(Chap-34)

1.5K 156 13
                                    

"ဟဲလို ဟဲ့ အိမ့်ဒါစင် ငါ ဖိတ်စာရလား"

"အေးရတယ်ဟ နင်တောင်သန်ဘက်ခါဆို လက်ထပ်တော့မယ်နော်"

"အေးဟနောက်ဆုံးတော့လည်း ဒီလိုပဲဖြစ်ရမှာပေါ့ဟဲဟဲ"

"အေးပါဟုတ်ပါပြီထားပါတော့ထားပါတော့"

"ဒါနဲ့အဲ့နေ့ကျရင်နင်လာမှာလား"

"အဲ့နေ့တော့ငါမလာဖြစ်လောက်ဘူးထင်တယ်
ငါ US ကိုပြန်တော့မှာလေ"

"အယ်ချက်ချင်းကြီးပါလား"

"ဟားဟား ဟုတ်တယ်ဟ ငါလည်း ဒီပျက်ရှင်ဝင်လို့ရောက်လာတာလေ ခုပြန်ကောင်းသွားပြီဆိုတော့လည်း အရင်အတိုင်းပဲပေါ့ဟာ နင်ရောပြန်လာမှာလား"

"ငါကတော့ မင်္ဂလာဆောင်ပြီးလို့ 2 လတန်သည် 3လတန်သည် ရန်ကုန်မှာနေပြီးရင်တော့ ငါ့ဇနီးကိုပါUS ကိုခေါ်လာပြီး အဲ့မှာပဲအပြီးနေဖို့ဆုံးဖြတ်ထားတယ်"

"အမလေးဟ ယူတောင်မယူရသေးဘူးနင့်ဇနီးတဲ့
ပြောပါဦးပြောပါဦး အခုသူနင့်ကိုတကယ်ချစ်နေပြီမဟုတ်လား"

ထူးထူးတစ်ယောက်ဖုန်းကိုကိုင်ပြီး ပြတင်းပေါက်အပြင်ကိုသာကြည့်ကာခတ္တညိမ်သက်သွားခဲ့သည်

/ငါ့နင့်ကိုဘယ်လိုပြောပြရမလဲအိမ့်ဒါစင်ရာ သူ့ကိုငါ ရယူလိုစိတ်နဲ့ အမှားလုပ်မိပြီးကတည်းကသူငါ့ကိုသူငယ်ချင်းလိုတောင်မဆက်ဆံတော့ဘူး/

ထိုစကားတွေကို Best Friend ဖြစ်၍ပြောလည်းပြောချင်ပေမဲ့ ပါးစပ်ကမပြောထွက်ခဲ့ပေ
တိတ်တိတ်သာနေနေခဲ့လေသည်

"ဟဲ့ ဟဲ့သေသွားပြီလားဘာဖြစ်တာတုန်း"

"ဘာမှမဖြစ်ပါဘူးဟ ငါအတွေးလွန်နေလို့ပါ"

"နင်ဘာတွေတွေးနေတာလဲ ငါသိနေတယ်ထူးထူး"

"နင်ဘာတွေပြောနေတာလဲ ဒါစင်"

"နင်က ငါ့ best fri ဆိုတော့ငါရှင်းရှင်းပဲပြောမယ်ထူးထူး နင့်ကိုနင့် ကောင်မလေး ပြန်မချစ်သေးဘူးမဟုတ်လား"

ထူးထူးပြန်ပြောရန်စကားပင်မရှိဆွံအသွားခဲ့သည်

"သူ့နင့်ကိုဘာလို့ပြန်မချစ်တာလဲ သူ့မှာနောက်ချစ်ရတဲ့သူတစ်ယောက်ရှိနေလို့လား
နင်ကများသူ့ကိုမတရား တွေတွယ်ကပ်နေတာလား"

Internal SkyTempat cerita menjadi hidup. Temukan sekarang