၃၀ (Zawgyi + Unicode)

8.9K 1.5K 96
                                    

Unicode

"Sehun ကားပြန်လှည့်နော်"

ချက်ချင်းပဲ ထငိုတော့မယောင် မျက်နှာငယ်လေးနဲ့ပြောနေသည့် Han ကို Sehun မကြည့်မိအောင် ထိန်းထားရသည်။ ကြည့်လိုက်မိရင် စိတ်ကပျော့သွားတော့မှာ.. Han ပြောသလိုပဲ ကားပြန်လှည့်ပေးမိမှာ။

မရဘူး။

ဒီတစ်ခါတော့ အလျှော့မပေးတော့ဘူး။

"Sehunnnn"

သံရှည်ဆွဲခေါ်နေသည့် Han ကြောင့် Sehun စိတ်တင်းထားသမျှက အရည်ပျော်ကျလာရသည်။ ဒုက္ခပါပဲ။

"Sehun လို့"

ဒီကောင်လေးနဲ့တော့ ခက်နေပါပြီ။ အဝေးပြေးလမ်းမပေါ်တောင် မရောက်သေးခင်မှာ Sehun တစ်ထစ်လျှော့ပြီး ကားခဏရပ်လိုက်ရသည်။

"Han ကွာ.. ခိုးပြေးလာတာပါဆိုမှ ဘာလို့ ပြန်ပို့ရမှာလဲ"

Luhan ဘက်ကို လှည့်ပြီး Sehun ဆူပူလိုက်တော့ နဂိုထဲကမှ သေးသေးလေးပဲရှိသည့် မျက်နှာလေးက ပိုပြီးတောင် ငယ်ကျသွားသည်။ အဲ့ဒါတွေ သူ မခံနိုင်မှန်းသိလို့ Han သက်သက်ဉာဏ်များနေတာ သူသိသည်။

"Sehun ကလည်း.. ကျွန်တော်က တကယ်လက်ထပ်မှာပါဆိုနေ"

"ဒါပေမဲ့ စောင့်ပါဦးဆို.. ကိုယ်က မစောင့်နိုင်တော့ဘူး"

"Sehun ကလည်း"

ကျေးဇူးပြုပြီး အဲ့အသံလေးနဲ့ မပြောပါနဲ့လား။ အသည်းကို တတိတိလာကုတ်နေသလိုပဲ။ Sehun နားပိတ်ထားလို့လည်းမရ။

နောက်ဆုံးတော့ Baekhyun ပြောသလိုပဲ လုပ်ရတော့မည်ထင်သည်။ သကောင့်သားလေးက သူ Han ကို ခိုးပြေးမယ်လို့ပြောတုန်းကဆို ရယ်လိုက်တာ ခွက်ထိုးခွက်လန်ပင်။ ပြီးတော့ ပြောသေးသည်။

"ကိုကိုကတော့ လမ်းတဝက်မှာတင် ပြန်လှည့်ရလိမ့်မယ်" တဲ့။

အဲ့တုန်းကတော့ သူတော်တော်စိတ်ဆိုးခဲ့တာ။  ဒါပေမဲ့ တကယ်တမ်းကျတော့လည်း Han အလိုမရှိတာကို ဇွတ်တိုးမလုပ်ချင်ပါ။ မတတ်နိုင်ဘူး။ ကိုယ်က အမြတ်တနိုး တန်ဖိုးထားချင်တာကိုး..။

"တစ်ပတ်အတွင်း ကိုယ့်ကိုလက်ထပ်မယ်ဆိုရင်တော့ အိမ်ပြန်ပို့ပေးမယ်.. ဒါပေမဲ့ ကိုယ်ပါ အမေတို့နဲ့ ဝင်တွေ့ပြီး စကားပြောဦးမှာ"

Give and TakeWhere stories live. Discover now