အပိုင်း ၈

Mulai dari awal
                                    

"နေစမ်းပါဦး..ခင်ဗျားနဲ့သူနဲ့က ဒီနေ့မှတွေ့ရတာဆို.. "

သူဘာကိုပြောချင်နေတာလဲ
ရိပေါ်ရဲ့မျက်လုံးတွေက မှေးကျဉ်းသွားတယ်
ရှောင်ကျန့် ဒီအခြေအနေကနေမြန်မြန်ရုန်းထွက်ချင်နေမိပြီ

"ဆိုတော့.. ခင်ဗျားက ဒီဆယ်နှစ်အတွင်း ကျုပ်ကလွဲလို့ လူတော်တော်များများနဲ့ အဆက်အသွယ်ရှိခဲ့ပုံပဲ"

ရှောင်ကျန့်ရဲ့မျက်လုံးတွေပြူးကျယ်သွားပြီး ရိပေါ်ကိုကြည့်လာတယ်

"မဟုတ်ဘူး"

"ခင်ဗျားရဲ့ သိပ်ချစ်ရတဲ့ကောင်လေးနဲ့ရောပေါ့ ဟုတ်လား"

ရှောင်ကျန့်လုံးဝတုန်လှုပ်သွားတယ်
နှုတ်ကအာစေးမိသလို ဘာမှပြောမထွက်လာတော့ဘူး
သူ ခေါင်းပဲတွင်တွင်ခါနေမိတယ်

"ဟုတ်တာပဲ ကျုပ်တစ်ယောက်ကပဲခင်ဗျားအတွက် ဘောင်မဝင်တန်းမဝင်ခဲ့တာကိုး"

"မဟုတ်ဘူး ရိပေါ်"

ရိပေါ်ရဲ့နှုတ်ခမ်းကလှောင်ပြုံးပြုံးတယ်
လက်တစ်ဖက်ကို မျက်နှာရှေ့ဝှေ့ယမ်းပြီး ရှောင်ကျန့်ကိုကျောခိုင်းပြီး ထွက်သွားတယ်

"ဒါက စောက်ရေးပါတဲ့ ကိစ္စလည်းဟုတ်မနေပါဘူး"

"မဟုတ်ဘူး ခဏလေးရိပေါ် ခဏ"

ကျောခိုင်းသွားတဲ့ရိပေါ်ရဲ့လက်ကိုရှောင်ကျန့်ပြေးဆွဲပြီးတားလိုက်ပေမယ့် ရိပေါ်က သူ့လက်တွေကို ဆတ်ခနဲခါချတယ်

"မထိနဲ့"

"ခဏလေး အဲ့ဒိလိုမဟုတ်ပါဘူး"

တည်တင်းနေတဲ့ရိပေါ်ရဲ့ မျက်နှာကချက်ချင်း လှောင်ရိပ်သန်းလာပြန်တယ်

"ဖြေရှင်းချက်တွေပေးကြည့်စမ်းပါဦး"

ဘယ်လိုဖြေရှင်းပြရမှာလဲ
သူဘယ်လိုပြောနိုင်မှာလဲ
သူဘာကိုပြောပြနိုင်မှာလဲ

"စောက်ပိုတွေ"

ရိပေါ်ကကျောခိုင်းလိုက်ပြန်တော့ ရှောင်ကျန့်က လက်ကိုထပ်ဆွဲပြန်တယ်

"မထိစမ်းပါနဲ့..  ခင်ဗျား ကောင်ကိုပဲ ခင်ဗျားသွားထိနေလိုက်. စိတ်ပျက်ဖို့ကောင်းလိုက်တာ.. ကျုပ်ကိုရောဘာလုပ်ချင်နေတာလဲ? ဘာဖြစ်စေချင်နေပြန်တာလဲ? မလိုအပ်ရင် ဟိုးစောက်အဝေးကြီးကိုထွက်သွား ပြီးတော့မှ အခု ခင်ဗျားရဲ့ စောက်အဓိပ္ပာယ်မရှိတဲ့ ထမင်းဗူးတွေနဲ့ လာပြန်ပြီး အရောဝင်နေရအောင် ကျုပ်က ခင်ဗျား လှည့်စားချင်တိုင်းလှည့်စားပြီးနောက်ကွယ်မှာအလှောင်ခံနေမယ့် စောက်ကလေးအထာတွေမရှိတော့ဘူး.. ပျော်မွေ့နေလိုက်စမ်းပါ ခင်ဗျားကောင်နဲ့ပဲ"

ADORE [Completed]Tempat cerita menjadi hidup. Temukan sekarang