၁၉ (Zawgyi + Unicode)

10.2K 1.5K 103
                                    

Zawgyi

"ကိုကို"

"အင်း"

"အလုပ်အရမ်းရှုပ်နေတာလား"

အသံလေးက သနားစရာလေးနှင့် Sehun ဘေးနားမှာ ကွိကျိကွိကျိလာလုပ်နေတော့ အစ်ကိုက အလုပ်လုပ်ရတာ စိတ်မဖြောင့်တော့။ ဆေးစစ်ချက်တွေအရ အကုန်ကောင်းတယ်ဆိုပေမဲ့လည်း ဒီပက်ကျိလေးကို သူ့မှာ အခုတလော မျက်နှာအညှိုးမခံနိုင်။

"ငါ့ဟာငါဆို မရှုပ်ပါဘူး.. အခု မင်းလာမှ ရှုပ်တော့မှာ.. ဘာတုန်း ပြော"

"ကိုကိုကလည်း"

အီလေးဆွဲပြီး Sehun ပေါင်ပေါ်ကို ခြေထောက်နှစ်ဖက်ပစ်တင်ကာ ဆိုဖာပေါ်ကိုလှဲချသည်။ အစ်ကိုမှာလည်း သူနဲ့ကျမှ ခြေတော်တင်ကြီးကိုဖြစ်လို့။

"လူကြီးကို မလေးမစားနဲ့.."

"ကိုကို"

"အေး ပြော"

"သားကို လူတစ်ယောက်အကြောင်း ကူရှာပေးနိုင်လား"

စကားအသွားအလာက စနောက်နေပုံမရတာကြောင့် သူ Baekhyun ကို လှမ်းကြည့်မိသည်။ တကယ်လည်း စနေတဲ့ပုံမပေါ်။

"ဘယ်သူလဲ"

ပြောမလို့ ပါးစပ်ပြင်ပြီးမှ ကောင်လေးက ငြိမ်ကျသွားသည်။ ပြီးတော့ သက်ပြင်းတချချနှင့် နှုတ်ခမ်းကထော်လာသေး၏။

"နာမည်လည်းမသိဘူး.. ဒီတိုင်း သား အသိတစ်ယောက်"

"အသိ?"

"အင်း.. သူ့ဆီက... ယူစရာရှိလို့"

"ဘာယူစရာလဲ"

"ဟို... ပိုက်ဆံချေးထားတာ"

"ဘာ!"

Baekhyun လန့်ဖြန့်ပြီး ငုတ်တုတ်လေးထထိုင်လိုက်မိသည်။ ကိုကိုက မျက်မှောင်ကြုံ့၍ လပ်တော့ပ်ကို ဘေးကိုခဏချလိုက်ကတည်းက သိလိုက်ပြီ.. အဆူခံရတော့မည်။ အချေးအငှားလုပ်တာတွေ မေမေရော ကိုကိုပါ မကြိုက်မှန်းသိရက်နဲ့ ဒီပါးစပ်လေးကလည်း တန်းတန်းမတ်မတ်ကို ပြောမိသွားသေးသည်။

"နာမည်တောင်မသိပဲ ပိုက်ဆံချေးလိုက်တယ်ဟုတ်လား"

"ဟို... အရမ်းအလျင်လိုနေလို့ပါ... ကိုကိုကလည်း.. သားကို အကူအညီတောင်းရင် မငြင်းနိုင်တာသိသားနဲ့"

Give and TakeWhere stories live. Discover now