော့ သိုးရော သီဟပါ ရှိမနေပေ။ သူတို့ ပြန်သွားပြီလား။ သူတို့နှစ်ယောက် အတူသွားအတူလာနေခြင်းကို သူ စတင် မနာလို ဖြစ်လာသည်။ သူငယ်ချင်းတွေပါပဲဆိုပြီး ဖြေသိမ့်ပေမယ့် စိတ်က မပြေလှပေ။ အနည်းဆုံးတော့ သူ့ကို နှုတ်ဆက်သွားသည် မဟုတ်လား။ ညက သိုး ဘယ်လို အိပ်ပါလိမ့်။ ဘယ်နေရာမှာ အိပ်ပါလိမ့်။ သူနှင့် သီဟ တိတ်တိတ်လေးပြန်သွားပြီး တူတူအိပ်ကြတာလား။ သူ ရင်တွေ ပူလာသည်။
*******************
"အား သေပါပြီ။"
စာသင်သည့် အိမ်အပြင် လမ်းမရောက်ရုံနှိသေး သွားနေတုန်း မျက်စိကိုပိတ်ကာ ခြေစုံရပ်လိုက်သည်။ သူ စာသင်တဲ့အိမ်နဲ့ လေးခြံကျော်က ဘွိုင်လာဖြင့်လည်သော ဆန်စက်ကလေးရှိသည်။ ထိုစက်က စက်ပြာများ ခဏခဏ လွှငိ့သည်။ ယခု ထိုပြာက သူ့မျက်လုံးကို ဒုက္ခပေးပြီး။
"ဆရာ ပြာ ဝင်သွားတာဖြစ်မယ်။ ကျတော် ကြည့်ပေးမယ်။ ခေါင်း နည်းနည်းငုံ့လိုက်"
အိမ်ရှေ့အထိ လိုက်ပို့သော ဖိုးသားက သိပြီး အပြေးရောက်လာသည်။ သူ ခေါင်းငုံ့ပေးလိုက်သည်။ ဖိုးသားက သူ့မျက်လုံးတွေကို ဖွင့်ကြည့်ကာ ပြာကို ရှာ၍ဖယ်နေသည်။
"တွေ့ပြီးဆရာ ကျတော် ဖယ်လိုက်ပြီ။ ဘယ်လိုနေလဲ။ မျက်လုံးကစားကြဘ့်လိုက်။"
"အင်း အောက်သေးတယ်။ ဖိုးသားရ"
ဖိုးသားက ပါးစပ်ဖောင်းကာ သူ့မျက်လုံးထဲကို လေဖြင့် မှုတ်ထုတ်သည်။ သူ မျက်ရည်ဝဲနေတုန်းပါပဲ။ သို့သော် နည်းနည်း သက်သာလာသည်။ ဖိုးသားက ဘာမှဆက်မလုပ်ဘဲ ရပ်နေသည်။
"ဆရာ့မျက်လုံးက အရမ်းလှတယ်နော်။"
ဖိုးသား နှုတ်က လွတ်ခနဲ ထွက်သွားသည်။ ဟုတ်သည်ပဲ။ မျက်ရည်လဲ့လဲ့ မျက်သားကြည်ကြည်ဖြင့် မျက်ဝန်းအိမ်ကျဟ်ကျယ်လေးက ကလေးတစ်ယောက်ကဲ့သို့ ကြည်စင်လှပနေသည်။ သူ့အပြောကြောင့် ဆရာ ဖျတ်ခနဲ ပြုံးသွားသည်။
"ခွပ်"
ရုတ်တရက် အထိုးခံလိုက်ရချိန်မှာ သိုး ထိတ်လန့် အံ့သြမိသည်။ ဘာကြောင့်အထိုးခံရသည်ကိုလည်း နားမလည်ပေ။
"မင်း ဘာလို့ မပြောမဆိုဘဲ ပြန်လာတာလဲ။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ ငါတို့မှာ မင်းကို ရှာလိုက်ရတာ။ သူရဆို သူ့အိမ်မှာ အိပ်ရင်း ပျောက်သွားလို့ ဒေါင်းတောပ်အောက် ရှာနေတာ။ မင်းက ဒီမှာ လာသာယာနေတယ်။ မင်း နည်းနည်းလောက် လူလို သိပါလား"
ဒေါသတကြီး ပြောနေသော သီဟကြောင့် သူ လွန်စွာ စိတ်ပျက်သွားသည်။ ဖိုးသားရှေ့မှာဆိုတော့ ရှက်လည်း ရှက်မိသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောက် ဆုပ်ပြီး သီဟရဲ့မျက်နှာကို အချက်ပေါင်းများစွာ ဆင့်ထိုးပစ်လိုက်ချင်သည်။ သို့သော် သူနှလုံးသားက ခွင့်မပြု။ သူ့ ဆင်ခြင်တုံတရားက ခွင့်မပြု။ ထို့အတူ သူ့လေးလေးကလည်း ခွင့်ပြုမည် မဟုတ်ပေ။
