အပိုင်း - ၆ (Zawgyi + Unicode)

Start from the beginning
                                    

သူလည်း ပြောတာကို နားထောင်ရင်း စမ်းသပ်ရင်းနှင့်

" အဖျားကတော့ ကျသွားပြီအဘွား ၊ ကြေးအိုးအစွမ်းနဲ့ တူပါရဲ့ ၊ ဒါပေမယ့် အဖျားပြန်တက်မှာစိုးလို့ ဆေးတော့ ပေးလိုက်မယ် ၊ ကျွန်တော်ပေးလိုက်တာတွေကို ကုန်အောင်တော့ သောက်ရမယ်နော် ၊ အဲ့လိုမဟုတ်ရင် အဘွားပြန်ဖျားလိမ့်မယ် ၊ အဲ့ဒီအခါကျ ကြေးအိုးလောက်နဲ့ မရတော့ဘူး ၊ ဆေးပါထိုးရမှာ "

" စိတ်ချပါတော် ၊ ကုန်အောင်သောက်မှာပါ ၊ ဆရာလေးတို့ပြောစကားဆို အကုန်နားထောင်ပါ့မယ် "

" ဒါဆို ကျွန်တော့်ညီလေးဆီမှာ ဆေးယူသွားနော် အဘွား "

" အေးပါကွယ် ၊ သာဓု သာဓု သာဓုပါ... ၊ အကိုလုပ်သူက အခမဲ့ဆေးကုပေးတယ် ၊ ညီလေးက အကိုဖြစ်သူကို ကူညီပြီး ပါရမီဖြည့်တယ် ၊ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဒီညီအကို ကျန်းမာချမ်းသာကြပါစေ ၊ အများအကျိုးကိုလည်း အတူတွဲပြီး အမြဲလုပ်ဆောင်နိုင်ကြပါစေ "

" ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အဘွား "

ဒီနေ့ မိုးရွာနေ၍ပဲလားမသိ လူနာရှင်းနေသည် ။ အချိန်ကို ကြည့်လိုက်တော့လည်း ကိုးနာရီ ထိုးခါနီးပြီမို့

" အသာ ဆေးခန်းပိတ်ကြစို့ "

" ဟုတ်ကဲ့ အကို "

အသာ့အားပြောပြီးသည်နှင့် သူလည်းအခန်းထဲပြန်ဝင်ကာ သိမ်းစရာရှိတာ သိမ်းနေလိုက်သည် ။ သူအပြင်ထွက်လာတော့ ဂဏာမငြိမ်သလိုလို တစ်ခုခုပြောချင်သလိုလိုပုံမျိုးနှင့် အသာ့ကို တွေ့လိုက်ရသည် ။ ပုံမှန်ဆို သူအပြင်ထွက်လာသည်ကို မစောင့်တတ်ဘဲ သိမ်းစရာရှိတာ သိမ်းပြီးသည်နှင့် သူ့အား ' ခိုင်းစရာမရှိရင် ကျွန်တော်ပြန်တော့မယ်နော် ' ဟု အခန်းပြင်မှ နှုတ်ဆက်ကာ ပြန်သွားတတ်မြဲ ။ ယခုမှ ထူးထူးဆန်းဆန်း ဘာဖြစ်လို့ပါလိမ့် ။

" အသာ...ဘာဖြစ်လို့လဲ ၊ ကိုယ့်ကို ပြောစရာရှိလို့လား "

" ဟိုလေ...ဟို ဟိုဟာ..."

" အင်း အင်း ပြော "

ခေါင်းကိုကုပ်သလိုလို လည်ပင်းကိုပွတ်သလိုလိုနှင့် စကားက ရှေ့ဆက်မလာသည့် အသာ့ကြောင့် သူ့မှာ ဘာမှန်းမသိဘဲ စိတ်တောင်ပူလာမိတော့သည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now