(Chap-17)

1.5K 128 6
                                    

"တီ တီတီ တီ"
Alarm မှ အသည်းအသန်တွေမြည်နေသဖြင့် မျက်လုံး မဖွင့် ပဲ စားပွဲပေါ်တင်ထား တဲ့ဖုန်း ကို ရမ်းသမ်း စမ်း လေသည်။

ဖုန်းကတော့ alarm မြည်တာ မရပ်သေး
ဖုန်း ကိုမျက်လုံးမှိတ်စမ်းရင်း ရှာ မတွေ့
လက်ကလည်း ဟိုးစမ်းဒီစမ်းနှင့် မတွေ့တော့ စိတ်ကတိုလာ သည်
"ဟာကွာ ဒီဖုန်းတော့ဖြင့် ငါပစ်ခွဲမိတော့မယ်"

စိတ်တိုပြီး ကုတင်ပေါ်ထထိုင်တော့ မှ ဖုန်း ကခုံ ဟိုဘက်အစွန်းကိုရောက်နေတာသိလိုက်ရသည်
ဖုန်းကို ခါးကုန်းကာလှမ်း ယူပြီး alarm ကို ထပိတ်လိုက်သည်
နာရီကိုကြည့်လိုက်တော့7 နာရီ
"ငါ alarm လည်း မပေးထားမိပဲ ဘာလို့ alarm ထမြည်တာတုန်း"

အသေအချာစဉ်းစားကြည့်တော့ မှ အရင်အပတ် ဒီ အချိန်ကသူနှင့် သွင် အပြင်သွားရန်ချိမ်းထားသဖြင့်
Alarm ပေစထားကြောင်းသတိပြန်ရခဲ့သည်

သွားလေးကိုသွားစွယ်လေးပေါ်အောင် ဖြီးပြီး
"ငါမေ့နေတာဒါကြောင့်ကို"

ဘာကြောင့်မှန်းတော့မသိ မ နှင့်ပတ်သတ်သောအတွေးများကိုတွေးတိုင်းသူ့စိတ်ထဲပျော်သလို အမြဲလည်းပြုံးမိ၏

"ဒီနေ့မှ မ နဲ့ မချိန်းထားတာပြန်အိပ်တော့မယ်"
ဆိုပြီး ခေါင်းအုံးပေါ်ခေါင်းချပြီး ငါးမိနစ်မျှ သာမှေးရသေးသည်
"ဒူ ဒူ ဒူ ဒူ"
ဖုန်းကထလာပြန်သည်

"အမလေး ပလုပ်တုတ်"
ကိုကိုစိတ်တိုတိုဖြင့်ထထိုင်ထိုင်လိုက်ပြီး ဖုန်းကို လှမ်းယူလိုက်သည်
"ဟာ ဘယ်ကသူတေငါ့ဖုန်းကိုဆက်.... ဆက်...
ဟာ မ"
မ ရဲ့ဖုန်းကိုမြင်ရုံပဲရှိသေးသည် သူ့ရဲ့ ပါးစပ်နှစ်ဘက်ကနားရွက်ကို ချိတ်တော့ မည့်အလား

ဖုန်းကိုကိုင်လိုက်ပြီး ပြတင်းပေါက်နားကိုသွားရပ်လိုက်သည်
အိပ်ချင်စိတ်တေကတော့ ဘယ်ကိုခရီးထွက်ကုန်းမှန်းကိုမသိတော့

"ဟဲလို မ"
"မောနင်း ကို"
"မ နေကောင်းလား ဟင်"
"ကောင်းပါတယ် ကိုရဲ့"
"ဒါနဲု့ မ မနက်စောစောစီးစီး ဘာပြောမလို့လဲမ"

"မနက်စောစောစီးစီးဆိုတော့ ကိုက အိပ်နေတာလား"
"ဟုတ်ဟုတ်တော့ ဟုတ်တယ် ဒါပေမဲ့ မဆက်တဲ့အချိန်မှာနိုးနေပါပြီ"
ကိုကိုဆိုသည်မှာလည်း မ ကိုနည်းနည်းမျှစိတ်အနှာက်အရှက်အဖြစ်ခံလိုသူမဟုတ်
ထို့ကြောင့် မုသားအနည်းငယ်ထည့်သုံးလိုက်ရခြင်းဖြစ်သည်

Internal SkyWhere stories live. Discover now