၂၉ (Zawgyi + Unicode)

8K 1.4K 108
                                    

Unicode

"ကိုကြီး"

မကြားမှန်းသိပေမဲ့ အသံအရင်ပေးပြီးမှ Chanyeol ရဲ့အင်္ကျီလက်မောင်းကို Luhan လှမ်းဆွဲလိုက်သည်။ ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကိုငေးနေရာမှ ကိုကြီးက Luhan ဆီ လှည့်ကြည့်လာ၏။

"Luhan"

Baekhyunee က ကျွန်တော်ရယ်၊ မေမေနဲ့ ဖေဖေရယ်ကို တွေ့ဖို့ချိန်းတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီကျရင်။ သူ့ကို တကယ်တောင်းပန်ချင်တာဆိုရင် မပျက်မကွက်လာခဲ့ပါတဲ့။

Luhan ထောင်ပြလာသည့် ဖုန်းစခရင်ကိုကြည့်ပြီး Chanyeol ရင်ထဲ လွမ်းမောသွားရသည်။ ချာတိတ်က သူ့မိသားစုကို တွေ့ဖို့ချိန်းပါသတဲ့။ ဒါပေမဲ့ ရည်ညွှန်းသွားတဲ့လူတွေထဲမှာ သူ့နာမည်မပါ..။ သူ့ကိုတော့ ခွင့်လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးထင်ပါရဲ့လေ။

အင်းလေ... သူကလည်း ခွင့်လွှတ်ပေးဖို့ထိုက်တန်တဲ့ကောင်မှမဟုတ်တာ..။ ခွင့်လွှတ်ပေးပါလို့လည်း သူ့မှာတောင်းဆိုခွင့်မရှိ။

"..သွားလေ.. ငါက ရပါ..တယ်"

တကယ်တော့ အနားမှာ ဘယ်သူမှရှိမနေရင် မဖြစ်ပါဘူး။ ဆေးရုံမှာမနေချင်လို့သာ အတင်းအိမ်ပြန်လာခဲ့ပေမဲ့ ဒီအနေအထားကြီးကို သူ ကျင့်သားမှမရသေးပဲ။ တိတ်ဆိတ်လွန်းနေတဲ့ လောကကြီးကြောင့် သူအထီးကျန်သလိုတောင် ခံစားနေရသည်။

ပြောဆိုနေကြတဲ့စကားဝိုင်းတွေထဲမှာလည်း သူဝင်မပြောနိုင်။ ပြောနေကြတာကိုလည်း မကြားရ.. Luhan ကတော့ သူစိတ်ဓါတ်ကျမှာစိုးလို့ ဖုန်းက​နေတဆင့် စာရိုက်ပြီး စကား​အမြဲလာလာ​ပြော​နေ​ပေမဲ့ သူ့​ကြောင့်နဲ့ သူ့မိသားစု အလုပ်ပိုရှုပ်ရတာမျိုးလည်း မဖြစ်​စေချင်။

ချာတိတ်ကိုလည်း လွမ်းပေမဲ့ ဖြစ်ခဲ့သမျှ အရာရာအကုန်လုံးက သူ့အမှားတွေချည်းမို့လို့ သူ့ဘက်က လောဘတက်ခွင့်မရှိ။ အနည်းဆုံးတော့ မသိစိတ်က လွမ်းနေတာကို သူ,မတားဆီးနေချင်တော့ပါ။

ကိုကြီး.. အဆင်ပြေပါ့မလား။

Luhan ရေးထားတဲ့စာကိုဖတ်ပြီး Chanyeol ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ သူ့ကိုစိုးရိမ်ပေးနေရှာတဲ့ Luhan လေး.. သူ့ကြောင့်နဲ့ Sehun တို့မိသားစုဆီက အငြိုငြင်ခံရတော့မည်။

Give and TakeWhere stories live. Discover now