"ဘာကြည့်နေတာလဲ chanyeol...
မင်းအသံလေးဘာလေးပေးသင့်ပါတယ်"

Baekhyun ကဆိုလိုက်တော့ တစ်ဖက်ကမေးထောက်ထားတာကိုဖြုတ်၍ ဖြေရှင်းချက်ပြန်ပေးသည်။ တိုက်နှစ်တိုက်ကြားတွင် ခြံခတ်ထားသေး၍ တစ်ဖတ်နှင့်တစ်ဖတ်အော်ပြောနေရသည်မှာ မသက်သာလှ။

"Hyungကစာလုပ်နေတာလေ..။ ကျွန်တော့်ကြောင့်အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ပါ"

Chanyeol စကားပြောတိုင်း လူတိုင်းကို အဲ့လိုပြုံးပြီးပြောတတ်တာလားတော့မသိပေမယ့် baekhyunကိုစကားပြောလိုက်တိုင်း အမြဲပါးချိုင့်ကြီး နစ်ဝင်အောင် ပြုံးနေတတ်သည်။

"အဲ့ဒါမင်းအခန်းလား..။"

"အင်း...ဟုတ်တယ်hyung... ဒီဘက်ခြမ်းလေးက လေတိုက်လို့"

ထိုအခြင်းအရာများပင်ဖြစ်သည်။
Chanyeolနှင့်သူ အကျင့်စရိုက်၊ အတွေး၊ အကြိုက်ကအစ တူနေခြင်းကို ဆိုလိုသည်ပင်ဖြစ်သည်။ ကြိုတင်မတိုက်ထားသော ဇာတ်ကွက်တစ်ခုက ညှိနှိုင်းစရာမလိုအောင်ပင် တိုက်ဆိုင်စွာအကုန်တူနေသကဲ့သို့။

ခုနကလန့်သွား၍ သတိမထားမိသော်ငြား ခုကြည့်တော့မှ chanyeol မျက်မှန်ချွတ်ထားသည်ပင်။အဝေးကမို့ သိပ်မမြင်ရသော်လည်း baekhyun သေချာမျက်မှောင်ကုပ်၍ ကြည့်မိသည်။ ဘာရယ်မဟုတ်။ chanyeol မျက်မှန်ချွတ်ထားလျှင်ရော မျက်လုံးပြူးသေးလား၊ မှေးသွားလား သိချင်၍ပင်ဖြစ်သည်။

"ဘယ်တွေအဲ့လောက်ကြည့်နေတာလဲ hyung"

Chanyeol မနေတတ်တော့၍ထင်သည်။ ရယ်ကျဲကျဲနှင့် နောက်လှည့်ကြည့်လိုက် ၊ သူ့မျက်နှာသူပွတ်လိုက် လုပ်၍ မေးလာသည်။ အဲ့တော့မှ baekhyun လည်း စပ်စု.. .အဲ့ စူးစမ်းခြင်းအမှုကိုရပ်၍ စကားပြန်ဆက်လိုက်သည်။

"မင်းစာမလုပ်ဘူးလား chanyeol.. ဘယ်အချိန်တည်းကအဲ့မှာထိုင်ကြည့်နေတာလဲ"

"အာ..hyungကလည်း..ကျွန်တော်က hyungလို အတန်းကြီးမှမဟုတ်တာ.. စာကလည်းနည်းနည်းလေးရယ်.. အိပ်ခါနီးမှလုပ်လည်းဖြစ်တယ်။"

လက်တခါခါ ခြေတခါခါဖြင့် ဖြေရှင်းချက်ထုတ်လာသော chanyeol ကြောင့် baekhyunစိတ်ထဲ ခေါင်းခေါက်ချင်စိတ်ကတဖွားဖွား။
စာနည်းတာ၊ များတာဘာဆိုင်တာမို့လို့လဲ ဒီကောင်လေးတော့။

H Y U N Gजहाँ कहानियाँ रहती हैं। अभी खोजें