63 6 2
                                    

အခန်း ( ၄ )
သီဟအိမ်ရောက်သွားတော့ သီဟ ရှိမနေပေ။ သီဟ ပြန်လာမဘ့်အချိန်ကို သူစောင့်နေမိသည်။ စိတ်လည်း အနည်းငယ် လှုပ်ရှားနေသည်။ မနက်က သူထိုးခဲ့သည့်အတွက် တောင်းပန်လေမလား။ နောက်ထပ် မထိုးပါဘူးလို့များ ကတိပေးလေမလားဟု သူ မရဲတရဲ မျှော်လင့်မိသည်။ သူ့အနာကိုသာ ဆေးထည့်ပေးလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဖိုးသားပြောတော့ သူ့မျက်လုံးတွေက လှသည်တဲ့။ သီဟက ထိုမျက်လုံးတွေကို မမြင်တာလား။ လှတယ်လို့ မထင်တာလား။
မလာတာကြာ၍ သီဟအခန်းမှာ ရှုပ်ပွလို့နေသည်။ သူ သီဟကို စောင့်ရင်း အခန်းကို ရှင်းနေလိုက်သည်။ လျှော်စရာများကိုလည်း လျှော်ပေးလိုက်သည်။ မိတဆိုးလေးသီဟ၏ ကွက်လပ်ကို သူ တတ်နိုင်သလောက်တော့ ဖြည့်ပေးချက်မိသည်။ သူ စာအုပ်များကို စီထပ်ထားလိုက်သည်။ ညခြောက်နာရီထိုးနေပြီ သီဟကတော့ ပြန်ရောက်မလာပေ။ အင်း ပြန်သွားရင်လည်း အပြစ်ဖြစ်မည်။ စောင့်နေအောင်လည်း နောက်ကျနေပြီ။ သီဟသည် သူ့ကို ဘယ်တော့မှ အလေးမထားပေ။ သူက အလေးမထားလျှင်တော့ဖြင့် ဒေါသထွက်တတ်သေးသည်။ သီဟကတော့ သူရနှင့် ပျော်နေမည်အချိန်မှာ သူက သီဟ အလုပ်တွေ လုပ်ရင်း သီဟအခန်းမှ သီဟကို မျှော်နေရသည်။ ဒါသည်ပင် သူ့ဝဋ်ကြွေးပင် ဖြစ်သည်။ စောင့်နေရင်း သူ အိပ်ပျော်သွားသည်။
***************************
"လေးလေး သိုး ဘယ်သွားနေလဲ။ သိုး အိမ်မှာ မရှိဘူး မဟုတ်လား။"
"မရှိဘူး ညနေတည်းက ထွက်သွားတာပဲ။ သားဆီလို့တော့ ပြောသွားတာ။ သားနဲ့ မတွေ့ဘူးလား။"
သီဟ ပို၍ စိတ်တိုးသွားမိသည်။ သူ့ကိုပါ ခုတုံးလုပ်သွားသည်။ တောင်းပန်ဖို့ တကူးတက ချိန်းသည်ကို မလာဘဲ ဘယ်တွေသွားနေသည်မသိပေ။ ဟာ Guideလုပ်ပေးနေသော ကောင်လေးဆီ သိုး သွားခြင်းသာ ဖြစ်နိုင်သည်။ ထိုကောင်လေးနှင့် ပတ်သက်လျှင် လေးလေးကိုလိမ်ဖို့ သူ့ကို အသုံးချဖို့လည်း သိုး ဝန်မလေးတတ်တော့ပေ။ သူ့မှာတော့ စိတ်မကောင်းဖြစ်လိုက်ရတာ။ ဒီလိုမလုပ်ဖို့ ကတိပေးမည်၊ စိတ်ကျေနပ်အောင် တောင်းပန်မည်ဟု တကူးတက ချိန်းးပြီး အကြာကြီး စောင့်နေရသည်။ သူ့ဒေါသများ အထွတ်အထိတ်သို့ ရောက်လာသည်။
"လေးလေးတူက သူ guideလုပ်နေတဲ့ ကောင်လေးနဲ့ သွားတွေ့တာနေမှာပေါ့။ လေးလေးတူ တော်တော် တရားလွန်တယ်။"
"သိုးက ဘာလုပ်နေလို့လဲ သီဟရ"
"ဘာဖြစ်ရမလဲ။ သားကိုဆိုလည်း ဂရုစိုက်မတော့ဘူး။ ဖိုးသားဆိုလား အဲဒီကောင်ကိုပဲ အသက်ရှိတယ် ထင်နေတာ။ မနက်ကလည်း သားနဲ့သူနဲ့ ရန်ဖြစ်ရသေးတယ်။"