"မင်း တရားလွန်လာပြီ သီဟ။ ဒါပေမယ့် ငါသည်းခံလိုက်ဦးမယ်။"
ဘာမှ မဖြစ်သလို ထုံပေပေ ပြန်ပြောနေသော သိုးကြောင့် သီဟ ဒေါသပိုထွက်မိသည်။ သူ့ဒေါသကိုတောင် အသိအမှတ်မပြုသလို လုပ်နေသည်။
"အေး တရားလွန်တော့ မင်း ဘာလုပ်ချင်လဲ။"
"ဟင့်အင်း ဘာမှ မလုပ်ချင်ဘူး။ မင်းလည်း သိနေတာပဲ။ ငါ မနက်ဘက် guide သင်ရတယ်ဆိုတာကို။ ညတည်းက ငါ မအိပ်ဘူးငြင်းတော့ မင်းပဲ အတင်းအိပ်ပါပြောတယ်လေ။ မနက်ကျတော့လည်း ငါ မင်းကို ခေါ်နှိုးသေးတယ်။ မင်းမှ မထတာ။ မင်းက အအိပ်မက်မှန်း သိတော့ ငါလည်း ဆက်မနှိုးဘဲ ပြန်လာတာ"
သူ သီဟကို အေးအေးဆေးဆေးပဲ ရှင်းပြလိုက်သည်။ ဖိုးသားက သူ့အတွက် စိတ်မကောင်းဟန် သနားဟန်ဖြင့် ပြာယာခတ်နေသည်။ သီဟက စိတ်ပြေအောင် သူ ထပ်ပြောလ်ုက်သည်။
"ငါ အဝေးကြီး လမ်းလျှောက်ရတာ ပိုတောင် ပင်ပန်းသေးတယ်။ မင်းကိုယ်ခေါ်နှိုးရင် ငါ သက်သာတာပဲ။ ဒါပေမယ့် မင်းရော သူရရော အိပ်ပါစေဆ်ုပြီး ထွက်လာတာလေ။ သူရလည်း အိပ်ရေူမပျက်တော့ဘူးပေါ့။"
သီဟ၏ မျက်ဝန်းထဲ အရိပ်အမျိုးမျိုး ဖြတ်ပြေးသွားသည်။ အင်း သူ့ကို ပြန်အားနာနေတာနေမယ်။ အခြေအနေကို ဖိုးသားက အဆုံးသတ်လိုက်သည်။
"ဆရာလာ သား ကြပ်ထိုးပေးမယ်။ တော်ကြာ ဆရာ့လေးလေး မြင်ပြီး စိတ်မကောင်းဖြစ်နေမယ်။ သွေးပူတုန်းဆိုရင် အရောင်သက်သာတယ်။"
သူ ဘာမှ မပြောဘဲ ဖိုးသားနောက် လိုက်သွားခဲ့သည်။ သီဟ ဘယ်လို ကျန်ရစ်သည်ကို သူမသိချင်တော့။ အဓိက ရှေ့ဆက်ပြဿနာများ ဆိုးကျိုးများကို ဖုံးဖို့သာ မဟုတ်လား။ သူ့ဒဏ်ရာကို လေးလေးနှင့် တခြားသူများ သိ၍မဖြစ်ပေ။ အခန်းထဲရောက်တော့ ဖိုးသားက ကြပ်ထိုးပေးသည်။ ပွန်းနေသော နေရာကို ဂွမ်းအရက်ပျံစွတ်ကာ အနာကို ဖွဖွလေး တို့ပေးသည်။
"ဆရာ နာလို့လား။"
ဖိုးသားရဲ့အမေးကို သူ ခေါင်းညိတ်ဖြေလိုက်သည်။ ဟုတ်တယ်။ သူ နာလို့ ငိုတာပါ။ သူ နာလို့ မျက်ရည်ကျတာပါ။ သူ ဝမ်းနည်းလို့ ငိုတာ မဟုတ်ဘူး။ သူ စိတ်ညစ်လို့ ငိုတာ မဟုတ်ဘူး။ သူ့ကိုယ်သူ ဆင်ခြေပေးရင်း တုန်ချင်လာသော အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ မျက်ရည်များက အဆက်မပြတ် ကျဆင်းလာနေသည်။
