(Chap-11)

1.5K 104 0
                                    

အိမ်တံခါးလည်း ခေါက်လိုက်ပြီး အိမ်ရှေ့ မှာခဏစောင့်နေလိုက်တယ်။
စိတ်ပူ၊ဒေါသထွက်၊ ပူဆွေးသောကရောက်နေတဲ့မိက်နှာ နဲ့ ဟန်နီကတံခါးလာဖွင့်ပြီး
"လာ အိမ်ထဲအမြန်ဝင်"
ညာဘက်လက်မောင်းကိုဆောင့်ဆွဲ ပြီး အိမ်ထဲ ကို ဆွဲသွင်း ကာတံခါးကို ပိတ်လိုက်သည်။
"နင်ဘာဘာ လို့ဒီလောက်တောင်နောက်ကျနေတာလဲ
ဘယ်တေသွား နေတာလည်း ဘာတေလုပ်နေတာလဲ၊ ဘယ်သူနဲ့ လည်း၊ ငါ့ကိုမပြောပဲဘာလို့လုပ်တာလဲ???
ဒရပ်စပ် မနားပဲ စက်သေနတ် လိုထွက်လာတဲ့မေးခွန်း တေကြား ကိုကို ခေါင်းတေပါ ချာလပတ်ရန်းသွားသည်။
"ဒီလိုပါမ ဟန်နီ အစကနေစပြောရမယ်ဆိုရင်တော့ ဒီနေ့ ကျောင်းအသွားမှာ ကားတိုက်မိ......"
ကားတိုက်မိ ဟုသာပြောရသေးသည် မဟန်နီ ကမျက်လုံးပြူး မျက်ဆံပြူးနှင့်
"ဘာဖြစ်သွားသေး လဲ ဘယ်နားရောထိသွားလဲ"
တစ်ဦးတည်းသောညီမလေးဖြစ်သည့် အပြင် မိဘများမရှိသဖြင့် အမေ လိုရော အဖေလိုရော ငယ်စဉ်ကပင်စောင့်လျှောက်ရခြင်းကြောင့် ညီအမထက်ပိုသောသံယောဇဉ်များရှိကြသည်။

"ဘာမှမဖြစ်ပါဘူးမဟန်နီရဲ့ ခြေထောက်ပဲနနဲထိသွားတာ အဲ့တာကိုလည်းဆေးခန်းကဆေးထည့်ပေးလိုက်လို့ကောင်းသွားပြီ"
"အဲဒါဆို ဘာလိုအခုအချိန်မှရောက်တာ လဲ ငါဘယ်လောက်စိတ်ပူနေလဲ နင်မသိဘူးလား ကိုကို"

"မနက်ကကျောင်းတက်ချိန်ဆိုတောဆေးခန်းသွားပြ ဖို့မမှိတော့ဘူးလေ အဲ့ဒါကြောင့် ကျောင်းဆင်းမှပြလို့နောက်ကျသွားတာ"

"အော်အေးပါ ဒါနဲ့ ကားနဲ့တိုက်တာဘယ်သူလဲ"
"အဲ့တာ ကိုကိုတု့မျက်နှာချင်းဆိုင်အခန်း ကပဲ မဟန်နီ သူတို့ကတော်တော်သဘောကောင်းပါတယ် တိုက်မိလို့ဆေးခန်းလည်းပြပေးတယ်ဂရူလဲစိုက်တယ်
အဲ့အိမ်ကကောင်လေးက သမီးနဲ့အခန်းအတူတူလေ"
"ဟဲ့အဲ့ကောင်ကဘာကောင်တုန်း နင့်ကိုရော ဘာတေလုပ်လိုက်တုန်း"
ကိုကို ကြံကြံဖန်ဖန်စိတ်ပူနေသော သူ့အမကိုကြည့်ကာရယ်မိလိုက်သည်
"သူက သဘောကောင်းပါတယ် ကိုကိုဒီနေ့မုန့်မဝယ်နိုင်လို့သူဝယ်ကျွေး တယ်လေ သူကသူငယ်ချင်းကောင်းပါ"
"သူငယ်ချင်း?? "ဟုပြောပြီး ဟန်နီပြုံးလိုက်မိသည် သူငယ်ချင်း တစ်ယောက်ရလာတယ်ဆိုတာ ကိုကိုအတွက်တော့ထူးခြားဖြစ်စဉ်ဖြစ်သော ကြောင့်သာ
"ဒါနဲ့ နင့်မျက်မှန်ရော"

Internal SkyWhere stories live. Discover now