သူ မထွေးနိုင်မအနိနိုင် ပြောပစ်လိုက်သည်။ သူ့ကို မနက်ဖက်လာမခေါ်နိုင်တာ ဖိုးသားက်ု ဂရုစ်ုက်ချင်လို့နေမှာပေါ့၊ မနက်ကလည်း လမ်းပေါ်မ အကြည်စ်ုက်နေကြသည်ပဲ။
"သိုးက အလုပ်ကို တာဝန်ကျေချင်တာပါ သီဟရယ်။ အမြင်မစောင်းပါနဲ့။ သိုးက သားကို အရမ်းခင်တာ။"
"အသား အမြင်စောင်းတာမဟုတ်ဘူး။ သိုးက အလုပ်သဘောထက် ဖိုးသားကို ပိုနေတာ။ သူ ကြိုက်နေတာလေ ဖိုးသားကို။"
သူ မကျေမနပ်ဖြင့် ထင်ရာမြင်ရာကို စွတ်ပြောပစ်လိုက်သည်။ သူ ဒေါသထွက်ရသလို သိုး ထိခိုက်နာကျင်မှ ကျေနပ်နိုင်မည် ဖြစ်သည်။ သူ သိုးကို ထိခိုက်နာကျင်စေလိုသည်။
"လေးလေးသားက အခြောက်လေ။ မနက်က လမ်းပေါ်ကြီးမှာ အကြည့်စိုက်နေကြတာ ရှက်တောင်မရှက်နိုင်ကြတော့ဘူး။ သားလည်း ကြည့်ရင်း စိတ်တိုလာလို့ သူ့ကို ထိုးလိုက်တာ။ သူက သားက်ို အရေးတောင် မစိုက်ဘူး။ အဲဒီကောင်ကြောင့် သားတို့ကို အာခံနေတာ။ သိုး အရမ်း လူပါးဝတယ်"
            ********************
"မင်း ဘယ်က ပြန်လာလဲ။ "
"သီဟအိမ်ကလေ"
"ခွပ်"
သိုး လေးလေးကို အံ့သြတကြီး ကြည့်မိသည်။ ထို့အတူ ဝမ်းနည်းစိတ်တို့ စောင့်တက်လာပြီး သူ မျက်ရည်ကျလာသည်။ လေလေး သူ့ကို ထိုသို့ ကိုယ်ထိလက်ရောက် မဆက်ဆံဘူးပေ။ တော်တော် စိတ်ဆိုးနေ၍ ဖြစ်မည်။
"လေးလေး ဗိုက်ဆာလို့ စိတ်ဆိုးနေတာလား။ သား ထမင်း ခူးကျွေးမယ်လေ။"
"မင်း ငါ့အတွက် ဘာမှ မလုပ်ပေးနဲ့။ မင်းက သိုး မဟုတ်တော့ဘူး။ မြေခွေးတစ်ကောင်ပဲ။ မင်းကို ငါ ရွံတယ်"
ပြောရက်လိုက်တာ။ ရက်စက်လိုက်တာ။ လောကမှာ သူ့ကို အနားလည်ဆုံးလို့ သူထင်သော လေးလေးက သူ့ကို ရက်ရက်စက်စက် ပြောရက်သည်။ သူ့ကို မြေခွေးတဲ့။ ဟင့်အင်း သူက သိုးပါ။ ဖြူစင်စဲ။ ရိုးသားစဲပါ။ သိုးကို မတရား မပြောပါနဲ့။
သူ ဘာမှ မပြောဘဲ ကျောင်းပြန်ပြန်ချင်း ချက်ပြုတ်ထားသည်တို့ကို ခူးခပ်ကာ လေးလေးဆီသို့ ယူလာခဲ့သည်။
"ခွမ်း"
"ဝုန်း"
လေးက ပန်းကန်တို့ကို ပေါက်ခွဲကာ သူ့ကို စောင့်ကန်လိုက်သည်။ သူ နံရံနားမှာ ခွေခွေလေး လဲကျ သွားသည်။  သူ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ လဲကျသွားသည့်အတိုင်း ငိုနေမိသည်။ အရာအားလုံးက သူ့အပေါ် ရက်စက်လွန်းသည်။ သို့သော် သူ့မှာ ထွက်ပြေးစရာမရှိ။
"မင်းက စောက်ခြောက်။ စောပ်ရှက်မရှိတဲ့အကောင်။ မင်း ငါ့ကို ကျွေးနေတာကတောင် သန့်မှာ မဟုတ်ဘူး။ မင်းကို ငါ အရမ်းရွံတယ်။ မင်းက ကျေးဇူးကန်းတဲ့ကောင်။ မင်းခုလို နေရအောင် ကျောင်းတက်နိုင်အောင် ထားပေးတဲ့ သီဟတို့ကိုတောင် ကျေးစွန့်တဲ့ကောင်။ "