သူ ဖိုးသားကို နှုဆ်ဆက်ကာ ဟန်မပျက် အိမ်ပြန်လာသည်။ လေးလေးကို ထမင်းချက်ပေးနေတုန်း သူ အားရပါးရ ငိုချလိုက်သည်။ လေးလေးသိလား။ မနေ့က သူက အပြောနဲ့ နှိပ်စက်တယ်။ ဒီနေ့ ကိုယ်ထိလက်ရောက်ပါ နှိပ်စက်လာပြီ။ နောပ်ထပ် သူ ဘယ်လို နှိပ်စက်ဦးမလဲ။ သားကရော ဘယ်လောက် သည်းခံနိုင်မလဲ။ သား နှလုံးသားကရော ဘယ်လောက် ပင်ပန်းခံနိုင်ပါ့မလဲ။ သူ မုန်းလိုက်ချင်သည်။ တခြားသူများကို မဟုတ်။ သူ့ကိုယ်သူသာ မုန်းလိုက်ချင်သည်။ ဒီလို ဒုက္ခပေါင်းစုံနှိပ်စက်သော ဘဝကို တွယ်တာနေသော၊ သူ့အပေါ်ရက်စက်နေသော့ သီဟကို ချစ်နေမိသော သူ့ကိုယ်သူသာ မုန်းလိုက်ချင်သည်။
"မမုန်းပါနဲ့ သိုးရယ်။ လူဆိုတာ ကိုယ့်ကိုယ်ကို ချစ်ရတယ်။ အဲဒါမှ သူများကို ချစ်တတ်မယ်။ တကယ်တော့ ဒဏ်ရာဆိုတာ ရင့်ကျက်စွာလှဖို့ သိုးကို ပြုပြင်နေတာပါ။"
သူ တခြားတစ်ယောက်အနေနဲ့ သူ့ကိုယ်သူ ပြန်ပြောမိသည်။ ဒီလိုနဲ့ပဲ တစ်နေကုန်တော့မှာပါ။ ဒီလိုနဲ့ပဲ မနက်လင်းတော့မှာပါ။
*******************
"သိုး ဒီနေ့ သီဟ ကျောင်းမလာဘူးတဲ့။ ညနေကျ သူ့အိမ်လာပါဦးတဲ့။ ကိစ္စရှိလို့တဲ့။"
သိုးကို မပြောချင်ပြောချင်ဖြင့် သူရ ပြောပြလိုက်ရသည်။ မနက်က သီဟ သိုးကို ထိုးခဲ့သည်ကို အတော်လေး စိတ်မကောင်း ဖြစ်နေသည်။ ဒီညနေတော့ သူ သိုးကို တောင်းပန်ချင်သည်တဲ့။ သူငယ်ချင်း အချင်းချင်း လက်ပါသည့် သီဟကို သူ အပြစ်တော့ တင်မိသည်။ သီဟကိုယ်တိုင် စိတ်မကောင်း ဖြစ်နေမှန်းသိတော့ သူ ထပ်မပြောဖြစ်တော့ပေ။
သိုးကတော့ ဘာမှ မဖြစ်သလို အဝေးကိုသာ ငေးနေသည်။ သိုး၏မျက်လုံးတို့ကတော့ ကြည်လဲ့လဲ့ အရည်တစ်မျိုး ရှိနေကာ လှနေသလိုပင်။ သိုး ငိုနေတာလား။ ဒါမှမဟုတ် အရင်ထဲက သိုးရဲ့မျက်လုံးက အဲဒီတိုင်း လှနေတာလား။ အိုး အဲဒီမျက်လုံးတွေကို သီဟသာမြင်ရင်ဖြင့် ချစ်မသွားနိုင်ဘူးလို့ ပြောနိုင်လား။ မနက်တုန်းက သီဟ ထိုးလိုက်တော့ သိုး မျက်ရည်ကျလေမလား။ ရုတ်တရက် ဖုန်းမက်ဆေ့ ဝင်လာသံကြောင့် သူ့အတွေးပြတ်သွားသည်။
သိုး အဝေးကိုသာ ငေးကြည့်မိသည်။ သူကိုယ်တိုင် ပြောလို့ရပါလျက်နှင့် သူရကို တစ်ဆင့် ပြောခိုင်းရလား။ အင်းလေ အစတည်းက သူက စည်းဝိုင်း အပြင်ဘက်က လူဖြစ်နေသည်ပဲ။ သူတို့ အဆင်ပြေပါစေ။ သူတို့ ပျော်ရွှင်ပါစေ။ ဒါမှ သူ့ကို ရန်မရှာဘဲ သီဟ ပျော်နေမှာ။ ချစ်သူက သူများရင်ထဲမှာ ပျော်မှ သူ အေးချမ်းမှုရမည်တဲ့။ သူ့နှလုံးသားက ငြိမ်းချမ်းပါ့မလား။ အဝေးဆုံးသွားရင် နှလုံးသားက နာကျင်ခံစားမယ်။ အနီးမှာနေရင် စိတ်နဲ့ ခန္ဓာက နာကျင်ဆင်းရဲရမယ်။ သူ ဘာကို ရွေးချယ်သင့်လဲ။

         ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}Where stories live. Discover now