၂၇ (Zawgyi + Unicode)

10K 1.6K 121
                                    

Zawgyi

"သနားဖို့ကောင်းလိုက်တဲ့ ငါ့ကလေးလေး"

မေမေက ငိုပါသည်။ သူကတော့ ကိုကို့,ကိုတစ်လှည့် မေမေ့ကိုတစ်လှည့်ငေးကြည့်ရင်း တကယ်ပဲ သူကအဲ့လောက်သနားစရာကောင်းနေပြီလားလို့ တွေးနေမိ၏။

တစ်နေ့တစ်မျိုး မရိုးရအောင်လို့ အနှောင့်အယှက်ပေးခံရတဲ့နေ့တွေ သူ့မှာ တကယ်ရှိခဲ့တာပဲ။ ထိုင်ခုံပေါ်က ပီကေတွေကြောင့် အမြဲတမ်း အရှက်တကွဲဖြစ်ခဲ့ရတာတွေက သူတို့နှုတ်ကထွက်တဲ့ စကားကြမ်းကြမ်းတမ်းတမ်းတွေလောက်တော့ မနာကျင်နိုင်ပါ။

ဒါပေမဲ့.. ဩော်.. ဒီလိုဖြစ်ခဲ့တာပဲ ဆိုတဲ့ အတိတ်တစ်ခုကို အကုန်ပြန်မှတ်မိသွားရုံကလွဲရင် ဘာမှ ထူးကဲပြီး မခံစားရပါ..။

သူ တကယ် ရင့်ကျက်ခဲ့ပြီထင်ပါရဲ့။ မေမေနဲ့ ကိုကိုက သူ့အတွက် ယူကြုံးမရဖြစ်နေစဉ်မှာ သူကတော့ တော်တော်လေးသွေးအေးနေမိသည်။ အဲ့လိုဆိုပေမဲ့လည်း ဦးလေးကြီး သူ့အပေါ်လုပ်ခဲ့တဲ့လုပ်ရပ်ကိုတော့ ဒီအတိုင်း ခွင့်လွှတ်မပေးနိုင်။

ထပ်ခါ ထပ်ခါ အသုံးချရလောက်တဲ့အထိ သူက လွယ်ကူလို့လား..။ သူ့ကို ကစားရတာ ပျော်လို့လား..။

သူ့မေးခွန်းတွေအတွက် ဦးလေးကြီးရဲ့အဖြေကို သူသိချင်သည်။ ထိုအဖြေက နာကျင်ရမယ်ဆိုပါဦးတော့.. အမှန်တရားတစ်ခုကို သူ နားထောင်ချင်မိသည်။

"မေမေ..."

သူ့ခေါ်သံကြောင့် မေမေက မော့ကြည့်လာသည်။

"အစ်ကို Luhan ကို.. မမုန်းပါနဲ့နော်"

ကိုကို ချစ်ရတဲ့ အစ်ကို Luhan ရဲ့အပြုံးလှလှလေးတွေ ဆိတ်သုဉ်းသွားမှာ သူစိုးရိမ်ပါသည်။ ချစ်ဖို့ကောင်းပြီး.. စိတ်ထားနုနယ်တဲ့ အစ်ကို Luhan ကို ကိုကိုကတောင် ဒီလောက်ချစ်တာ.. ဦးလေးကြီးဆိုရင် ဘယ်လောက်တောင် ချစ်လိုက်မလဲ။

ဦးလေးကြီးကြောင့် ဖြစ်ခဲ့တဲ့ကိစ္စတွေကို အစ်ကို Luhan က သူ့အမှားလို့ ခံယူလိုက်မှာ..။ အဲ့လိုလုပ်ပြီး ကိုကိုနဲ့ပါ လမ်းခွဲတော့မှာ သူသိသည်။ နှစ်ယောက်စလုံး အချင်းချင်းချစ်ကြရဲ့သားနဲ့ ကျောခိုင်းကြမှာမျိုးကို မလိုချင်ပါ။

Give and TakeWhere stories live. Discover now