မဟုတ်ဘူးလို့လည်း သူ မငြင်းချင်ပေ။ ဘယ်သူမှ နားလည် လက်ခံလာအောင် သူ ရှင်းမပြချင်တော့။ ဘာတွေ ဖြစ်နေသည်ကိုလည်း သူ နားလည်အောင် မကြ်ုးစားချင်တော့။ သူ ပင်ပန်းလှပြီ။ သူ့ကို ဝိုင်း နှိပ်စက်နေကြသည်။ သူ ပင်ပန်းလှပြီ။ သူ လဲကျနေရာမှ ထကာ ပန်းကန်နှင့် အဖိတ်အစင်များကို သုတ်သင်သိမ်းဆည်းနေသည်။ မျက်ရည်တွေကတော့ အဆက်မပြတ်ကျနေသည်။ သူ မသုတ်မိ။ ကျလိုက်စမ်းပါ။ သူ့ကိုယ်ထဲက ရှိသမျှအရည်ဓာတ်တွေ ခမ်းသွားတဲ့အထိ၊ သူ့နှလုံးသားက ခံစားချက်တွေ ကုန်သွားသည့်အထိ၊ သူ့မျက်လုံးတွေ ဝေဝါးပြီး သူ့ကို မုန်းနေသူတွေကို မမြင်ရသည့်အထိ။ ဆက်တိုက်ကျနေပါ။
ခဏကြာတော့ မျက်ရည်တွေခန်းသွားသည်။ သူ ရှိသမျှနှင့် ထမင်းစားသည်။ စားကောင်းသည်ဟု မှတ်ယူကာ  ထမင်းအားလုံး ကုန်သည်အထိ စားနေသည်။ ထို့နောက် စာအုပ်ထုတ်ကာ စာဖတ်သည်။ စာကျက်၍ကောင်းသည်ဟု မှတ်ယူကာ ရှိရှသမျှစာတို့ကို ကျက်နေလိုက်သည်။ ထို့နောက် ယိုင်ထိုးနေသော ခြေလှမ်းများဖြင့် သီဟတို့အိမ်ကို သူ သွားသည်။ ပျော်နေသည်ဟု ယူဆကာ မျက်နှာကို ပြုံးထားကာ လေပါ ချွန်နေလိုက်သည်။ သို့သော် သီဟ အခန်းနား ရောက်လုချိန်မှာ သူ့မျက်ရည်တွေ ကျလာသည်။ ရင်ဘတ်များ အောင့်လာသည်။ ခြေလှမ်းများ ယိုင်လာသည်။ သူ ထိုင်ချကာ အားရပါးရ ငိုလိုက်သည်။ အိုး သူ့မျက်ရည်တွေ ပေါလိုက်တာနော်။
**************************
သူရ ရင်တထိတ်ထိတ် ခုန်နေသည်။ သီဟက ဒေါသကြီးမှန်း သူသိသည်။ သူ့ကို ဒေါသထွက်မလား။ သိုးကို ဒေါသထွက်မလား။ သိုးကိုများ မနက်ကလို ထိုးကြိတ်နေလေမလား။ ဒီတစ်ခါ သိုး သည်းမခံဘဲ ပြန်ထိုးလေမလား။ ဘာတွေဖြစ်ကုန်မည်မသိ။ သူ စိတ်ပူလှသည်။ သို့သော် ရန်ဖြစ်မည်ထက် အဆင်ပြေမည်ကိုလည်း သူ ပိုစိုးထိတ်မိသည်။
သူရ အခန်းထဲတွင် ယောက်ယက်ခတ်ကာ ဖင်မထိုင်နိုင် ဖြစ်နေသည်။ ဖုန်းလည်း မဆက်ရဲပြန်ပေ။ အရင်းကလို သီဟကအပြစ်တင် သိုးက မတုံတတ်တေးဖြင့်သာ ဘာမှမတုန့်ပြန်ဘဲ နေလျင်ကောင်းမည်။ နောက်နေ့တွင်လည်း သူတို့အဆင်မည်ပဲကိုး။ ရေရှည် သူတို့သုံးယောက်လုံးအတွက် အကောင်းဆုံးအဖြေကို သူ တွေးရတော့မည်။ သူ့စိတ်ထဲမှာ သီဟကို ပိုင်ဆိုင်လိုသည့်နှင့်အမျှ သိုးကို မနာလိုစိတ်တို့ ပြင်းပြလို့နေသည်။

         ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}Where stories live. Discover now