အပိုင်း - ၆ (Zawgyi + Unicode)

Start from the beginning
                                    

" ကျွန်တော်...ကျွန်တော် အကို့ကို အိမ်လိုက်ပို့ပေးချင်လို့ "

" ဟောဗျာ.... "

• • • • • • • • • • • • • • • • • • • • • • • • • • • •

သူ့အပြောမှာ ဟောဗျာ ဆိုပြီး ရယ်ဟဟဖြစ်သွားတဲ့ အကို့ပုံစံကြောင့် သူ ပိုပြီးရှက်သွားသည် ။ သူ့မှာ မနည်းတောင် အားယူပြီး ပြောရတဲ့ဟာကို ။ အကို Taxi နဲ့လာတယ်ဟု ပြောကတည်းက အပြန်ကို သူလိုက်ပို့ပေးချင်နေတာပါ ။

သို့သော် ကိုယ့်အငုံ့စိတ်နှင့်ကိုယ်မို့လို့ပဲလားမသိ ။ လိုက်ပို့ရမလားဟုလည်း မမေးချင် ။ ငါ့ကိုတစ်မျိုးများထင်သွားမလားဆိုတဲ့ စိတ်ကလည်း အချိန်ပြည့်ဖိစီးနေသည်မို့ သူ့မှာ ပြောမယ် မပြောဘူး လွန်ဆွဲနေရသည် ။

ပြန်ခါနီးအချိန်မှ မိုးကလည်း ရွာလာတာနဲ့ သူမနေနိုင်တော့ ။ လမ်းထိပ်ထိ လမ်းလျှောက်ထွက်ပြီး Taxi ငှါးမှ ရမည်မို့ အကို့ကို မိုးစိုမှာစိုးသည့်စိတ်နဲ့ သူ့မှာ အရဲစွန့်ပြီး ပြောရသည်ကို အကိုက ပြုံးစိစိနှင့်ဆိုတော့ သူ့မှာ မျက်နှာတွေပင် ပူလာသလိုလို ။

" ဒါလေးပြောဖို့ကို ဒီလောက်ခက်သလား အသာရ ၊ အသာလိုက်ပို့ပေးမယ်ဆိုရင် ကိုယ်က ပိုတောင်အဆင်ပြေသေးတယ်လေ "

" ဟုတ် ဟုတ် ၊ ဒါဆို ကျွန်တော် လိုက်ပို့မယ်နော် "

ကားမောင်းထွက်လာပြီးတော့လည်း သူ ဘာပြောရမှန်းမသိ ။ အကိုကလည်း ငြိမ်နေသည် ။ ကျွတ် နေရခက်လိုက်တာဗျာ ။ ယောက်ျားလေးနှစ်ယောက်ရှိနေသည့် ကားထဲမှာ ခုလိုကြီး တိတ်ဆိတ်နေတာက သိပ်တော့ အဆင်မပြေဘူးမဟုတ်လား ။ တစ်ခုခုတော့ ပြောမှ ဖြစ်မည် ။ ဘာစပြောရင် ကောင်းမလဲ ။ စဉ်းစားစမ်း ထင်းထင်သာရာ ။

" အသာ ညစာစားပြီးပြီလား "

အကိုလည်း သူ့လိုပဲ ခံစားရ၍လားမသိ ။ စကားစလာသည် ။

" မစားရသေးဘူး အကို ကျွန်တော်က ဒီကပြန်မှ စားနေကျ "

" အိမ်မှာ စားတာလား "

" ဆိုင်တစ်ခုခုမှာ ဝင်စားသွားတာများတယ်အကို ၊ ဒီကပြန်ရင် ကိုးနာရီခွဲလောက်မှရောက်တော့ အိမ်မှာ လိုအပ်တာလုပ်ပေးတဲ့ မနော်ကိုလည်း စောင့်ပြီး မလုပ်ပေးစေချင်လို့ ၊ သူက တစ်အိမ်လုံးအလုပ်တွေနဲ့ တစ်နေကုန် ပင်ပန်းထားတော့ ကျွန်တော့်ကို စောင့်ပြီး တကူးတကပြင်ဆင်ခိုင်းရမှာ အားနာတာနဲ့ ကျွန်တော်အပြင်မှာပဲ စားလိုက်တော့တာ ၊ ဆိုင်ကအစားအစာတွေ ငြီးငွေ့လာရင်တော့ အိမ်ရောက်မှ ကိုယ့်ဟာကိုယ် ကြက်ဥကြော်ပြီး စားလိုက်တယ် "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now