၂၀ (Zawgyi + Unicode)

11.6K 1.6K 115
                                    

Zawgyi

တွေ့ချင်လို့.. ခဏလောက် အိမ်ရှေ့ကို ထွက်ခဲ့ပေးပါလား ဆိုတဲ့စကားနဲ့တင် ကမန်းကတန်း အနွေးထည်ကောက်ဝတ်ပြီး ပြေးထွက်လာမိသည်အထိ Baekhyun ကတော့ ရူးရူးမိုက်မိုက်နဲ့ပင် စွဲလမ်းနေမိပြီ။

တစ်ရက်လား.. နှစ်ရက်လား..။ မတွေ့ဖြစ်ခဲ့တာ သေချာတွေးကြည့်ရင် ဘယ်လောက်မှကြာသေးတာမဟုတ်ပေမဲ့ ဒီလူကို လွမ်းသည်။ ခြံထဲကထွက်လိုက်တာနဲ့ အိမ်ရဲ့ မျက်စောင်းထိုးလောက်မှာ ရပ်ထားသည့် သူ့ကားကြီးက ထင်းခနဲ။

"ဦးလေးကြီး!"

အပြင်ထွက်၍ ကားကိုမှီရပ်နေသည့်သူကိုမြင်တော့ Baekhyun လှမ်းအော်ခေါ်လိုက်မိသည်။ ဆတ်ခနဲမော့ကြည့်လာသည့် မျက်နှာက ထင်ထားတာထက် ညိုးနွမ်းလို့နေ၏။

"ချာတိတ်.."

အနားရောက်တာနဲ့ အရင်ဆုံး ရီဝေဝေအကြည့်တွေနဲ့အတူ အရက်နံ့က ဖုံးမနိုင်ဖိမရ။

"ဦးလေးကြီး သောက်လာတာလား"

နှာခေါင်းလေးတရှုံ့ရှုံ့ဖြင့် သူ့အင်္ကျီကို လိုက်အနံ့ခံနေသည့်ကောင်လေးကြောင့် Chanyeol ပြုံးလိုက်မိသည်။ လုပ်လိုက်တဲ့ အပြုအမူတိုင်းက ချစ်စရာကောင်းနေရအောင် ဘာဆေးတွေများ စားသလဲမသိ။

"နည်းနည်းပဲသောက်လာတာပါ"

"ဒါဖြင့်ရင် မူးပြီး မောင်းလာတာလား"

"အငှားဒရိုင်ဘာပါပါတယ်ခင်ဗျ"

အဲ့တော့မှ ကားရှေ့ခန်းကို ခေါင်းလေးစောင်းကြည့်ပြီး ငြိမ်ကျသွားသည်။ ဒါပေမဲ့ ခဏပါပဲ။ စက္ကန့်ပိုင်းလောက်ကြာတော့ သူ့ဝသီအတိုင်း လှုပ်လှုပ်ရွရွပြန်ဖြစ်လာကာ နောက်ခန်းတံခါးဆွဲဖွင့်ပြီး Chanyeol ကို တက်ခိုင်း၏။ ဘုမသိ ဘမသိဖြင့် ကမန်းကတန်း ကားပေါ်တက်လိုက်ရသော်လည်း ဘာလို့လဲ ဟုမမေးမိပါ။

"ကိုကိုတွေ့သွားရင် သားကိုသတ်မှာ"

သူကြောင်တောင်တောင်ကြည့်နေမိတာကို ချာတိတ်က ခပ်တိုးတိုးလေး ဖြေရှင်းချက်ပေးပြီးတော့ သူ့နားမှာ ကပ်၍ထိုင်သည်။ တကယ်က ဘာမှမဟုတ်တာလေးပေမဲ့ သူ့မှာတော့ ရုတ်တရက်ကြီး သွေးခုန်နှုန်းတွေ ကမောက်ကမဖြစ်ကုန်ရသည်။

Give and Takeحيث تعيش القصص. اكتشف الآن